ဤသည်မှာ တရုတ်အမည် တစ်ခု ဖြစ်၍ မျိုးရိုးအမည်မှာ Li ဖြစ်သည်။

လီဖင် (တရုတ်: 李玶; ၁၉၂၄ မတ် ၂၀ - ၂၀၁၉ စက်တင်ဘာ ၁၀)သည် တရုတ်ဘူမိပညာရှင်နှင့် ငလျင်အင်ဂျင်နီယာ ဖြစ်သည်။ သူသည် တရုတ်အင်ဂျင်နီယာအကယ်ဒမီကျောင်းမှ ဂုဏ်ထူးဆောင် ဖြစ်သည်။

Li Ping
မွေးဖွား(1924-03-20)မတ် ၂၀၊ ၁၉၂၄
Dawu County, Hubei, China
ဆုံးပါးစက်တင်ဘာ ၁၀၊ ၂၀၁၉(2019-09-10) (အသက် ၉၅)
Beijing, China
နိုင်ငံလူမျိုးChinese
နယ်ပယ်Earthquake
အဖွဲ့အစည်းဌာနInstitute of Geology, China Earthquake Administration
မိခင်ကျောင်းNational Central University
တရုတ်အမည်
တရုတ်

ကိုယ်ရေး ပြင်ဆင်ရန်

တရုတ်ပြည်၊ ဟူပေပြည်နယ်၊ တာ့ဝူခရိုင်၌ ၁၉၂၄ မတ် ၂၀ တွင် လီဖင်ကို မွေးသည်။ သူသည် နိုင်ငံဗဟိုတက္ကသိုလ်သို့ ၁၉၄၃ တွင် တက်ရောက်ပြီး၊ ၁၉၄၇ တွင် ဘွဲ့ရကာ၊ အလုပ်သင်ဝန်ထမ်း ဖြစ်လာသည်။[၁]

၁၉၅၄ တွင် လီသည် ဟားအယ်ပင်း တပ်မတော်အင်ဂျင်နီယာသင်တန်းကျောင်း၌ စာသင်ကြားပေးရန် တာဝန်ကျသည်။ ၁၉၅၉ ပြီးနောက်၊ တရုတ်သိပ္ပံသင်တန်းကျောင်း၏ ဘူမိဗေဒကောလိပ်၌ အလုပ်လုပ်ရာ၊ နောက်ပိုင်းတွင် တရုတ်ငလျင်ကွပ်ကဲရေးဌာန၏ မရှိမဖြစ် ဖြစ်လာသည်။[၁]

ပေကျင်းတက္ကသိုလ်နှင့် တရုတ်သိပ္ပံသင်တန်းကျောင်း၌ တွဲဖက်ပါမောက္ခအဖြစ် စာသင်ကြား ပို့ချသည်။[၂][၃]

လီ၏ သုတသနတွင် အဓိကအာရုံစူးစိုက်သည်မှာ ငလျင် အင်ဂျင်နီယာပိုင်း ဖြစ်သည်။ သုံးမြစ်ကျဉ်းဆည်၊ တာ့ယာပင်လယ်အော် နူကလီးယားဓာတ်ပေါင်းဖို၊ အာထန်ဆည်နှင့် တန်ကျန်းခိုဆည်တို့ ပါဝင်သော အဓိကစီမံကိန်းမြောက်မြားစွာအတွက် ငလျင်ဒဏ် တွက်ချက်ခြင်းကို လုပ်ဆောင်သည်။[၃]

သုတေသနစာတမ်းပေါင်း ၅၀ ကျော်၊ အကြောင်းအရာစာတမ်း ၁၀ ကျော်နှင့် သုတေသနအစီရင်ခံစာ ၈၀ ကျော်ကို ထုတ်ဝေခဲ့သည်။ နိုင်ငံတော်နှင့် ဝန်ကြီးဌာန သိပ္ပံနှင့်နည်းပညာ ဆု ၁၀ ဆုကျော် ရရှိသည်။[၁] တရုတ် အင်ဂျင်နီယာသင်တန်းကျောင်း၏ ဂုဏ်ထူးဆောင်အဖြစ် ၁၉၉၉ တွင် တင်မြှောက်ခံရသည်။[၁][၃]

လီသည် အသက် ၉၅ နှစ် ၂၀၁၉ စက်တင်ဘာ ၁၀ တွင် ပေကျင်း၌ ကွယ်လွန်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ 我国著名工程地震学家李玶院士逝世 (2019-09-12)။ 2019-09-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-09-12 တွင် ပြန်စစ်ပြီး။
  2. 李玶။ 23 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 October 2020 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ Li Ping။ 2019-09-12 တွင် ပြန်စစ်ပြီး။