လီယိုနာဒို ဒါဗက်ကရို
အီတလီနိုင်ငံ မီလန်မြို့တွင် ၁၉၃၅ ခုနှစ် မေလ ၂၂ ရက်နေ့တွင် မွေးဖွားခဲ့သူ Leonardo Del Vecchio သည် ကွာလတီအမြင့်စား မျက်မှန်ဘောင်များကို ထုတ်လုပ်ရောင်းချသည့် ဒေါ်လာ ၃ ဘီလီယံ လုပ်ငန်း Luxottica ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး ထိုကုမ္ပဏီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ၂၀၀၉ ခုနှစ် Forbes မဂ္ဂဇင်း၏ဖော်ပြချက်အရ သူသည် အီတလီတွင် Michele Ferrero ပြီးလျှင် ဒုတိယအချမ်းသာဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင် ၇၁ ယောက်မြောက် အချမ်းသာဆုံး ဖြစ်သည်။
' | |
---|---|
မွေးသက္ကရာဇ် | မီလန်၊ အီတလီ |
၂၂ မေ၊ ၁၉၃၅
လူမျိုး | အီတလီနိုင်ငံ |
သားသမီး | ၆ဦး |
အတ္ထုပ္ပတ္တိ
ပြင်ဆင်ရန်သူသည် အီတလီနိုင်ငံ မီလန်မြို့တွင် ၁၉၃၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ငယ်စဉ်ကလေးဘဝက ဆင်းရဲနွမ်းပါးသည်။ သူ၏ဖခင်သည် သူ့ကိုမမွေးဖွားခင် ငါးလအလိုတွင် သေဆုံးခဲ့သည်။ သူ၏မိခင်က ဆက်လက်ကျွေးမွေးထားနိုင်ခြင်းမရှိသဖြင့် သူ့ကိုမိဘမဲ့ကျောင်းသို့ ပို့ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ ဆိုးဆေးဆိုးခြင်း၊ ကိရိယာလက်နက်များပြုလုပ်ခြင်းတို့ကို သင်ယူခဲ့ပြီး သူ၏ကျွမ်းကျင်မှု ကို မျက်မှန်အစိတ်အပိုင်းများပြုလုပ်သည့်အပေါ် ဇောင်းပေးခဲ့သည်။ ၁၉၆၁ တွင် သူသည် အီတလီမျက်မှန်များ၏ဘူမိနက်သန်နေရာဖြစ်သော Belluno ရှိ အစိတ်အပိုင်း နယ်ပယ် Agordo သို့ပြောင်းလာခဲ့သည်။
ကုမ္ပဏီအသစ်မှာ Luxottica s.a.s ဖြစ်ပြီး ကန့်သတ်အစုစပ်လုပ်ငန်းလေးဖြစ်သည်။ ၁၉၆၇ တွင် သူသည် Luxottica အမည်ဖြင့် ကောင်းမွန်ပြည့်စုံသော မျက်မှန်ဘောင်များကို စတင်ရောင်းချခဲ့ပြီး အောင်မြင်ခဲ့သဖြင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာ စာချုပ်များကို ရပ်ဆိုင်းခဲ့သည်။ ငွေကြေးပတ်သက်မှုမရှိပဲ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းရေးကိုလိုအပ်သောကြောင့် ၁၉၇၄ တွင် ထုတ်လုပ် ဖြန့်ဖြူးခြင်းဆိုင်ရာ ကုမ္ပဏီဖြစ်သော Scarrone နှင့် ပေါင်းစည်းလေ့လာခဲ့သည်။ ၁၉၈၁ တွင် ပထမဆုံး လုပ်ငန်းခွဲဖြစ်သော နိုင်ငံတကာကုမ္ပဏီကို အလျင်မြန်ဆုံးအရှိန်အဟုန်ဖြင့် ဂျာမနီတွင် တည်ထောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် Armani မှ ဒီဇိုင်နာဖြင့် အပေးအယူများစွာပြုလုပ်ခဲ့ရသည်။
အဆင်မပြေမှုများရှိလာခြင်းကြောင့် အခြားသောတံဆိပ်များဖြစ်သော အီတလီလုပ် Vogue ကို ၁၉၉၀ ခုနှစ်၊ Persol နှင့် Lens Crafters အမည်ရှိ US ဖိနပ်လုပ်ငန်းကို ၁၉၉၅ ခုနှစ်၊ Ray Ban ကို ၁၉၉၉ ခုနှစ်နှင့် Sunglass Hut ကို ၂၀၀၁ ခုနှစ်အတွင်းတွင် လေ့လာဆည်းပူးစေရန် ဖြစ်ပေါ်စေခဲ့သည်။ ၁၉၉၀ တွင် ကုမ္ပဏီသည် New York တွင် အတိမ်းအစောင်းရှိခဲ့ပြီး Milan တွင်တော့ ၂၀၀၀ ခုနှစ် ဒီဇင်ဘာတွင် မှားယွင်းတိမ်းစောင်းခဲ့သောကြောင့် index MIB-30 ကို ၂၀၀၃ စက်တင်ဘာလတွင် ဆက်သွယ်ပူးပေါင်းခဲ့ သည်။ သူတို့သည် လက်လီကုမ္ပဏီလေးများဖြစ်သော Sydney အခြေစိုက် OPSM ကို ၂၀၀၃ ခုနှစ်၊ Pearle Vision ကို ၂၀၀၄ ခုနှစ်၊ Surfeyes ကို ၂၀၀၆ ခုနှစ်နှင့် Cole National ကို ၂၀၀၄ ခုနှစ်တွင် ပူးပေါင်းရန်အတွက် ရှာဖွေခဲ့ သည်။ လတ်တလောနောက်ဆုံးအနေဖြင့် Oakley တံဆိပ်ကို ၂၀၀၇ ခုနှစ် နိုဝင်ဘာတွင် ယူအက်စ်ဒေါ်လာ ၂ သန်းဖြင့် ကမ်းလှမ်းထားသည်။
အပိုဆောင်းကြည့်ရှုစရာများ
ပြင်ဆင်ရန်- Forbes.com: Forbes World's Richest People 25 December 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Moneikos 6 December 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Photos of Leonardo del Vecchio's new megayacht