လာလီဆာ
လာလီဆာ မနိုဗန် (အင်္ဂလိပ်: Lalisa Manoban, ထိုင်း: ลลิษา มโนบาล) (၂၇ မတ် ၁၉၉၇ မွေးဖွား) သည် လီဆာ (အင်္ဂလိပ်: Lisa) ဟုလူသိများသော ထိုင်းနိုင်ငံသား ကေပေါ့ပ် အဆိုတော်၊ ရက်ပါ ၊ Dancer နှင့် မော်ဒယ် တစ်ဦးဖြစ်ပြီး တောင်ကိုရီးယားအခြေစိုက် YG အင်တာတိန်းမန့် လက်အောက်ရှိ မိန်းကလေးကေပေါ့ပ်အဆိုတော်အဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ [၂]
လီဆာ | |
---|---|
![]() | |
ဇာတိ အမည် | ลลิษา มโนบาล |
မွေးဖွား | Pranpriya Manoban မတ် ၂၇၊ ၁၉၉၇ ဘူရီရမ်ပြည်နယ် ထိုင်းနိုင်ငံ |
အလုပ်အကိုင် | အဆိုတော် ၊ မော်ဒယ် ၊ အက ၊ရက်ပါ |
ဂီတခရီးလမ်း | |
ဂီတဟန် | ကေပေါ့ပ် ၊ ဟစ်ဟော့ |
တူရိယာ | အဆို |
တက်ကြွသည့်နှစ်များ | ၂၀၁၆ - လက်ရှိ |
တေးသံသွင်း ကုမ္ပဏီ | YG Entertainment ၊ Interscope Records [၁] |
ပူးတွဲ ပါဝင်မှု | Blackpink ၊ YG Family |
လက်မှတ် | |
![]() |
ငယ်ဘဝနှင့်ပညာရေးပြင်ဆင်
ပရန်ပရီယာ မနိုဗန် ကို ၁၉၉၇ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌ ထိုင်း နိုင်ငံ ဘူရီရမ် ပြည်နယ် တွင် မွေးဖွားခဲ့သည်။ နောက်ပိုင်းတွင် ပရန်ပရီယာ မှ လာလီဆာ ဟု အမည်ပြောင်းလဲခဲ့သည် ။ လီဆာ သည် ထိုင်းလူမျိုး မိခင် နှင့် ဆွစ်လူမျိုး ပထွေး တို့၏ တဦးတည်းသော သမီး ဖြစ်သည်။ လီဆာ သည် အထက်တန်းပညာကို အမှတ် ၁ ၊ ၂ ပရာဖာမွန်ထရီး (အင်္ဂလိပ်: Praphamontree) ကျောင်းတွင် လေ့လာဆည်းပူးခဲ့သည်။
အနုပညာလုပ်ငန်းများပြင်ဆင်
၂၀၀၉ ခုနှစ် အစောပိုင်းကာလတွင် လာလီဆာသည် ကျောင်းကိုယ်စားပြု အနေဖြင့် မော်ရယ်လ် ပရိုမိုးရှင်းစင်တာ (Moral) မှဦးဆောင်ကျင်းပပြုလုပ်သော အဆိုပြိုင်ပွဲ တခု၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ လီဆာသည် To Be Number One အပါအဝင် အကပြိုင်ပွဲများစွာကိုလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ [၄] အဲနောက်မကြာမီ အဖွဲ့ဝင် ၁၁ ဦးဖြင့် ပါဝင်သော အကအဖွဲ့ We Zaa Cool တွင် ဝင်ရောက်ခဲ့သည်။ Got7 အဖွဲ့ဝင် Bam Bam သည်လည်း We Zaa Cool အဖွဲ့ဝင်ဖြစ်သည်။ [၅] ၂၀၁၀ ခုနှစ်တွင် လီဆာသည် YG အင်တာတိန်းမန့် မှ ထိုင်းနိုင်ငံတွင် ပြုလုပ်သော Audition သို့ဝင်ရောက်ခဲ့သည်။ ၂၀၁၁ ဧပြီတွင် လီဆာသည် YG Entertainment ၏ ပထမဦးဆုံး နိုင်ငံခြားသား ထရိန်နင်သင်တန်းသား (ထရိန်နီ Trainee) အဖြစ်တရားဝင် စတင်ခဲ့သည်။
လူနေမှုဘဝပြင်ဆင်
လီဆာသည် မိခင်ဘာသာ ထိုင်းစကား အပြင် အင်္ဂလိပ် ဘာသာ ၊ ကိုရီးယားဘာသာ တို့ကို ကျွမ်းကျင်စွာ ပြောနိုင်သည်။ ဂျပန် ဘာသာ ကိုလည်း အနည်းငယ်ပြောနိုင်သည်။ LISA သည် Instagram တွင် followers အများဆုံး Kpop Artist ဖြစ်သည်။ [၆]
ကိုးကားပြင်ဆင်
- ↑ Herman၊ Tamar။ "BLACKPINK Sign With Interscope Records & UMG in Global Partnership With YG Entertainment: Exclusive"၊ Billboard၊ October 22, 2018။
- ↑ BLACKPINK။ May 18, 2019 တွင် ပြန်စစ်ပြီး။
- ↑ Caspar Li။ "4 reasons why we love Lisa, BLACKPINK's youngest member"၊ South China Morning Post၊ March 27, 2019။ May 21, 2019 တွင် ပြန်စစ်ပြီး။
- ↑ 'LISA' YG New Girl Group : ลลิษา มโนบาล กับเรื่องราวที่เล่าโดยพี่สาวถ (in th) (July 4, 2019)။
- ↑ Gadong၊ Katreena (August 14, 2016)။ BLACKPINK Lisa Manoban and Got7 Bambam childhood friends?။ November 2, 2016 တွင် ပြန်စစ်ပြီး။
- ↑ Moon၊ Kat (4 April 2019)။ Everything to Know About K-Pop Group BLACKPINK။ Time။ 22 May 2019 တွင် ပြန်စစ်ပြီး။
ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |