လီဂျင်ဝတ်

တောင်ကိုရီးယား သရုပ်ဆောင်

လီဂျင်ဝတ် (李陣郁)(၁၆ စက်တင်ဘာ ၁၉၈၁ မွေး) သည် တောင်ကိုရီးယားသရုပ်ဆောင်တဦးဖြစ်ပြီး၊ အချစ်ဇာတ်လမ်းတွဲ ဖန်နန်းတော်(၂၀၀၈)၊ အချိန်ခရီးသွားဇာတ်လမ်းတွဲ အမွေးတိုင်ကိုးချောင်း(၂၀၁၃)၊ အချစ်ဇာတ်လမ်းတွဲ ငါတို့မချစ်ကြတဲ့အချိန်(၂၀၁၅)တို့၌ ခေါင်းဆောင်အဖြစ်၊ ဒေါ်ဘွားဘွား(၂၀၁၄)၌ အရံအဖြစ် သရုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် လူသိများသည်။[၁][၂] အီဂျီနုခ်(이진욱)ဟုလည်း ဖတ်နိုင်သည်။

Lee Jin-wook
Lee Jin-wook at the I Need Romance 2012 press conference in June 2012
မွေးဖွား (1981-09-16) စက်တင်ဘာ ၁၆၊ ၁၉၈၁ (အသက် ၄၂)
Cheongju, North Chungcheong Province, South Korea
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၃-လက်ရှိ
ကိုယ်စားလှယ်С&CO ENS
လီဂျင်ဝတ်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်이진욱
ဟန်ဂျာ[[wikt:|]]
RRအက္ခရာဖလှယ်ခြင်း:I Jin-uk
MRအက္ခရာဖလှယ်ခြင်း:I Chin-uk

အနုပညာခရီး ပြင်ဆင်ရန်

သရုပ်ဆောင်နောက် လိုက်ရန် ဆုံးဖြတ်လိုက်စဉ်က လီဂျင်ဝတ်သည် ချုံဂျုတက္ကသိုလ်၌ ပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာပညာရပ်ကို သင်ယူနေခဲ့သည်မှ ထွက်လိုက်လေသည်။ ၂၀၀၃ ၌ ပန်နာဆိုနစ်အတွက် ပရင့်မော်ဒယ် အဖြစ် သူ၏ဖျော်ဖြေရေးဘဝကို စခဲ့သည်။ ထို့နောက် ဟာဂျင်ဟို ရိုက်ကူးသော ၂၀၀၄ ကားတိုတပုဒ်ဖြစ်သည့် ငါ့ရဲ့ယောက်ျားလေးသူငယ်ချင်းအသစ်၌ ပွဲဦးထွက် သရုပ်ဆောင်ခဲ့သည်။ ထို့နောက် စိတ်သဘောကောင်းသော စတော်ကာအဖြစ် အချစ်ကအထီးကျန်၊ ဘေ့စ်ဘောကစားသမားအဖြစ် ထပ်ပြုံးလိုက်ဦး၊ သီးသန့်စုံစမ်းစစ်ဆေးရေးအဖြစ် တနေ့သော်၊ အင်ချွန်းလေဆိပ်ဝန်ထမ်းအဖြစ် လေကြောင်းမြို့တော်၊ ပလတ်စတစ်ဆာဂျင်တဦးအဖြစ် မပြီးမီနှင့်ပြီးနောက်၊ သမ္မတသားအဖြစ် ကြောက်မက်ဖွယ်ရန်သူစသော ရုပ်သံဇာတ်လမ်းတွဲများ၌ ဆက်တိုက်သရုပ်ဆောင်ရသည်။

၎င်းနောက် လီသည် ၆ မေ ၂၀၀၉ မှ ၇ မတ် ၂၀၁၁ ထိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကာကွယ်ရေးမီဒီယာအေဂျင်စီ၌ နှစ်နှစ် စစ်မှုထမ်းဆောင်ခဲ့သည်။[၃][၄][၅] မြောက်ကိုရီးယားအေးဂျင့်အဖြစ် သရုပ်ဆောင်ထားသော စပိုင်မြောင်ဝူဇာတ်ကားဖြင့် ပြန်ရောက်လာခဲ့သည်။[၆][၇]

