လန် ဘလာဗတ်နစ်ခ် ကို မော်စကိုမြို့၌ ၁၉၅၇ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင်မွေးဖွားခဲ့ပြီး လက်ရှိအချိန်တွင် နယူးယောက်မြို့နှင့် Kensington Palace ဥယျာဉ်ရှိအိမ်ရှိသည့် လန်ဒန်မြို့တွင် နေထိုင်လျက်ရှိသော ရုရှား-အမေရိကန်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ သူသည် ဆိုဗီယက်ယူနီယံကြီး ကျဆုံးအပြီးတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားအောင်မြင်လာသည့် ရုရှားနိုင်ငံရှိ Access Industries တွင် ရင်းနှီးမြှုပ်နှံမှုများ ထားရှိသည်။

လီယိုနာ့ဒ် ဘလာဗတ်နစ်ခ်
လီယိုနာ့ဒ် ဘလာဗတ်နစ်ခ်
မွေးသက္ကရာဇ် (1957-06-14) ၁၄ ဇွန်၊ ၁၉၅၇ (အသက် ၆၆)

လူမျိုး ရုရှား
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၃၈.၁ ဘီလျံ

မူလ ပြင်ဆင်ရန်

ဆိုဗီယက်ပြည်ထောင်စုတွင် မွေးဖွားခဲ့ပြီး မော်စကိုတွင် တက္ကသိုလ်ပညာသင်ကြားခဲ့သည်။ ၁၉၇၈ တွင် ရုရှားမှ အမေရိကန်သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့ထွက်ခွာခဲ့ပြီး ကိုလံဘီယာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံမဟာဘွဲ့၊ ၁၉၈၉ ခုနှစ်တွင် ဟားဗတ်စီးပွားရေးကျောင်းမှ MBA ဘွဲ့ကိုရရှိခဲ့သည်။

အနောက်တိုင်းတွင် သူ့ကို လန် ဘလာဗတ်နစ်ခ် အဖြစ်လူသိများကြသည်။

အလုပ်အကိုင် ပြင်ဆင်ရန်

၁၉၈၆ တွင် သူကိုယ်တိုင် ဦးဆောင်သူဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော နယူးယောက်မြို့အခြေစိုက် နိုင်ငံတကာ စက်မှုအဖွဲ့ဖြစ်သော Access Industry များကို တည်ထောင်ခဲ့သည်။ Access သည် ဥရောပ၊ တောင်နှင့် မြောက်အမေရိကတို့တွင် နှစ်ရှည်စစ်ရေးဆိုင်ရာ ပိုင်ဆိုင်မှုများရှိသည်။ ကွန်မြူနစ်စနစ်ကျဆုံးအပြီး အချိန်တိုအတွင်း သူသည် ရုရှားရင်းနှီးမြှုပ်နှံမှုများကို ရွှေ့ပြောင်းလိုက်သည်။

တက္ကသိုလ်တွင်ခင်မင်လာသော မိတ်ဆွေဖြစ်သူ Viktor Vekselberg နှင့်အတူ Renova ရင်းနှီးမြှုပ်နှံမှုယာဉ်ကို တည်ဆောက်ခဲ့ပြီး AAR လုပ်ငန်းကြီးကို တည်ထောင်ရန် Mikhail Fridman ၏ Alfa အဖွဲ့သို့ နှစ်ဦးလုံး ဝင်ရောက်သွားခဲ့သည်။ ယနေ့ထိ Access သည် ဆီလုပ်ငန်းများ၊ ကျောက်မီးသွေး၊ အလျူမီနီယံ၊ ဓာတုဓာတ်ဆီနှင့် ပလတ်စတစ်၊ သတင်းဆက်သွယ်ရေးလုပ်ငန်းများ၊ မီဒီယာလုပ်ငန်းများနှင့် အပန်းဖြေရိပ်သာလုပ်ငန်းများကဲ့သို့သော စက်မှုပိုင်းရင်းနှီးမြှုပ်နှံငွေများအပါအဝင် လုပ်ငန်းခွဲများစွာကို ပိုင်ဆိုင်ထားသည်။

