အရေမရှိသော[] (ဝါ) မထင်ရှားသော အရေရှိသောမင်း၊ (ဝါ)အချင်းချင်း ကပ်ငြိသောအရေရှိသောမင်း)။ []

မိဖုရားကြီး သားတစ်ကိုဖွားခြင်း

ပြင်ဆင်ရန်

ထိုလိစ္ဆဝီမင်းတို့၏ အရင်းမူလ နွယ်ဝံသကား တစ်ရံရောအခါ ဗာရာဏသီမင်း၏ မိဖုရားကြီးဝမ်း၌ ကိန်းပိုက် သန္ဓေတည်နေသဖြင့် မိဖုရားကြီးသည် မိမိဝမ်း၌ ကိန်းပိုက် သန္ဓေတည်နေသည်ကို သိ၍ မင်းကြီးအား သံတော်ဦးတင်သည်။ ထိုအခါ မင်းကြီးက ကိုယ်ဝန်ကို စောင့်ရှောက်တတ်သော အခြံအရံကို ပေးသည်၊ ထိုမိဖုရားကြီးသည် ကိုယ်ဝန်ရင့်သောအခါ သားဖွားခန်းသို့ ဝင်လေသည်။ ဘုန်းရှိသော မိန်းမတို့သည် မိုးသောက်ထနီး လင်းအားကြီး အချိန်၌ သားဖွားကြသည်။ ထိုမိဖုရားကြီးသည်လည်း မိုးသောက်ထ လင်းအားကြီးအချိန်၌ ချိပ်လွှာ မိုးစွေပန်းတို့နှင့် တူသော သားတစ်ကို ဖွားမြင်လေသည်။ ထို့နောက် “တစ်ပါးသော မိဖုရားတို့သည် ရွှေဆင်းတုနှင့်တူသော သားတို့ကို ဖွားမြင်ကြသည်။ မိဖုရားကြီးကား သားကိုမဖွား, သားတစ်ကိုဖွား၏ဟု မင်းကြီးရှေ့တော်၌ ငါ့အား ကဲ့ရဲကုန်ရာ၏ “ဟု ကြံစည်တွေးတော၍ ကဲ့ရဲ့အံ့သည်မှ ကြောက်သောကြောင့် ထိုသားတစ်ကို အိုးတစ်လုံး၌ ထည့်၍ ပိတ်ပြီးလျှင် အိုး၌ ရွှေပေကို ဆေးဒါန်းမြင်းသီလာစစ်ဖြင့် “ဗာရာဏသီမင်း မိဖုရားကြီး၏ သားတော်တည်းဟု”မင်းတံဆိပ်နှိပ်လျက် ဂင်္ဂါမြစ်ရေ အလျဉ်၌ ပစ်ချစေသည်။

ရှင်ရသေ့ စောင့်ရှောက်ခြင်း

ပြင်ဆင်ရန်

ထိုအိုးသည် လူတို့ လက်မှ စွန့်လွှတ်ကာမျှ၌ နတ်တို့ စောင့်ရှောက်အပ်သည်ဖြစ်၍ ဘေးရန်အနှောက်အရှက် မရှိဘဲ ဂင်္ဂါရေအလျဉ်ဖြင့် မျောသွားလေသည်။ ထိုအခါ နွားကျောင်းရွာကိုမှီ၍ ဂင်္ဂါမြစ်နား၌ နေသော ရှင်ရသေ့သည် နံနက်စောစော ဂင်္ဂါမြစ်သို့ သက်ဆင်းသည်ရှိသော် ထိုအိုးကိုမြင်၍ ပံ့သကူ အမှတ်ဖြင့် ဆယ်ယူပြီ အိုး၌ အက္ခရာဖြင့် ရေးအပ်သော ရွှေပေလွှာနှင့် မင်းတံဆိပ်တံဆိပ်ကိုမြင်၍ ဖြေကြည့်ရာ ထိုသားတစ်ကို တွေ့ မြင်ရလေသည်။

