ဂရိဒဏ္ဍာရီတွင် လားဘရင့်သ် (အင်္ဂလိပ်: Labyrinth; ဂရိ: Λαβύρινθος, Labýrinthos) သည် အသေးစိတ်လုပ်ကိုင်ထား၍ ရှုပ်ထွေးလှစွာသော အဆောက်အအုံတစ်ခုဖြစ်ကာ ခနောဆပ်စ်ဒေသကြီးမှ ခရီးတီဘုရင် မိုင်းနော့စ်အတွက် ထူးချွန်ပြောင်မြောက်သော လက်မှု/စက်မှု အတတ်ပညာရှင် ဒက်ဒါလပ်စ်က ပုံစံဖော် တည်ဆောက်ပေးခဲ့သည်။ လုပ်ဆောင်ချက်မှာ မစ်နာတော သတ္တဝါကို ထည့်ထားရန်ဖြစ်သည်။ မစ်နာတော်ကို သူရဲကောင်း သီးဆီးယပ်စ်က အဆုံးသတ်၌ သုတ်သင်နိုင်ခဲ့၏။ ဒက်ဒါလပ်စ်သည် ပရိယာရ်ဉာဏ်များစွာဖြင့် လားဘရင့်သ်အားပြုလုပ်ပြီးနောက် ၎င်းကိုယ်တိုင်ပင် လွတ်မြောက်ရန် အတော်ကြိုးစားခဲ့ရပေသည်။[၁]

ခနောဆော့စ်ဒေသမှ ငွေအကြွေစေ့တွင် ခုနှစ်ဆင့် ဂန္ထဝင်ခေတ် လားဘရင့်သ်တည်ဆောက်ပုံစံကို ပြသထားသည်။ ဘီစီ ၄၀၀
မစ်နာတော၏ လားဘရသ့်သ်ထဲတွင်ရောက်နေသော သီးဆီးယပ်စ်
ဂန္ထဝင် (သို့) ခရီးတီး ပုံစံ၊ ရှေးဟောင်းခေတ်၌ လူသိများသောပုံစံ

အစောပိုင်း ခရီးတီးဒေသ အကြွေစေ့များတွင် ရံခါ၌ လမ်းကြောင်းခွဲပုံစံများ (multicursal) ကို ဖော်ပြထားကြသော်လည်း[၂] လမ်းခွဲ (သို့) လမ်းပိတ် မပါဝင်ဘဲ လမ်းကြောင်း တစ်ကြောင်း (unicursal) ဖြင့် ခုနှစ်ဆင့်တည်ဆောက်ပုံ (ဂန္ထဝင်ပုံစံ) သည် ဘီစီ ၄၃၀ ခပ်စောစောဆီက အကြွေစေ့များ၌ပါဝင်သော လားဘရင့်သ်ပုံစံနှင့် ပို၍ ပတ်သက်ကြသည်။ (ထိုသို့သော ပုံစံမျိုး ယင်းခေတ် အကြွေစေ့များ၌ ပါဝင်ကြသည်။)[၃] လမ်းခွဲမပါသော ပုံစံများကို လားဘရင့်သ်အား အမြင်ပုံဖော်တင်ပြရာ၌ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ကြသည်။ သို့သော်လည်း စာပေနှင့် ယုတ္တိဗေဒဆိုင်ရာ ဖော်ပြရေးဆွဲချက်များ၌ မစ်နာတောသည် ရှုပ်ထွေး၍ လမ်းကြောင်းခွဲပါသော ဝင်္ကပါမျိုး၌ ပိတ်မိနေသည်။[၄] တည်ဆောက်မှုပုံစံများသည် ပို၍အသေးစိတ်ဖြစ်လာသော်တောင်မှ ဒဏ္ဍာရီလာ လားဘရင့်သ်ကို အမြင်ပုံဖော်ထားမှုများသည် ရောမခေတ်မှသည် ရီနေဆွန်းခေတ်မရောက်မချင်း အများအားဖြင့် ပြောင်းလဲမှုများ မရှိခဲ့ပေ။ ချံတန်းစည်းရိုး ဝင်္ကပါများ ရီနေဆွန်းခေတ်တွင် တွင်တွင်ကျယ်ကျယ် ရေပန်းစားလာသောအချိန်ရောက်မှသာလျှင် လမ်းခွဲပါသော ဝင်္ကပါမျကို ထပ်မံမိတ်ဆက်တင်ပြခဲ့ကြသည်။

ကိုးကား ပြင်ဆင်ရန်

=ကိုးကားအညွှန်း ပြင်ဆင်ရန်

  1. Doob 1992, p. 36
  2. Kern, Through the Labyrinth, 2000, item 43, p. 53.
  3. Kern, Through the Labyrinth, 2000, item 50, p. 54.
  4. Penelope Reed Doob, The Idea of the Labyrinth, pp. 40–41.

ကိုးကားရင်းမြစ် ပြင်ဆင်ရန်

  • Hermann Kern, Through the Labyrinth, ed. Robert Ferré and Jeff Saward, Prestel, 2000, ISBN 3-7913-2144-7. (This is an English translation of Kern's original German monograph Labyrinthe published by Prestel in 1982.)
  • Doob၊ Penelope Reed (1992)။ The Idea of the Labyrinth: from Classical Antiquity through the Middle Ages။ Ithaca: Cornell University Press။ ISBN 0-80142-393-7CS1 maint: ref=harv (link)