လိုင်ယန်နယ် ရစ်ချီ

အမေရိကန် ဖျော်ဖြေရေးသမား

လိုင်ယန်နယ် ဘရော့ခ်မန်း ရစ်ချီ (အငယ်) (အင်္ဂလိပ်: Lionel Brockman Richie Jr.) (1949 ဇွန် ၂၀ မွေးဖွား) သည် အမေရိကနါ အဆိုတော်၊ သီချင်းရေးဆရာ၊ တေးဖွဲ့သူပညာရှင်၊ တူရိယာ အများအပြားတီးခတ်နိုင်သူ၊ တေးထုတ်လုပ်သူ နှင့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ကွန်မန်ဒေါတီးဝိုင်း(Commodores) နှင့်အတူတေးသီချင်းသီဆိုခြင်း၊ ၎င်း၏ တစ်ကိုယ်တော်သီဆိုဆိုခြင်းများကြောင့် ၁၉၈၀ခုနှစ်များ၏ အအောင်မြင်ဆုံး ဘဲလက်ဒ်ပုံစံသီဆိုသူများအနက် တစ်ဦးဖြစ်လာခဲ့သည်။

လိုင်ယန်နယ် ရစ်ချီ
၂၀၁၇ခုနှစ် ကနေဒီဌာနဂုဏ်ပြုစုလက်ခံနေသော ရစ်ချီ
မွေးဖွားလိုင်ယန်နယ် ဘရော့ခ်မန်း ရစ်ချီ (အငယ်)
(1949-06-20) ဇွန် ၂၀၊ ၁၉၄၉ (အသက် ၇၄)
အမေရိကန်ပြည်ထောင်စုအလာဘားမားပြည်နယ်၊ တပ်စ်ကီဂီးမြို့
တက်ကြွလှုပ်ရှားနှစ်များ၁၉၆၈ – လက်ရှိ
အိမ်ထောင်ဖက်(များ)
  • Brenda Harvey (လက်ထပ် 1975; ကွာရှင်း 1993)
  • Diane Alexander (လက်ထပ် 1995; ကွာရှင်း 2004)
သားသမီး၃ဦး
ဝက်ဘ်ဆိုဒ်lionelrichie.com
ဂီတခရီးလမ်း
ဂီတဟန်
  • Funk
  • soul
  • R&B
  • country
  • pop
  • pop rock
  • soft rock
  • easy listening
အလုပ်အကိုင်
  • အဆိုတော်
  • တေးရေးသူ
  • တေးဖွဲ့သူပညာရှင်
  • တူရိယာ အများအပြားတီးခတ်နိုင်သူ
  • တေးထုတ်လုပ်သူ
  • ရုပ်ရှင်သရုပ်ဆောင်
တူရိယာ
  • Vocals
  • piano
  • saxophone
တေးသံသွင်း ကုမ္ပဏီ
  • Island
  • Mercury
  • Motown
ပူးတွဲ ပါဝင်မှု

၁၉၆၈မှစတင်၍ ရစ်ချီသည် ဖန့်ခ်ဂီတ (funk) နှင့် ဆိုးလ်ဂီတ(soul) တီးဝိုင်း ကွန်မန်ဒေါ၏ အဖွဲ့ဝင်တစ်ဖြစ်ခဲ့သည်။ ကွန်မန်ဒေါတီးဝိုင်းအဖွဲ့သည် ဆိုးလ်ဂီတဝိုင်းအဖြစ် တည်ထောင်လာခဲ့ကြပြီး ၎င်းတို့၏ အစောပိုင်းအခွေအချို့သည် အကနှင့် ဖန့်ခ်ဟန် သံစဉ်များဖြစ်သည်။ Machine Gun နှင့် Brick House တို့ကဲ့သို့သော သီချင်းများတွင် အက၊ ဖန့်ခ်ဟန်များပါရှိသည်။ အချိန်ကာလရွေ့လျားလာသည်နှင့်အမျှ ရစ်ချီသည် ပို၍ ချစ်ရေးချစ်ရာစိတ်ကူးယဉ်ဆန်သော၊ သာယာနာပျော်ဖွယ် ဘဲဘက်ဒ်ဟန်များ ဥပမာအားဖြင့် EasyStill ၊ Sail On စသည်တို့ကို ပို၍ဆိုလာခဲ့သည်။ ၁၉၈၂တွင် တစ်ကိုယ်တော်ပုံစံဖြင့် စတင်လှုပ်ရှားခဲ့သည်။ ထိုနှစ်၏ ပွဲဦးထွက်တစ်ကိုယ်တော်အခွေ Lionel Richie တွင် အောင်မြင်သည့်သီချင်း သုံးပုဒ်ပါဝင်ရာ အမေရိကတွင် အဆင့်(၁) သီချင်း Truly ၊ ထိပ်တန်းငါးပုဒ်တွင်ပါသော You Are နှင့် My Love တို့ဖြစ်ကြသည်။ ဂီတဇယားများတွင် အဆင့်(၃)ဖြင့် အောင်မြင်ခဲ့ပြီး အခွေ (၄)သန်းကျော် ရောင်းချခဲ့ရသည်။ နောက်တစ်နှစ်ထွက် ၁၉၈၃-အခွေ Can't Slow Down ပထမအခွေထက် နှစ်ဆကျော်ရောင်းချရသဖြင့် နိုင်ငံတကာကြယ်ပွင့်တစ်လက်ဖြစ်လာခဲ့သည်။ ၁၉၈၅-ရန်ပုံငွေသီချင်း "We Are the World" ကို မိုက်ကယ် ဂျက်ဆင်နှင့် ပူးတွဲရေးသားခဲ့၍ ထိုသီချင်းသည် သန်း(၂၀)ကျော်ရောင်းချခဲ့ရသည်။[၁]