ထိုအခါ “ဤဝတ္ထုသည် ကိုယ်ဝန်သား ဖြစ်တန်ရာ၏”ဟု ကြံပြီးလျှင် ကျောင်းသို့ ယူဆောင်၍ သန့်ရှင်းစင်ကြယ်သော နေရာ၌ ထားလေသည်၊ လခွဲလွန်သောအခါ သားတစ်နှစ်ခု ဖြစ်လာကြသည်၊ ရှင်ရသေ့သည် ထိုအခြင်းအရာကို မြင်၍ ကောင်းသည် ထက် ကောင်းမွန်စွာ စောင့်ရှောက်ထားလေသည်၊ နောက်တဖန် လခွဲလွန်ပြန်လျှင် တစ်ခု တစ်ခုသော သားတစ်၌ လက်, ခြေ, ဦးခေါင်း ဖြစ်ရန် အဖုငါးခု = ခက်မငါးဖြာ ထင်ရှားဖြစ် ပေါ်ကြသည်၊ ထို့နောက် လခွဲလွန်ပြန်လျှင် သားတစ်တစ်ခုသည် ရွှေအဆင်းနှင့် တူသော သတို့သားငယ် ဖြစ်၍ သားတစ် တစ်ခုမှာမူ သတို့သမီးငယ် ဖြစ်လာလေသည်၊

လိစ္ဆဝိ အမျိုး ဖြစ်ပေါ်လာပုံ

ပြင်ဆင်ရန်

ထိုမင်းသား မင်းသမီးငယ်တို့ အပေါ်၌ သားသမီးရင်းပမာ ချစ်ခြင်းမေတ္တာ ဖြစ်ပေါ် လာလေသောကြောင့် ရှင်ရသေ့၏ လက်ညှိုးမှ နို့ရည်ထွက်လာလေသည်၊ ထိုအခါမှစ၍ ထိုမင်းသား မင်းသမီးငယ်တို့အတွက် နို့ရည်ဆွမ်း လွယ်လင့်တကူ ရရှိလေသည်။ ထိုရှင်ရသေ့သည် ဆွမ်းစားပြီးလျင် သူငယ်တို့ ခံတွင်း၌ လက်ညှိုးဖြင့် နို့ရည်ကို သွင်းလေသည်။ သူငယ်တို့ အရေအဆင်း ကြည်လင် သန့်ရှင်းမှုကြောင့် ထိုသူငယ်တို့ ဝမ်းတွင်းသို့ စားမျို၍ ဝင်တိုင်းသော အစာအာဟာရတို့သည် ပတ္တမြားအိုး၌ ထည့်ထားသကဲ့သို့ ထင်မြင်ရသည့်အတွက် အရေမရှိသကဲ့သို့ ဖြစ်သောကြောင့်လည်းကောင်း, ချုပ်၍ထားအပ်ကုန်သကဲ့သို့ ထိုသူငယ်တို့အား အချင်းချင်း ကပ်ငြိသော အရေရှိသောကြောင့် လည်းကောင်း “လိစ္ဆဝိ”ဟူသော-အမည်–အမျိုး—ထင်ရှား ဖြစ်လာလေသည်။ ([]

တာဝတိံသာနတ်နှင့် တူသူ

ပြင်ဆင်ရန်

ထိုလိစ္ဆဝိ အမျိုးအနွယ်သည် အရေအဆင်း သန့်ရှင်းစင်ကြယ် တောက်ပ၍ တာဝတိံသာ နတ်တမျှ လှပရကား ဘုရားရှင် ကိုယ်တော်မြတ်က “တာဝတိံသာနတ် မမြင်ဖူးသော ရဟန်းတို့သည် လိစ္ဆဝိ ပရိသတ်ကို ကြည့်ကြ”ဟု မိန့်တော်မူသည်။ []

