ကိုဩဒိနိတ်: 08°20′46″N 80°23′52″E / 8.34611°N 80.39778°E / 8.34611; 80.39778

လိုဗမဟပယ သည် သီရိလင်္ကာနိုင်ငံ၊ အနုရာဒပူရမြို့ဟောင်းတွင် တည်ရှိသည့် အဆောက်အဦတစ်ခု ဖြစ်သည်။ မဟာစေတီတော်နှင့် သီရိမဟာဗောဓိအကြားတွင် တည်ရှိသည်။ ၎င်းနေရာကို ကြေးဝါနန်းတော် သို့မဟုတ် Lohaprasadaya ဟုလည်း သိကြသည်။ ထိုနေရာရှိ အမိုးမျာသည် ကြေးဝါတိုင်များဖြင့် ပြုလုပ်ထားသည်။

Lovamahapaya

ရှေးခေတ်အချိန်တုန်းက အဆောက်အဦတွင် ဆွမ်းစားကျောင်းဆောင်နှင့် ရဟန်းများ ဥပုသ်ဆောက်တည်ရာအိမ်များ ပါဝင်သည်။ ထို့အပြင် ရဟန်းများ စုဝေးရာ နေရာဖြစ်သည့် Simamalake လည်း ပါဝင်သည်။ ထင်ရှားသည့် Lohaprasada ကို ဘုရင် ဒုဋ္ဌဂါမဏိက တည်ဆောက်ခဲ့သည်။ ထိုအဆောက်အဦ၏ မျက်နှာပြင်တစ်ဖက်သည် အလျား ၄၀၀ ပေ (၁၂၀ မီတာ) ရှိသည်။ အတန်းတစ်ခု၌ ကျောက်တိုင်ပေါင်း ၄၀ ပါဝင်ပြီး၊ စုစုပေါင်း အတန်း ၄၀ ရှိသည့်အတွက် ကျောက်တိုင် ၁၆၀၀ ဖြင့် တည်ဆောက်ထားသည်။ Lovamahapaya ကို ကျောက်ခတ်သန္တာများ၊ အဖိုးထိုက်သည့် ကျောက်တုံးများ စသည်တို့ဖြင့် ပြင်ဆင်ထားခဲ့သည်ဟု ဆိုကြသည်။ တည်ဆောက်ရန် အစီအစဉ်ကို နိဗ္ဗာန်မှ ယူဆောက်ခဲ့ကာ တည်ဆောက်မှုသည် ၆ နှစ် ကြာမြင့်သည်ဟု ယုံကြည်ရသည်။ ဘုရင် Saddhatissa လက်ထက်တွင် ဤအဆောက်အဦသည် လုံးဝဖျက်ဆီးခြင်း ခံခဲ့ရသည်။[၁][၂]

မြင့်မားသည့် အဆောက်အဦများ ဖြစ်ကြသော်လည်း လိုဗမဟပယသည် 155BC နှင့် 993AD ကြားကာလ ထောင်စုနှစ်တစ်ခုကျော်ကြာအောင် ကျွန်းပေါ်တွင် အရှည်ဆုံးသော အဆောက်အဦ ဖြစ်ခဲ့သည်။ လက်ရှိပြသထားသည့် သေးငယ်သည့်အဆောက်အဦကို မကြာသေးခင်က တည်ဆောက်ထားပြီး ထိုနေရာသည် ယခုတိုင်အောင်ပင် မဟာဝိဟာရ၏ ဥပုသ်ဆောက်တည်ရာ ကျောင်းဆောင် ဖြစ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Journal of the Royal Asiatic Society of Great Britain and Ireland, Volume 13, The Royal Asiatic Society 1881, p.170 (Cambridge University) Retrieved 20 November 2015
  2. Lovamahapaya – The Great Copper Roofed Mansion, Amazing Lanka Web, Retrieved 20 November 2015