၎င်းဂီတလုပ်ငန်းတစ်လျှောက် ရစ်ချီသည် ကမ္ဘာအနှံ့ သီချင်းအချပ်ရေ သန်း(၉၀) ကျော်ရောင်းချခဲ့ရပြီး သီချင်း/အခွေ ရောင်းအားအကောင်းဆုံး အနုပညာရှင်များအနက်က တစ်ဦးဖြစ်လာခဲ့သည်။ Can't Slow Down အခွေအတွက် တစ်နှစ်တာအကောင်းဆုံးအခွေဂရမ်မီဆု (Album of the Year)နှင့် ၁၉၈၅၌ တစ်နှစ်တာအကောင်းဆုံးထုတ်လုပ်သူဂရမ်မီဆု၊ ၁၉၈၃တွင် "Truly" သီချင်းဖြင့် အကောင်းဆုံးအမျိုးသားမှု ပေါ့ပ်ဂီတသီဆိုမှုဆု (Best Male Pop Vocal Performance) စသည့် ဂရမ်မီဆုများရရှိခဲ့သည်။[၂] ရွှေကမ္ဘာလုံးဆု နှစ်ကြိမ်ဆန်ကာတင်ခံရပြီး တစ်ခုရရှိခဲ့သည်။ ၁၉၈၂ "Endless Love" ရုပ်ရှင်ဇာတ်ကားအတွက် အကောင်းဆုံးမူရင်းသီချင်းဆု ဆန်ကာတင်ရွေးချယ်ခဲ့ခဲ့ရသည်။ ၁၉၈၆၌ Say You, Say Me သီချင်းအတွက် အကောင်းဆုံးမူရင်းသီချင်းဆု ရွှေကမ္ဘာလုံးဆုရရှိခဲ့ပြီး ထိုသီချင်းသည် "White Nights" ရုပ်ရှင်၏ ဇာတ်ဝင်တေးဖြစ်သည်။ [၃] အဆိုပါသီချင်းသည် အကောင်းဆုံးမူရင်းသီချင်းဆု အကယ်ဒမီဆုလည်းရရှိခဲ့၏။၂၀၁၆တွင် Songwriters Hall of Fame အဖွဲ့ကြီး၏ အမြင့်ဆုံးဂုဏ်ပြုဆု ဂျော်နီ မာဆာဆု (Johnny Mercer) ချီးမြင့်ခြင်းခံရသည်။[၄]

ထွက်ရှိပြီးသော တေးအယ်လ်ဘမ်များ ပြင်ဆင်ရန်

စတူဒီယို အယ်လ်ဘမ်များမှာ
  • Lionel Richie (1982)
  • Can't Slow Down (1983)
  • Dancing on the Ceiling (1986)
  • Louder Than Words (1996)
  • Time (1998)
  • Renaissance (2000)
  • Just for You (2004)
  • Coming Home (2006)
  • Just Go (2009)
  • Tuskegee (2012)

ပါဝင်ခဲ့သော ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် အခြားအစီအစဉ်များ ပြင်ဆင်ရန်

  • 1977: Scott Joplin (w/ The Commodores)
  • 1978: Thank God It's Friday (w/ The Commodores)
  • 1991: Truth or Dare (မှတ်တမ်းရုပ်ရှင်)
  • 1996: The Preacher's Wife
  • 1998: Pariah
  • 2007: The Simpsons (အပိုင်း: "He Loves to Fly and He D'ohs")
  • 2011: Who Do You Think You Are?
  • 2011: Lionel Richie: Dancing On the Ceiling (ဘီဘီစီ (၄)၏ မှတ်တမ်းရုပ်ရှင်တွဲ၏ အပိုင်း : (၁၉၈၀)နှစ်များ၏ လူမည်းဂီတ အထင်ကရပုဂ္ဂိုလ်များ)
  • 2014: Oprah Winfrey's Master Class
  • 2018 American Idol
  • 2019 American Idol
  • 2020 Jeopardy! The Greatest of All Time

ကိုးကား ပြင်ဆင်ရန်

  1. Leopold၊ Todd။ "'We Are the World' at 30: Where are they now?"၊ CNN၊ January 28, 2015။ 
  2. Lionel Richie : Grammy Awards။ Grammy Awards။ July 24, 2014 တွင် ပြန်စစ်ပြီး။
  3. Lionel Richie : Golden Globe Awards။ Golden Globes။ October 6, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 24, 2014 တွင် ပြန်စစ်ပြီး။
  4. Rothman၊ Michael။ "Lionel Richie, Chic's Nile Rodgers and More Enter Songwriters Hall of Fame"၊ ABC News၊ June 10, 2016။