လာလာချင်း ဆောက်နဲ့ထွင်းသည် မြန်မာ စကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ပန်းပုထုလုပ်ရာ၌ ရှေးဦး ကြိုတင်ပြင်ဆင်လုပ်ဆောင်ဖွယ်တို့ကိုမျှ မလုပ်တော့ဘဲ လာလျှင်လာချင်း ဆောက်ကို ကိုင်၍ ထွင်းသည် ဆိုသကဲ့သို့ နိဒါန်းပင် မပျိုးတော့ဘဲ ကိုယ်လိုရာကိုသာ မထောက်မထား ပြုမှုပြောဆိုသည်။

"လူချင်း ခုမှ တွေ့ခါစဖြစ်သောကြောင့် လာလာချင်း ဆောက်နှင့်မထွင်း ထိုက်သေးသည်နှင့် အလိုက်သင့် စိတ်ကို ချုပ်တည်းနေလိုက်ရတော့၏။" [၁၃၀၁] ဒဂုန်၊ ၁၉၊ ၂၂၅။ ၈၈။

ကြောင်းတူသံကွဲ ပြင်ဆင်ရန်

  • ဝင်ဝင်ချင်း ဆောက်နှင့်ထွင်း

ကိုးကား ပြင်ဆင်ရန်