လီယိုနာ့ဒ် လော်ဒါ

အ​မေရိကန် နိုင်ငံသား ကု​ဋေကြွယ်သူ​​ဌေး၊ ပရဟိတသမား၊ အနုပညာပစ္စည်း စု​​ဆောင်းသူ

လီယိုနာ့ဒ် အလန် လော်ဒါ (၁၉၃၃ မတ်လ ၁၃ရက်မွေး) သည် အမေရိကန်နိုင်ငံသား ဘီလျံနာ၊ ပရဟိတ သမားနှင့် အနုပညာပစ္စည်း စုဆောင်းသူ တစ်ဦးဖြစ်သည်။​သူနှင့် သူ၏ ညီအစ်ကိုတော်စပ်သူ ရော်နယ် လော်ဒါတို့သည် သူတို့၏ မိဘများဖြစ်ကြသော အက်စတီး လော်ဒါ နှင့် ဂျိုးဆက် လော်ဒါတို့မှ ၁၉၄၆ ခုနှစ်တွင် တည်ထောင်ခဲ့သော အလှကုန်ပစ္စည်း ကုမ္ပဏီ အက်စတီးလော်ဒါ ကို အမွေဆက်ခံခဲ့ကြသည်။[၁]၁၉၉၉ ခုနှစ်အထိ အမှုဆောင်အရာရှိချုပ် အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် လော်ဒါသည် အက်စတီးလော်ဒါ ကုမ္ပဏီ၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်သည်။[၂] သူ စီအီးအို အဖြစ် လုပ်ကိုင်စဉ်ကာလက ၁၉၉၆ ခုနှစ်တွင် ကုမ္ပဏီသည် နယူးယောက် စတော့ခ်အိတ်ချိန်းမှ တဆင့် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီး အဓိက အလှကုန် အမှတ်တံဆိပ်များ ဖြစ်ကြသော အမ်အေစီ ကော့စမက်တစ်၊ အဗေဒါ၊ ဘော်ဘီဘရောင်း နှင့် လာမာ တို့ကို သိမ်းပိုက် ဝယ်ယူခဲ့သည်။[၃][၄]

လီယိုနာ့ဒ် လော်ဒါ
မွေးသက္ကရာဇ် ၁၉၃၃၊ မတ်လ ၁၉
အမေရိကန်ပြည်ထောင်စု
နိုင်ငံသား အမေရိကန်
အလုပ်အကိုင် ဥက္ကဋ္ဌ ၊ Estee Lauder
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၇.၉ ဘီလျံ (၂၀၂၀ ဒီဇင်ဘာ)

၂၀၁၃ ခုနှစ်တွင် လော်ဒါသည် သူ စုဆောင်းထားသော ကျုဘစ်ဆင် အနုပညာပစ္စည်းများကို မက်ထရိုပိုလစ်တန် အနုပညာ ပြတိုက်သို့ လှူဒါန်းရန် ကတိပေးခဲ့သည်။ ထိုစုဆောင်းမှုသည် ဒေါ်လာ ၁ ဘီလီယံ ကျော် တန်ဖိုး ရှိပြီး ပြတိုက်၏ သမိုင်းတွင် အကြီးမားဆုံး လှူဒါန်းမှု တစ်ခု ဖြစ်သည်။[၅] ဘလွန်းဘတ်ခ် မှ ၂၀၂၀ ဒီဇင်ဘာလတွင် သူ၏ ပိုင်ဆိုင်မှုကို အမေရိကန် ဒေါ်လာ ၂၇.၉ ဘီလီယံ အဖြစ် ဖော်ပြခဲ့ပြီး သူ့အား ကမ္ဘာပေါ်တွင် ၄၉ ယောက်မြောက် အချမ်းသာဆုံး သူဌေး ဖြစ်လာခဲ့သည်။[၆]

ကိုးကား ပြင်ဆင်ရန်