ရသေ့ကြီးသည် ကလေးငယ်တို့ကို ကျွေးမွေးနေရ၍ နေမြင့်မှ ဆွမ်းခံဝင်နိုင်သည်။ ထိုရသေ့ကြီး ကြောင့်ကြ ဗျာပါရ ဖြစ်နေသည်ကို ရွာသားများသိ၍ ကလေးငယ်တို့ကို မွေးမြူခွင့် တောင်းလေသည်။ ထိုအခါ ရသေ့ကြီးသည် “ကလေးငယ်တို့သည် ဘုန်းကံကြီးသူများ ဖြစ်ကြ၍၊ ကောင်း မွန်စွာ မွေးမြူပြီး အရွယ်ရောက်သည့်အခါ အချင်းချင်း လက်ထပ်ထိမ်းမြားပေးလျက် မင်းကြီးကို နွားနို့အရသာ ငါးပါးတို့ဖြင့် နှစ်သိမ့်စေ၍ မြေနေရာတောင်းပြီး မြို့ပြည်ထောင်ကာ မင်းအဖြစ် တင်မြှောက်ကြ”ဟု မှာကြား၍ ပေးလိုက်လေသည်။

ဝဇ္ဇီတိုင်း ဖြစ်ပေါ်လာပုံ

ပြင်ဆင်ရန်

ကလေးငယ်တို့ ကစားနိုင်သည့် အရွယ်သို့ ရောက်သည်ရှိသော် တစ်ပါးသော ကလေးငယ်တို့နှင့် ခိုက်ရန်ဖြစ်သည့်အခါ လက်, ခြေဖြင့် ပုတ်ခတ် ကြသဖြင့် တစ်ပါးသောကလေးတို့သည် ငိုယိုပြီး မိဘများကို တိုင်ပြောကြသောအခါ ကလေးရှင်မိဘတို့က “ဤကလေးတို့ကို မချီးမြှောက်သင့်၊ ရှောင်ကြဉ်အပ်ကုန်၏”ဟု ပြောဆိုကြသည်။ ထိုစကားကို စွဲ၍ ဝဇ္ဇီ(= ရှောင်ကြဉ်ထိုက်သူ)ဟု အမည်တွင်လေသည်။ ထိုအခါမှစ၍ ထိုသူတို့နေထိုင်ရာ ယူဇနာ(၁၄၀)ရှိသည့် အရပ်ဒေသသည်လည်း ဌာနျူပစာအားဖြင့် “ဝဇ္ဇီတိုင်း”ဟု ခေါ်တွင်လေသည်။

ဝေသာလီ ဖြစ်ပေါ်လာပုံ

ပြင်ဆင်ရန်

ထိုကလေးများ ၁၆-နှစ် အရွယ်သို့ ရောက်ကြသည့်အခါ အချင်းချင်း လက်ထပ်ပေးပြီး မင်းထံမှ ထိုအရပ်ကို တောင်း၍ “တိုင်းတစ်ပါးမှ သတို့သမီးတို့ကို မဆောင်ပါ၊ ဤတိုင်းပြည်မှ သတို့သမီးတို့ကိုလည်း မည်သည့်မင်းမျှ မပေးပါ”ဟု ကတိကဝတ်ပြုကာ မင်းအဖြစ် တင်မြှောက်ကြသည်။ ထိုသူ နှစ်ယောက်တို့၏ ရှေးဦးစွာ ပေါင်းဖော်ခြင်းကြောင့် သားတစ်ယောက် သမီးတစ်ယောက် အမြွှာမွေးဖွားလေသည်။ ဤသို့ ၁၆-ကြိမ် အမြွှာမွေးဖွားသောအခါ ၃၂-ယောက်သော သားတော် သမီးတော်တို့ ဖြစ်လာကြသည်။ ထိုသားသမီးတို့အား အာရာမ်ဥယျာဉ်, နေရာအရပ်နှင့် အခြံအရံ, စည်းစိမ်တို့ကို ပေးဖို့ရန်မြို့နေရာ မလောက်၍ ၃-ကြိမ်တိုင်တိုင် တစ်ဂါဝုတ်ခြား တစ်ဂါဝုတ်ခြား မြို့ကိုချဲ့ရသောကြောင့် “ဝေသာလီ”ဟု ခေါ်တွင်ကြပြန်သည်။ ဤသို့ ဝဇ္ဇီ, လိစ္ဆဝီ, ဝေသာလီ-ဟု အမည်(၃) မျိုး ရလေသည်။ [] []

