လီကျောက်ကျီး

ဟောင်ကောင် စီးပွားရေးသမား

လီကျောက်ကျီး (李兆基) GBM သည် ၁၉၂၈ ဇန်နဝါရီ ၂၉ တွင် တရုတ်နိုင်ငံကွမ်တုံးရှိ ရွှင့်တယ်ရပ်ကွက်၌ မွေးဖွားခဲ့သည်။ သူသည် အိမ်ရာမြေ အသုံးချလုပ်ငန်း လုပ်ကိုင် တယောက်ဖြစ်ပြီး Henderson အိမ်ရာခြံမြေ အသုံးချ လုပ်ငန်း၏ အများဆုံးပိုင်ဆိုင်သူ ပိုင်ရှင်တယောက်ဖြစ်သည်။ (HKSE: 0012) Henderson Land Development သည် အိမ်ရာခြံမြေနှင့် သက်ဆိုင်သည့် လုပ်ငန်းအားလုံးကို ပေါင်းစပ်လုပ်ကိုင်သော အဖွဲ့အစည်းတခု ဖြစ်ပြီး အိမ်ရာခြံမြေများ၊ ဟိုတယ်များ၊ စက်မှုလုပ်ငန်းများနှင့် အများပြည်သူသုံးရန် ကျောက်မီးသွေးဓာတ်ငွေ့ထုတ်လုပ်သည့် လုပ်ငန်း၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများကို ပိုင်ဆိုင် လုပ်ကိုင်သည်။

The Honourable
Lee Shau-kee

GBM
မွေးဖွား (1929-03-07) ၇ မတ်၊ ၁၉၂၉ (အသက် ၉၅)
Shunde, ဖော်ရှန်းမြို့ကွမ်တုန်းပြည်နယ်တရုတ်နိုင်ငံ
နိုင်ငံသားဟောင်ကောင်
အလုပ်အကိုင်ဟင်ဒါဆင် မြေယာဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌ၊ မန်နေဂျင်းဒါရိုက်တာ
ဟောင်ကောင်နှင့် တရုတ် ဂက်စ်ကုမ္ပဏီလီမိတက် ၏ ဥက္ကဋ္ဌ
မီရာမာဟိုတယ် ၏ ဥက္ကဋ္ဌ
Vice-Chairman Independent non-executive director of Sun Hung Kai Properties
Hong Kong Ferry (Holdings) Limited ၏ ဘုတ်အဖွဲ့ဝင်
ကြွယ်ဝမှုIncrease US$၂၄.၄ ဘီလီယံ (ဧပြီ ၂၀၁၇)[၁]
အိမ်ထောင်ဖက်(များ)Lau Wai-kuen (ကွာရှင်း)

ကြွယ်ဝမှုများ ပြင်ဆင်ရန်

လက်ရှိတွင် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးတွင် အချမ်းသာဆုံးဖြစ်သော လီကာရှင်း နောက်တွင် ကပ်လျက် ဒုတိယ အချမ်းသာဆုံးဖြစ်သည်။ Forbes 2010 စာရင်းအရ Lee သည် ခန့်မှန်းဒေါ်လာ ၂၃ ဘီလျံ ပိုင်ဆိုင်ပြီး ကမ္ဘာ့နံပါတ် ၁၈ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ၂၀၀၆ ကတည်းက သူ၏ အဓိက ဦးပိုင်လုပ်ငန်းမှ ချုပ်ကိုင်ထားသော ရှယ်ယာများမှ များပြားလှသော အကျိုးအမြတ်များရရှိခဲ့သည်။

ရင်းနှီးမြုပ်နှံမှုမှ ရသည့် အမြတ်အစွန်းများက သူ့အား “ ဟောင်ကောင် ၏ ဘတ်(ဖ)ဖတ်” နှင့် “အာရှ ရှယ်ယာ ဈေးကွက် ၏ ဆရာ” စသောနာမည်ပြောင်များအား ထိုက်ထိုက်တန်တန် ရစေသည်။ ၄ ယောက်မြောက်မွေးပြီး ကြွယ်ဝချမ်းသာသောဘီလျံနာ ဖြစ်လာသူမှာ ကမ္ဘာတွင် အလွန်ရှားပါး သောကြောင့် သူကိုရင်းနှီးသူများက Uncle Four ဟုလည်းခေါ်ကြသည်။

လက်ရှိ တာဝန်ယူထားသောရာထူးများ ပြင်ဆင်ရန်

ဟင်ဒါဆင်မြေယာဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(Henderson Land Development Company Limited) ကို တည်ထောင်သူ ဖြစ်ပြီး ဥက္ကဋ္ဌ နှင့် မန်နေဂျင်းဒါရိုက်တာ ရာထူးကို တာဝန်ယူဆောင်ရွက်နေသူ တယောက်ဖြစ်သည်။ ဟောင်ကောင်နှင့်တရုတ်ဂက်စ်ကုမ္ပဏီလီမိတက်(Hong Kong and China Gas Company Limited) ၏ ဥက္ကဋ္ဌ ဖြစ်သည်။ မီရာမာ(Miramar) ဟိုတယ်နှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်း ဥက္ကဋ္ဌ ဖြစ်သည်။

Sun Hung Kai Properies Limited တွင် ကုမ္ပဏီမှ တရားဝင်ရာထူးမဟုတ်သော်လည်း လွတ်လပ်စွာ ဆုံးဖြတ်နိုင်သည့် ဒုတိယ ဥက္ကဋ္ဌ အနေဖြင့် ရှိသည်။ Hong Kong Ferry ( Holdings) Limited နှင့် East Asia Limited Bank ၏ အုပ်ချုပ်ရေး ဒါရိုက်တာ အဖွဲ့ဝင်တယောက် ဖြစ်သည်။ ပိုစ့်မောက် ဘောလုံးအသင်းကို ဝယ်ယူရန် Peter Storrie အဖွဲ့အစည်း၏ အစိတ်အပိုင်းတခုအဖြစ် ပေါင်းစည်း ချိတ်ဆက်ထားသည်။

ကိုးကား ပြင်ဆင်ရန်