လိင်္ဂ
လိင်္ဂ သည် လေးပါး ရှိ၏။ သဗ္ဗညု ဗောဓိလောင်းတို့၏ တံခွန်ကြီး လေးပါး ဖြစ်သည်။ ဤတံခွန်ကြီးလေးပါးသည် သာဝကဗောဓိလောင်း၊ ပစ္စေကဗောဓိလောင်းတို့နှင့် မဆက်ဆံသော သဗ္ဗညုဗောဓိလောင်းတို့၏ တံခွန်ကြီး လေးပါး ဖြစ်သည်။[၁]
လိင်္ဂ ၄ - ပါး
ပြင်ဆင်ရန်လိင်္ဂသည် လေးပါးရှိ၏။ ၎င်းတို့မှာ - (က) ဣန္ဒြိယ၊
(ခ) ပဋိပတ္တိ၊
(ဂ) ကောသလ္လ၊
(ဃ) အဇ္ဈာသယ
တို့ ဖြစ်သည်။[၁]
(က) ဣန္ဒြိယ
ပြင်ဆင်ရန်သဒ္ဓါဖြစ်ခန်းဆိုက်လျှင် သဒ္ဓါတွန့်ခြင်းမရှိ၊ ဝီရိယဖြစ်ခန်းဆိုက်လျှင် ဝီရိယတွန့်ခြင်းမရှိ၊ သတိအရာဆိုက်လျှင် သတိတွန့်ခြင်းမရှိ၊ သမာဓိအရာဆိုက်လျှင် သမာဓိလှုပ်ရှားခြင်းမရှိ၊ ပညာအရာဆိုက်လျှင် ပညာတွန့်ခြင်းမရှိ။ ဤကဲ့သို့ ဣန္ဒြေငါးပါးတို့၏ ထက်သန်ခြင်းအထူးသည် "ဣန္ဒြိယ" မည်၏။[၁]
ဤအချက်ငါးပါးသည် "ဤသူကား သဗ္ဗညုတအလောင်းပေတည်း" ဟု သိရန် တံခွန်ဖြစ်၏။[၁]
(ခ) ပဋိပတ္တိ
ပြင်ဆင်ရန်ပစ္စုပ္ပန်အကျိုးစီးပွားကို အားထုတ်မှု၌လည်း မိမိ၏အကျိုးစီးပွားထက် သူတပါး၏ အကျိုးစီးပွားကို အထူးအချွန် အလွန်လိုလား၏။ သူတစ်ပါး၏ အကျိုးစီးပွားကို အားထုတ်ဆဲ အားထုတ်ပြီးတို့၌လည်း ထိုသူ၏ ကျေးဇူးတုံ့ကို မတောင့်တခြင်း၊ ကျေးဇူးကို မျက်မှောက်မျက်ကွယ် ဖော်ပြလိုသောစိတ်မှ စင်ကြယ်ခြင်း၊ ထိုသူသည် ကျေးဇူးကို ချေဖျက်၍ အန္တရာယ်ပင် ပြုသော်လည်း ကျေးဇူးမှုကို ချောမောအောင် ဆောင်ရွက်ခြင်းသည်လည်း ပစ္စုပ္ပန်အကျိုး၌ "ပဋိပတ္တိ" မည်၏။[၁]
ဒါန၊ သီလ စသော ကုသိုလ်မှုကို ပြုသည်ရှိသော် ကုသိုလ်အကျိုးကို တောင့်တခြင်၊း မိမိကျွတ်လွတ်ရန် နိဗ္ဗာန်မဂ်ဖိုလ်ကို တောင့်တခြင်းတို့မှ လွတ်ကင်း၍ သတ္တဝါအများကို ကယ်ဆယ်နိုင်ရန် သဗ္ဗညုတဉာဏ်ကိုသာ တောင့်တခြင်းသည် တမလွန်အကျိုး၌ "ပဋိပတ္တိ" မည်၏။[၁]
ဤပဋိပတ္တိမှုသည်လည်း "ဤသူကား သဗ္ဗညုတအလောင်းပေတည်း" ဟု သိရန် တံခွန်ဖြစ်၏။[၁]
(ဂ) ကောသလ္လ
ပြင်ဆင်ရန်ကောသလ္လဆိုသည်မှာ ဆိုက်တိုက်လာသမျှသော အခွင့်ပြီးစီးရန် လမ်းမှန်ကို လျင်မြန်စွာ သိနိုင်သော "စိန္တာမယဉာဏ် တင်္ခဏုပ္ပတ္တိဉာဏ်" ဖြစ်သည်။ သာဝကလောင်း ပစ္စေကလောင်းတို့သည်လည်း မိမိတို့အားလျော်စွာ စိန္တာမယ တင်္ခဏုပ္ပတ္တိ ရှိကောင်းရှိရာ ရှိကြပါကုန်သော်လည်း ချော်ချွတ်သည်သာ များကုန်၏။ ဘုရားအလောင်းတို့၏ စိန္တာမယ တင်္ခဏုပ္ပတ္တိဉာဏ်မှာ ချော်ချွတ်သည် မရှိနိုင်ပေ။[၁]
ဤကောသလ္လသည်လည်း တံခွန်တစ်ပါး ဖြစ်ပေသည်။[၁]
(ဃ) အဇ္ဈာသယ
ပြင်ဆင်ရန်အဇ္ဈာသယကို ပါရမီဆယ်ပါးနှင့် ချဲ့၍ ကျမ်းဂန်တွင် အကျယ်ပြထား၏။ ဤတွင်မူ အကျဉ်းမျှသာ ပြဆိုမည်။[၁]
အလှူဒါန၌ အလွန်မွေ့လျော်၏။ အလှူဝတ္ထုရှိလျက် မလှူရလျှင် မနေတတ်ရှိ၏။ လှူသောအခါတွင် ရွှင်လန်းသောစိတ်၊ အရိုအသေ အလေးဂရုပြုသောစိတ် အမြဲတည်၏။ ဘယ်မျှလောက် အကြီးအကျယ်လှူရသော်လည်း လှူမှု၌ အားရသည်ဟူ၍ မရှိ၊ အလှူခံပုဂ္ဂိုလ်လိုအပ်သော ဝတ္ထုသည် မိမိမှာရှိခဲ့အံ့ အလှူခံပုဂ္ဂိုလ်၏ မျက်နှာကြိုကြည့်၍ တိုင်းတာခြင်းလည်းမရှိ၊ မိမိသုံးဆောင်ရန်ကို မျှော်၍ တိုင်းတာခြင်းလည်းမရှိ၊ အလှူခံပုဂ္ဂိုလ်၏ အလိုဆန္ဒကို ဖြည့်စွမ်းလိုသော စိတ်တစ်ခုသာ ရှိ၏။ ဤသို့ စသော အလှူခံပုဂ္ဂိုလ် အယုတ်၊ အလတ်၊ အမြတ်တို့၌ ပုဂ္ဂိုလ်ကို ကြည့်၍ အနည်းအများတိုင်းတာခြင်း မရှိ၊ အကောင်းအညံ့တိုင်းတာခြင်းမရှိပေ။ ဤသည်မှာ ဒါနမှုနှင့် စပ်၍ "ဤသူကား သဗ္ဗညုတအလောင်းပေတည်း" ဟု သိရန် တံခွန်ဖြစ်၏။[၁]