လိပ်ပြာကဲ့သို့ (ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ)

၂၀၂၁ခုနှစ် ​တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ

Navillera (အခြားအမည်:Like a Butterfly)သည် တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်သည်။ ပတ်အင်ဟွမ်၊ ဆုန်းဂန်၊ နာမွန်ဟီး တို့က အဓိကသရုပ်ဆောင်ထားကာ ၂၀၂၁ခုနှစ် မတ်လ ၂၂ရက်မှ ဧပြီ ၂၇ရက်နေ့အထိ tvN ရုပ်သံမှ ထုတ်လွှင့်ခဲ့သည်။ ထို့အပြင် နက်ဖလစ် မှလည်း ကြည့်ရှုနိုင်ခဲ့သည်။ ကိုယ်စီအခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေရသော (၂၃)နှစ်အရွယ် လူငယ်လေးနှင့် အသက် (၇၀)အရွယ် အဘိုးကြီးတို့၏ ပန်းတိုင်သို့ အရောက်သွားကြပုံကို ရိုက်ကူးထားသည်။

Navillera
ရုပ်ရှင်ပိုစတာ
အမျိုးအစားဒရမ်မာ
ဖန်တီးသူChoe Gyeong-suk
ရေးသားသူLee Eun-mi
ဒါရိုက်တာHan Dong-hwa
သရုပ်ဆောင်
နိုင်ငံ တောင်ကိုရီးယား
ဘာသာစကားကိုရီးယားဘာသာစကား
အပိုင်းပေါင်း၁၂
ထုတ်လုပ်မှု
တည်းဖြတ်သူTwin Peaks
ပြသချိန်၆၁ – ၇၀ မိနစ်
ထုတ်လုပ်သည့် ကုမ္ပဏီtvN၊ နက်ဖလစ်[၁]
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းtvN
ရုပ်ပုံအမျိုးအစား1080i (HDTV)
မူလပြသမှုမတ် ၂၂၊ ၂၀၂၁ (၂၀၂၁-၀၃-၂၂) – ဧပြီ ၂၇၊ ၂၀၂၁ (၂၀၂၁-၀၄-၂၇)
ပြင်ပလင့်(ခ်)များ
ဝက်ဘ်ဆိုဒ်
ထုတ်လုပ်မှု ဝက်ဘ်ဆိုဒ်

အနှစ်ချုပ် ပြင်ဆင်ရန်

ငယ်စဉ်ကတည်းက ဘဲလေးအကကို သင်ကြားချင်ခဲ့သော်လည်း အခြေအနေအရ မသင်ခဲ့ရဘဲ စာပို့သမားဖြစ်ခဲ့ရသော အသက် (၇၀)အရွယ် အဘိုးအို ရှင်းဒေါ့ချွန်းသည် အလုပ်မှပင်စင်ယူပြီးနောက် ဘဝတစ်လျှောက်လုံး သင်ယူလိုခဲ့သည့် ဘဲလေးပညာသင်ယူရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ဘဲလေးသင်တန်းကျောင်းတွင် အသက်(၂၃)နှစ်အရွယ် အီချယ်ရို့နှင့် တွေ့ခဲ့သည်။

အီချယ်ရို့သည် ငယ်စဉ်ကပင် မိခင်ဖြစ်သူ ဘဲလေးအကမယ် ဆုံးပါးသွားပြီး ဖခင်ဖြစ်သူ ဘောလုံးနည်းပြနှင့် နေထိုင်ခဲ့ရသည်။ အခြားအားကစားများကို ကြိုးစားခဲ့သော်လည်း သူသည် ဘဲလေးကခြင်းကိုသာ နှစ်သက်ခဲ့သည်။ ဖခင်ဖြစ်သူမှာ သင်တန်းသားအား ကိုယ်ထိလက်ရောက် အပြစ်ပေးမှုဖြင့် ထောင်ကျခဲ့ရာ အီချယ်ရို့၏ ဘဝသည် ရုန်းကန်ခဲ့ရသည်။ ငွေကြေးပြဿနာကြောင့် သူ၏အိပ်မက်ကို စွန့်လွှတ်ရတော့မည့်အခြေအနေတွင် ရှင်းဒေါ့ချွန်းနှင့်တွေ့ပြီး စိတ်ပြောင်းသွားခဲ့ရသည်။

သားသမီးရေးများနှင့် စိတ်ရှုပ်မှုများကြားမှ ရှင်းဒေါ့ချွန်းသည် ၎င်း၏ အသက်အရွယ်ကို မမှုဘဲ မိသားစုဝင်များမသိရန် တိတ်တဆိတ်လေ့ကျင့်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် မယ်လ်ဇိုင်းမားရောဂါကို ရင်ဆိုင်လာခဲ့ရပြီး မိသားစုဝင်များ၏ ကန့်ကွက်ခြင်းကိုပါ ခံခဲ့ရသည်။ သို့သော် အဆုံးတွင် အခက်အခဲများကြားမှ အဘိုးကြီး ရှင်းဒေါ့ချွန်းနှင့် လူငယ်လေး အီချယ်ရို့တို့သည် ပရိသတ်များအား ဖျော်ဖြေနိုင်ခဲ့သည်။

ရိုက်ကူးခြင်း ပြင်ဆင်ရန်

  • ပတ်အင်ဟွမ် — ရှင်းဒေါ့ချွန်း
  • ဆုန်းဂန် — အီချယ်ရို့
  • နာမွန်ဟီး — ချွဲဟီနမ်

ကိုးကား ပြင်ဆင်ရန်

  1. Insider၊ Meaghan Darwish, TV။ What's Coming to Netflix This March, From Amy Poehler in 'Moxie' to Michelle Obama's 'Waffles + Mochi'။ 26 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 March 2022 တွင် ပြန်စစ်ပြီး။