AAR သည် ရုရှားဆီကုမ္ပဏီ TNK၏ ဆင်းရဲနွမ်းပါးမှုကာကွယ်ရေး လေလံပွဲမှ လုပ်ငန်းစီမံပိုင်ခွင့်များ ရရှိထားပြီး ၂၀၀၃ ခုနှစ်တွင် သူ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသော ရုရှား၏ အကြီးဆုံး ဆီကုမ္ပဏီဖြစ်သည့် TNK-BP ကိုတည်ထောင်ရန် ဗြိတိသျှ Petroleum ကို ရင်းနှီးမြှုပ်နှံမှု ၅၀%ရောင်းချခြင်းပြုလုပ်လိုက်သည်။

ဘလာဗတ်နစ်ခ် သည် သူဘုတ်အဖွဲ့ဝင်ဖြစ်သော ကမ္ဘာ့အကြီးဆုံး အလျူမီနီယံ ထုတ်လုပ်ရေး UC RUSAL နှင့် Warner Musci Group တွင်လည်း ပိုင်ဆိုင်မှုများရှိသည်။ သူသည် ကင်းဘရစ်ချ်တက္ကသိုလ် နိုင်ငံတကာစီးပွားရေးစီမံခန့်ခွဲမှုစင်တာ၏ ကမ္ဘာလုံးဆိုင်ရာ အကြံပေး ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ဟားဗတ်စီးပွာေးရးကျောင်း၏ Dean အကြံပေးဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့်အပြင် Tel Aviv တက္ကသိုလ်၏ သင်ကြားရေးဘုတ်အဖွဲ့ဝင်လည်းဖြစ်သည်။

သူ၏ ဘလာဗတ်နစ်ခ် မိသားစု ဖောင်ဒေးရှင်းနှင့် ဆက်စပ်ကုမ္ပဏီများသည် လွန်ခဲ့သော ၁၅ နှစ်အတွင်း ပန်းချီနှင့်အနုပညာပြပွဲများ၊ ဗြိတိသျှပြတိုက်များဖြစ်သည့် Tate Modern၊ Royal Opera House၊ အမျိုးသား Portrait ပြခန်းနှင့် မော်ဒန်ပန်းချီပြတိုက် အပါအဝင် ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှုလှုပ်ရှားသော အဖွဲ့အစည်းများစွာတို့ကို ပင်မအလှူရှင်အဖြစ် ထောက်ပံ့မှုများပေးခဲ့သည်။ ၂၀၀၇ ခုနှစ်ကတည်းက ဘလာဗတ်နစ်ခ် မိသားစုဖောင်ဒေးရှင်းသည် နယူးယောက်ခ် သိပ္ပံအကယ်ဒမီနှင့်အတူပူးပေါင်း၍ လူငယ်သိပ္ပံပညာရှင်များအတွက် Blavatnik ပညာသင်ဆုကို ထောက်ပံ့ပေးခဲ့သည်။

နှစ်စဉ်ဆုများအနေဖြင့် သက်ရှိသိပ္ပံ၊ ရူပသိပ္ပံနှင့် အင်ဂျင်နီယာကဏ္ဍတို့တွင် ထူးချွန်အောင်မြင်သော လူငယ်သိပ္ပံပညာရှင်များကို ပြည့်စုံသောငွေကြေးများ ချီးမြှင့်ခြင်းဖြင့် အသိအမှတ်ပြုခဲ့သည်။ ဘလာဗတ်နစ်ခ် မိသားစုဖောင်ဒေးရှင်းသည် ရုရားပြတိုက်တွင် ပြုလုပ်ခဲ့သော Joseph R.Beyrle-A Hero of Two Nations ပြပွဲအတွက်လည်း စပွန်ဆာပေးခဲ့သည်။ ထိုပြပွဲတွင် ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်စစ်သားဖြစ်ခဲ့သော Joseph Beyrle ၏ စစ်တပ်ဘဝအတွေ့အကြုံမှရသော ရှေးအနုပညာပစ္စည်းပေါင်း ၂၆၀ ပါဝင်ခဲ့သည်။

