လိုဂိပိကန်
လိုဂိပိကန် သည် ကင်ညာနိုင်ငံတွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ ကင်ညာမြောက်ပိုင်းမြေနိမ့်ဒေသ၏ ဆုဂုတလွင်ပြင်တွင်၏ မြောက်ဘက်ဆုံးနေရာတွင်တွင်တည်ရှိသည့် အယ်ကာလိုင်းကန်တစ်ခု ဖြစ်သည်။ ဤကန်သည် တာကနကန်မှ ကွဲထွက်နေသည်။ ဤကန်နှစ်ခုသည် ၁၉ ရာစုနောက်ပိုင်း ၂၀ ရာစုအစောပိုင်းတွင် သက်တမ်းငယ်သည့် မီးတောင်အစုများ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာခဲ့သည်။ ကန်၏ အမြင့်ဆုံးအနက်သည် ၃ မီတာမှ ၅ မီတာအထိ ရှိသည်။ ကန်သည် အကျယ် ၆ မီတာခန့်၊ အရှည် ၃ ကီလိုမီတာ ရှိသည်။ ကန်၏ ရေသည် ဆိုဒီယမ်ကာဗွန်နိတ်များပါဝင်နေပြီး ရေ၏ pH အဆင့်သည် ၉.၅ - ၁၀.၅ အထိ ရှိသည်။ လုံးဝပျော်ဝင်နေသည့်ဆားသည် 20 g/l (တစ်လီတာလျှင် ၂၀ ဂရမ်) မှသည် 50 g/l (တစ်လီတာလျှင် ၅၀ ဂရမ်) အထိ အမျိုးမျိုး ပြောင်းလဲနေသည်။ [၁][၂]
လိုဂိပိကန် | |
---|---|
ကိုဩဒိနိတ် | 2°14′N 36°34′E / 2.233°N 36.567°Eကိုဩဒိနိတ်: 2°14′N 36°34′E / 2.233°N 36.567°E |
ပင်မ ရေဝင်စီးကြောင်း | hot springs |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Kenya |
အကျယ်ဆုံး အလျား | ၆ km (၃.၇ mi) |
အကျယ်ဆုံး အနံ | ၃ km (၁.၉ mi) |
အနက်ဆုံး အနက်အရှိုင်း | ၃–၅ m (၉.၈–၁၆.၄ ft) |
ကိုးကား
ပြင်ဆင်ရန်- ↑ Mathea၊ Chege David (November 1, 2009)။ OUR LAKES, OUR FUTURE။ International Lake Environment Committee Foundation။ 26 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2021 တွင် ပြန်စစ်ပြီး။
- ↑ Harper၊ David M.; Tebbs၊ Emma; Bell၊ Olivia; Robinson၊ Victoria J. (2016)၊ "Conservation and Management of East Africa's Soda Lakes"၊ Soda Lakes of East Africa၊ Springer International Publishing၊ pp. 345–364၊ doi:10.1007/978-3-319-28622-8_14၊ ISBN 978-3-319-28620-4