ထို့နောက် လီသရုပ်ဆောင်ခဲ့သည်များမှာ ငါလိုတဲ့သံယောဇဉ် ၂၀၁၂၊ အကောင်းဆုံးလုပ်ကွက်ရသည့် အချိန်ခရီးသွားဇာတ်လမ်းတွဲ အမွေးတိုင်ကိုးချောင်း၊ ဇာတ်ရံအဖြစ် ပါခဲ့သည့် ရုပ်ရှင် ဒေါ်ဘွားဘွား၊ အကြီးအကျယ်လုပ်ကွက်ရသည့် ပြင်သစ်အက်ရှင်ကား ပွိုင့်ဘလန့်ကို ပြန်ရိုက်ထားသော တားဂက်တို့ ဖြစ်လေသည်။ [၈]

ဂျိုဆွန်ခေတ်အိမ်ရှေ့စံ ဆိုဟျောအဖြစ် ပါဝင်သည့် သူရဲကောင်းသုံးယောက်၌ အမွေးတိုင်ကိုးချောင်းစာရေးဆရာနှင့် ဒါရိုက်တာတို့နှင့် ပြန်တွဲမိသည်။ ၂၀၁၅ ၌ ရုပ်ရှင်နှစ်ကား၌ သရုပ်ဆောင်သည်။ ၎င်းတို့မှာ ကိုယ်တွင်းအလှနှင့် ထိုင်ဝမ်ဇာတ်လမ်းတွဲ အချိန်တိုင်းမင်းနဲ့ကို ပြန်ရိုက်သော အချိန်ဘက်ပြောင်းသူတို့ ဖြစ်သည်။ [၉]

ကိုယ်ရေး ပြင်ဆင်ရန်

၂၀၀၇ ၌ လေကြောင်းမြို့တော်ရိုက်ကွင်း၌ တွေ့ပြီးနောက် ချွိုင်ဂျီဝူးနှင့် စတင်တွဲခဲ့ပြီး၊ ၂၀၁၁ ၌ နှစ်ဦးသား လမ်းခွဲခဲ့သည်။

၂၀၁၄ မေ၌ မင်းသမီး ဂုံဟျိုဂျင်နဲ့ တွဲပြန်ပြီး၊ မတူညီသောအကြောင်းများကြောင့် လအနည်းငယ်အကြာ၌ ပြတ်သွားပြန်သည်။ [၁၀]

ရိုက်ကူးရေး ပြင်ဆင်ရန်

ရုပ်သံဇာတ်လမ်းတွဲများ ပြင်ဆင်ရန်

နှစ် ခေါင်းစဉ် ဇာတ်ရုပ် Network
2004 MBC Best Theater "Bad Girl" MBC
2005 Resurrection the real Steven Lee

(bit part, episode 23)

KBS2
2006 Alone in Love Min Hyun-joong SBS
Smile Again Yoon Jae-myung SBS
Someday Im Seok-man OCN
2007 Air City Kang Ha-joon MBC
2008 Before and After: Plastic Surgery Clinic Han Geon-soo MBC
Powerful Opponents Kang Soo-ho KBS2
Glass Castle Kim Joon-sung SBS
2009 The Road Home Lee Jin-wook

(guest, episodes 21-22)

KBS1
2011 Myung-wol the Spy Choi Ryu KBS2
2012 I Need Romance 2012 Yoon Seok-hyun tvN
2013 Nine: Nine Time Travels Park Sun-woo tvN
2014 The Three Musketeers Crown Prince Sohyeon tvN
2015 The Time We Were Not in Love Choi Won SBS
2016 Goodbye Mr. Black Cha Ji-won MBC

ရုပ်ရှင် ပြင်ဆင်ရန်

နှစ် ခေါင်းစဉ် ဇာတ်ရုပ်
2004 My New Boyfriend (short film) Boyfriend
2014 Miss Granny Han Seung-woo
The Target Lee Tae-joon
2015 The Beauty Inside Woo-jin
Time Renegade Gun-woo