Access စက်မှုလုပ်ငန်းများမှ ရေနံဓာတုများနှင့် ပလပ်စတစ်များ ထုတ်လုပ်သော Basell Polyolefins ကို Royal Dutch Shell နှင့် BASF ထံမှ ၅.၇ ဘီလျံဒေါ်လာဖြင့် ၂၀၀၅ ခုနှစ် ဩဂုတ်လတွင် ဝယ်ယူခဲ့သည်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် Basell က Lyondell ဓာတုကုမ္ပဏီအတွက် ရှယ်ယာရှင်များအား ရှယ်ယာတစ်ခုလျှင် ၄၈ ဒေါ်လာနှုန်းဖြင့် ပေးပြီး လိုအပ်ချက်များကို ပြီးမြောက်စေခဲ့သည်။ ထိုသဘောတူညီမှုသည် Lyondell ၏ အကြွေးလိုအပ်မှုများအပါအဝင် လုပ်ငန်းကြီးတစ်ခုလုံးအတွက် အနီးစပ်ဆုံးတန်ဖိုး ၁၉ ဘီလျံဒေါ်လာခန့်ရှိခဲ့သည်။ နောက်ဆုံးရလဒ်အနေဖြင့် LyondellBasell စက်မှုလုပ်ငန်းများသည် အသားတင်ရောင်းအားပေါ်မူတည်၍ ကမ္ဘာ့တတိယအကြီးဆုံး ဓာတုကုမ္ပဏီများအဖြစ် ထွက်ပေါ်လာခဲ့သည်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် LyondellBasell စက်မှုလုပ်ငန်းများ၏ အမေရိကန်လုပ်ငန်းများသည် ကြွေးတင်ကာဒေဝါလီခံခဲ့ရသည်။

၂၀၀၉ နှစ်ကုန်ပိုင်းနှင့် ၂၀၁၀ နှစ်ဦးပိုင်းများတွင် LyondellBasell ကိုရရှိရန်အတွက် ဓာတုဗေဒပညာရှင် Mukesh Ambani ဦးစီးသော Reliance စက်မှုလုပ်ငန်းက လေလံဆွဲခဲ့သည်ဟု ဖော်ပြခဲ့သည်။ ၂၀၁၀ မတ်လ ၃ ရက်နေ့တွင် Reliance ၏ လေလံကို LyondellBasell ဘုတ်အဖွဲ့ဒါရိုက်တာများက ပယ်ချလိုက်သည်ဟု အကျယ်တဝင့်ရေးသားဖော်ပြကြသည်။ ၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် LyondellBasell သည် ကုမ္ပဏီအနေဖြင့် ပို၍ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည့် ပြန်လည်ပြင်ဆင်ရေး စီမံချက်ကို ထည့်သွင်းလိုက်သည်။ အေပရယ်လ်လ ၃၀ တွင် LyondellBasell က ငွေကြေးဆိုင်ရာအခြေအနေကို သိသာစွာတိုးတက်စေရန် ဒေဝါလီခံခြင်း ဥပဒေအမှတ် ၁၁ ၏ ကာကွယ်မှုကို ကြေညာလိုက်သည်။