  1. လိစ္ဆဝိ (ပု) [နိ+ဆဝိ။ လိနာ+ဆဝိ။ လီနာ အပါကဋာ ဆဝိယော ယေသံ တေ လိစ္ဆဝိနော။ ဓာန်၊ဋီ၊၃၃၆။ လိစ္ဆဝိ-သံ။ လိစ္ဆဝိ = လိတ္တဝိ-သက္ကတပိဋက။ လိစ္ဆဝိ၊ လေစ္ဆဣ၊ လေစ္ဆကိ-ပြ။ လေစ္ဆဣ— အဒ္ဓမာဂဓီ။] လိစ္ဆဝီမင်း
  2. မာ နော အပုတ္တကံ သာပတေယျံ လိစ္ဆဝိယော အတိတရာပေသုန္တိ။ ဝိ၊၁၊၂၀။ ဩဋ္ဌဒ္ဓေါပိ လိစ္ဆဝီ မဟတိယာ လိစ္ဆဝိပရိသာယ သဒ္ဓိံ ...တေနုပသင်္ကမိ။ ဒီ၊၁၊၁၄၄။ အထခေါ တေ လိစ္ဆဝီ မဂ္ဂေ ပုရိသံ ဌပေသုံ။ အံ၊၂၊၁၄၉။ တေသံ ဥဒရံ ယံယံ ပဝိသတိ၊ တံတံ သဗ္ဗံ မဏိဘာဇနာတံ ဝိယ ဒိဿတိ၊ ဧဝံ နိစ္ဆဝီ အဟေသုံ။ အပရေ အာဟု“သိဗ္ဗေတွာ ဌပိတာ ဝိယ နေသံ အညမညံ လီနာ ဆဝိ အဟောသီ”တိ ဧဝံ တေ နိစ္ဆဝိတာယ ဝါ လီနစ္ဆဝိတာယဝါ လိစ္ဆဝီတိ ပညာယိံသု။ မ၊ဋ္ဌ၊၁၊၃၂၆။ ခုဒ္ဒက၊ဋ္ဌ၊၁၃၄။ (ဝိ၊၂၊၂၉၀-ဝိ၊ဋ္ဌ၊၃၊၆။ ဒီ၊၂၊၈၂-၃။ ဒီ၊၃၊၁၂-၄။ မ၊၁၊၂၉၀၊ သံ၊၁၊၂၃၁။ အံ၊၁၊၂၂၀၊ ၅၁၁။ ဝိ၊ဋ္ဌ၊၁၊၁၇၈။ ဝိ၊ဋ္ဌ၊၂၊၁ဝ၁။ ဝိ၊ဋ္ဌ၊၃၊၁၄၃။ ဒီ၊ဋ္ဌ၊၂၊၁၂။ အံ၊ဋ္ဌ၊၁၊၄။ ဓမ္မ၊ဋ္ဌ၊၁၊၁၆၇။ ဓမ္မ၊ဋ္ဌ၊၂၊၈၃)။
  3. မ၊ဋ္ဌ၊၁၊၃၂၅-၆။ သာရတ္ထ၊၂၊၁၆၉-၇၀)။
  4. (ဝိ၊၃၊၃၂၆-၇။ ဒီ၊၂၊၈၂–၃။ ဝိ၊ဋ္ဌ၊၃၊၃၇၈။ ဒီ၊ဋ္ဌ၊၁၊၂၇၆။ ဒီ၊ဋ္ဌ၊၂၊၁၃၅။ ဓမ္မ၊ဋ္ဌ၊၂၊၁၈၂။ သာရတ္ထ၊၃၊၃၂၁-၂။ သီ၊ဋီ၊သစ်၊၂၊၃၃၁။ ဒီ၊ဋီ၊၂၊၁၄၃-၄)။
  5. (မ၊ဋ္ဌ၊၁၊၃၂၅-၇။ ခုဒ္ဒက၊ဋ္ဌ၊၁၃၃-၅။ ဥဒါန၊ဋ္ဌ၊၁၆၄။ သုတ္တနိ၊ဋ္ဌ၊၁၊၂၆၃-၅။ သာရတ္ထ၊၂၊၁၆၉-၇၂)။
  6. တိပိဋကအဘိဓာန် အတွဲ-၁၈