ပထမ ပုံနှပ်စက်ပေါ်ပေါက်ပြီး နှစ်ပေါင်း ၅ဝ ခန့်ကြာသည့်တိုင်အောင် စာစီသမားသည် ပုံနှိပ်စာလုံးများကို တစ်လုံး ချင်းသာ စီပေးရသဖြင့် အချိန်များစွာကုန်ခဲ့ရ၏။ သို့သော် နောင်အခါ ပုံနှိပ်စာလုံးများကို လက်အစား စက်နှင့်လျင်မြန်သေသပ်စွာ စီပေးနိုင်သော စက်မျိုး ပေါ်ပေါက်လာပြီးလျှင် ကမ္ဘာအနှံ့မှာပင် ယခုအခါ အများအစား အသုံးချလျက်ရှိပေပြီ။ လိုင်နိုတိုက်နှင့် မိုနိုတိုက်ဟူ၍ စက်နှစ်မျိုးရှိရာတွင် အထူးသဖြင့် ခေတ်မီသတင်းစာ တိုက်ကြီးများ၌ လိုင်နိုတိုက်ကို အသုံးပြုကြ သည်။ လိုင်နိုတိုက်တွင် လက်နှိပ်စက်မှာကဲ့သို့ အက္ခရာနှိပ်သော ခလုတ် များပါရှိ၍ အလိုရှိသောစာများကို တစ်ကြောင်းချင်း စီပေးနိုင်သည်။ စာကြောင်း ကို အဂ‡လိပ်လိုလိုင်းဟု ခေါ်သဖြင့် စာတစ်ကြောင်းချင်းစီနိုင်သော ဤစက်ကို လိုင်နိုတိုက်ဟုခေါ်ခြင်းဖြစ်သည်။ နိုင်ငံကြီးများရှိ အချို့သောသတင်းစာတိုက်ကြီးများတွင် လိုင်နို တိုက်ပေါင်း လေးငါးဆယ်ထက်မနည်း အသုံးပြုလျက်ရှိ၍ အချို့စက်များ တွင် မိန်းမများပင် ဝင်ရောက်လုပ်ကိုင်နေ သည်ကို တွေ့ရလေသည်။ လိုင်နိုတိုက်စက်ရှိစာလုံးများကို ပြောင်းလဲပေးခြင်းဖြင့် အခြားဘာသာစာပေများကို လည်း စီနိုင်လေသည်။


လိုင်နိုတိုက်ကို စတင်တီထွင်သူမှာ အော့တမားမာဂင်သေလာ ဖြစ်သည်။ သူသည် အစက နာရီပြလုပ်သူတစ်ဦးဖြစ်ခဲ့၍ အသက် ၁၈ နှစ် အရွယ်၌ ဂျာမနီနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်သည်။ လိုင်နိုစက်ဖြင့် စာစီရန်လွယ်ကူသလောက် လိုင်နိုတိုက်စက် အတွင်း၌ အစိတ်အပိုင်းများကို အလွန်ရှုပ်ထွေးစွာ တပ်ဆင်ထားသည်။ ထိုကြောင့် ထိုစက် ဖြစ်မြောက်အောင် အလွန်ခက်ခဲစွာ ကြံစည်ကြိုးစား ခဲ့ကြောင်းသိနိုင်ပေသည်။ မာဂင်သေလာသည် နှစ်ပေါင်းများစွာ တစ်ပင် တစ်ပန်းကြံစည် စိတ်ကူးရပြီး နောက် ၁၈၈၆ ခုနှစ်သို့ရောက်မှ စာစီနိုင်သည့် စက်တစ်လုံးကို တီထွင်နိုင် သောအခြေသို့ ရောက်ခဲ့ပေသည်။ သူ၏စက်ကိုတစ်ဖန် နောက်နှစ်များတွင် အခြားသိပ္ပံပညာရှင်များက ကောင်းသည်ထက်ကောင်းအောင် တဖြည်းဖြည်း ထပ်မံပြုပြင်လာခဲ့ရာ ယခုအခါ လိုင်နိုတိုက်ကို ကမ္ဘာတွင်မရှိမဖြစ်သည့် စက်တစ်ခုအနေဖြင့် အသိအမှတ်ပြု၍နေကြရပေပြီ၊ ယခုခေတ် လိုင်နိုတိုက် ဖြင့် တစ်နာရီလျှင် ပုံနှိပ်စာလုံးပေါင်း ၁၂ဝဝ မျှ စီနိုင်လေသည်။