သူ၏လက်ရှိ ငွေကြေးအခြေအနေများအရ LyondellBasell သည် Access စက်မှုလုပ်ငန်းများ၊ Apollo စီမံမှုနှင့် Ares စီမံမှုများမှ တရားဝင်မဟုတ်ဘဲ ပူးတွဲကမ်းလှမ်းမှုများမှ ရှိထားသော ၂.၈ ဘီလျံဒေါ်လာအပါအဝင် မူလရှိသော အကြွေးများကို ၃.၂၅ ဘီလျံဒေါ်လာထိ တိုးမြှင့်လိုက်သည်။ ၂၀၀၉ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ရုန်းကန်နေရသော ရုပ်သံလွှင့်ရုံဖြစ်သည့် Setanta Sports က Access သည် ၅၁%ပိုင်ဆိုင်မှုရရန် ပေါင် ၂၀ မီလျံဖြင့် လေလံဆွဲခဲ့ရသည်ဟု ဖော်ပြခဲ့သည်။ သို့သော် Setanta သည် ပရီမီယာလိဂ်ပွဲများနှင့် သဘောတူညီမှုများအကြောင်း သိခွင့်မရခဲ့ဘဲ ၂၀၀၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ပရီမီယာလိဂ်က Setanta နှင့်သူတို့ ချုပ်ဆိုထားသည့် စာချုပ်ကို အဆုံးသတ်လိုက်သည်။

၂၀၁၀ နှစ်ဦးပိုင်းတွင် ဘလာဗတ်နစ်ခ် ၏ Access စက်မှုလုပ်ငန်းများသည် Metro-Goldwyn-Mayer ၏ လက်တစ်ဆုပ်စာ လေလံသမားများထဲမှ တစ်ခုဟု ပြောဆိုခံခဲ့ရသည်။ ထိုနှစ်ထဲတွင်ပဲ သူသည် အောက်စ်ဖို့ဒ်တက္ကသိုလ်သို့ နှစ်စဉ် ပေါင် ရ၅ မီလျံလှူဒါန်းရန် ကမ်းလှမ်းခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် AAA Credit များ၏ လုံခြုံရေး အပေါင်များကို ဝယ်ယူရန်အကြံပေးသည့် Morgan ၏ စကားကိုလိုက်နာလိုက်၍ ၁၀၀ မီလျံဒေါ်လာဆုံးရှုံးရသည်ဟူသော အကြောင်းဖြင့် ဘလာဗတ်နစ်ခ် သည် JPMorgan Chase ကို ၂၀၁၀ ခုနှစ်တွင် တရားစွဲဆိုခဲ့သည်။

ကြွယ်ဝမှု ပြင်ဆင်ရန်

Sunday Times ၏ ၂၀၀၆ ခုနှစ် လူချမ်းသာစာရင်းတွင် သူ့ကို ပျမ်းမျှပိုင်ဆိုင်မှု ခန့်မှန်းချေ ပေါင် ၄၆၇၀ မီလျံဖြင့် ၆ ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသည်။ Forbes ၏ ၂၀၁၀ ကမ္ဘာ့ဘီလျံနာများစာရင်းတွင် သူသည် ခန့်မှန်းချေပိုင်ဆိုင်မှု ရ.၅ ဘီလျံဒေါ်လာဖြင့် ၉၃ ယောက်မြောက်နေရာတွင်ရှိသည်။

ပရဟိတ ပြင်ဆင်ရန်

၂၀၁၀ ခုနှစ်တွင် Blavatnik က အောက်စ်ဖို့ဒ်တက္ကသိုလ်အား အစိုးရကျောင်းသစ်တည်ထောင်ရန် နှစ်စဉ် ပေါင် ရ၅ မီလျံ လှူဒါန်းမည်ဟု ကြေညာလိုက်သည်။ “တက္ကသိုလ် နှစ် ၉၀၀ သမိုင်းတွင် အကြီးကျယ်ဆုံးသော လူသားချင်းစာနာလှူဒါန်းမှု” ဖြစ်သည်ဟူသော ဆွဲဆောင်ချက်ဖြင့် တချိန်တည်းမှာပင် သူ၏ အကျိုးအမြတ်အတွက်လည်း ပေါင် ၁၀၀ မီလျံအထိ တက်သွားနိုင်သည့် ဖြစ်နိုင်ချများကို ထောက်ပြကြသည်။

အပိုဆောင်းကြည့်ရှုစရာများ ပြင်ဆင်ရန်