စုံစိရှိုး ပြင်ဆင်ရန်

နှစ် ခေါင်းစဉ် ကွန်ရက် မှတ်ချက်
2007 I ♡ Broadway OCN
2008 My Style Road OnStyle
Happy Together - Season 3 KBS2 guest, episode 43
Family Outing SBS guest, episodes 11-12
Female 2 Days & 1 Night - Season 3 KBS Joy guest, episodes 9-10
2012 Strong Heart SBS guest, episodes 125-126
2015 Three Meals a Day: Fishing Village - Season 2 tvN guest, episodes 5-6

တေးဗီဒီယို ပြင်ဆင်ရန်

နှစ် သီချင်းခေါင်းစဉ် အနုပညာရှင်
2002 "In Case of My Love" Jung Jae-hyung
2004 "Misty Moon" Lim Hyung-joo
"Grabber" Kim Dong-ryool and Lee So-eun
2005 "Doo roo roo" Ahn Jae-wook
2009 "My Love" Shin Seung-hun

ဆုနှင့်ဇကာတင်စာရင်း ပြင်ဆင်ရန်

Year Award Category Nominated work Result
2006 SBS Drama Awards New Star Award Alone in Love, Smile Again ဆုရရှိ
2008 2nd Korea Drama Awards Netizen Popularity Award Glass Castle ဆန်ခါတင်
SBS Drama Awards Excellence Award, Actor in a Serial Drama ဆန်ခါတင်
2013 7th Mnet 20's Choice Awards 20's Drama Star - Male Nine: Nine Time Travels ဆုရရှိ
6th Korea Drama Awards Grand Prize (Daesang) ဆန်ခါတင်
Best Couple Award with Jo Yoon-hee ဆန်ခါတင်
2nd APAN Star Awards Excellence Award, Actor ဆန်ခါတင်
2015 SBS Drama Awards Best Couple Award (with Ha Ji-won) The Time We Were Not in Love ဆန်ခါတင်
Netizen Popularity Award ဆန်ခါတင်
Top Excellence Award, Actor in a Miniseries ဆန်ခါတင်

ကိုးကား ပြင်ဆင်ရန်

  1. .http://www.koreatimes.co.kr/www/news/culture/2016/07/386_209667.html
  2. Another Celebrity Accused of Rape - The Chosun Ilbo (English Edition): Daily News from Korea - Entertainment > Entertainment
  3. "Farewell, my darling, I'm off to serve my country"၊ 8 May 2009။ 2012-12-01 တွင် ပြန်စစ်ပြီး 
  4. Hong၊ Lucia (3 March 2011)။ Lee Jae-won, Lee Jin-wook to be discharged from the military next week10Asia။ 2012-12-02 တွင် ပြန်စစ်ပြီး။
  5. Lee Jin-wook Completes Military ServiceThe Chosun Ilbo (8 March 2011)။ 2012-12-01 တွင် ပြန်စစ်ပြီး။
  6. Kim၊ Jessica (16 May 2011)။ Lee Jin-wook joins Han Ye-seul drama10Asia။ 2012-11-18 တွင် ပြန်စစ်ပြီး။
  7. Kwon၊ Mee-yoo (10 July 2011)။ Drama explores inter-Korean love storyThe Korea Times။ 2012-12-01 တွင် ပြန်စစ်ပြီး။
  8. Tae၊ Sang-joon (7 November 2013)။ Korean POINT BLANK Remake Goes Into ProductionKorean Film Council။ 2014-01-30 တွင် ပြန်စစ်ပြီး။
  9. Ha Ji-won picks next drama (16 April 2015)။ 2015-04-16 တွင် ပြန်စစ်ပြီး။
  10. Ko၊ Kyoung-seok (28 April 2011)။ Choi Ji-woo and Lee Jin-wook breakup10Asia။ 2012-12-01 တွင် ပြန်စစ်ပြီး။