လိုင်နိုတိုက်၏ အပေါ်ဘက်၌ မေးထရစ်ခေါ် စာလုံးပုံစံများထားရှိ သော မဂ္ဂဇင်းဟု ခေါ်သည့် အိမ်တစ်ခုရှိသည် အလိုရှိသော အက္ခရာအလိုက် လက်နှိပ်ခလုတ်ကို နှိပ်လိုက်သောအခါ ထိုမဂ္ဂဇင်း အိမ်ထဲမှ စာလုံးပုံစံသည် စက်၏ အောက်ဘက်သို့ ဆင်းလာသည်။ စာတစ်လုံးနှင့်တစ်လုံးကြားတွင် ခံသော ကြားခံတုံးကလေးများကိုလည်း လက်နှိပ် ခလုတ်ဖြင့် ထည့်ပေးနိုင်သည်။ စာတစ်ကြောင်းပြည့်၍ ခလုတ်ကိုနှိပ်ပေးသောအခါ အဆိုပါ စာတစ် တန်းလုံးသည် ထိုစက်မှာပင် တပ်ဆင်ထားသည့်ပုံသွန်း စက်ထဲသို့ ရောက်သွားသည်။ ထိုအခါ ပုံသွန်းစက်ကစာ လုံးပုံများထင်နေသော စာတစ်ကြောင်း စာမျှလောက်ကို တစ်ခဏအတွင်း ပုံသွန်းပြုလုပ်ပေးသည်။ ထိုစာတစ်တန်းစာရှိသော စာလုံးပုံ ဘလောက်ကို အခြားကိရိယာများက အထူအပါးညီအောင် ညိ|ပေးပြီးသောအခါ စာစီခွက်ထဲသို့ရောက်လာပြန်သည်။


အက္ခရာ တစ်လုံးနှင်တစ်လုံးကြားတွင်ဖြစ်စေ၊ စာတစ်လုံးနှင့် တစ်လုံးကြားတွင်ဖြစ်စေ ကြားခံတုံးကလေးများထည့် ပေးရသည့် အလုပ်မှာ လက်နှင့်စာစီရာမှာကဲ့သို့ မလွယ်ကူပေ။ စာတစ်ကြောင်းပြည့်အောင် အံ ကိုက်ဖြစ်သော ကြားခံတုံးထည့်ပေးသည့် နည်းကို ဂျွန်အာရော့ဂျား ဆိုသူ အမေရိကန်လူမျိုးတစ်ဦးက တီထွင်နိုင်ခဲ့၍ သူ၏နည်းတွင် အောက်ဘက်ထူ၍ အထက်သို့ရှူးသွားသော သံမဏိပြားကလေးများကို လိုသောကြားနေရာတွင် ရိုက်သွင်းပေးလေသည်။ လိုင်နိုတိုက်စက်မှ စာတစ်ကြောင်းစီ ပုံသွန်းပြီးထွက်လာသော စာတန်းဘလောက်များကို တစ်ဖန် စာမျက်နှာအရွယ်အလိုက် ဖောင်သွင်းပေး၍ ပုံနှိပ်စက်တွင် တပ်ဆင်ရိုက်နှိပ်ရလေသည်။ စာတစ်ကြောင်းစီ ပုံသွန်းရာ၌ ပုံသွန်းသောသတ္တုကို လျှပ်စစ်ဓာတ်ဖြင့် အရည်ကျိုထား၍ စာတစ် တန်းစီပုံသွန်းပြီးတိုင်း စာလုံးပုံစံနှင့် ကြားခံတုံးများကို ရှိရင်းစွဲနေရာများသို့ အလိုအလျောက်ပြန်ရောက်အောင် စက်တွင်ဖန်တီးထားခြင်းမှာလည်း အလွန် အံ့ဩဖွယ်ကောင်းသော ကြံစည်ချက်ပင်ဖြစ်ပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)