လုမ္ဗနီသဘာဝပန်းခြံ (Taman Alam Lumbini ) သည် မြောက်ဆူမားတြား၊ ဘီရာစတာဂီ (Berastagi)၊ ဒီဆာဒိုလတ်ရာယက် (Desa Dolat Rayat) တွင် တည်ရှိသည့် ဗုဒ္ဓစေတီတော်တစ်ဆူ ဖြစ်သည်။ ဖွင့်ပွဲကို ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည်။ စေတီတော်ဖွင့်ပွဲအခမ်းအနားသို့ ရဟန်းပေါင်း ၁၃၀၀ ကျော် ကြွရောက်ခဲ့ကြပြီး ကမ္ဘာတစ်ဝန်းမှ လူ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ဤစေတီတော်သည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကို ပုံစံတူယူကာ တည်ဆောက်ထားသည်။ တည်ဆောက်ထားသည့် ဗိသုကာပုံစံသည် မြန်မာနိုင်ငံရှိ ဘုရားများနှင့် ဆင်တူပြီး ရွှေဖြင့် မွမ်းမံခြယ်သထားသည်။ ဆင်ရုပ်တုနှင့် တံခါးကို မြန်မာ့လက်မှုပညာရှင်တစ်ဦးက ပြုလုပ်ထားသည်။

သမိုင်း ပြင်ဆင်ရန်

ဘုရားသည် ရွှေတိဂုံစေတီတော်ကို အခြေခံကာ တည်ဆောက်ထားသည်။ တည်ဆောက်မှုများကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် တည်ဆောက်မှုသည် အလုံးစုံ ပြီးစီးခဲ့သည်။ ဤစေတီတော်သည် မြန်မာနိုင်ငံရှိ စေတီများမှလွဲ၍ ကမ္ဘာပေါ်တွင် ဒုတိယမြောက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည်။ ဉာဏ်တော်သည် ၄၆.၈ မီတာ၊ အလျား ၆၈ မီတာ နှင့် အကျယ် ၆၈ မီတာ ရှိသည်။

  • ဘုရားကြီး (တစ်ဆူတည်းသာ) သည် အမြင့် ၄၂ မီတာ၊ အလျား ၂၅.၈ မီတာ၊ အကျယ် ၂၅.၈ မီတာ ရှိသည်။
  • သေးငယ်သည့် ဘုရား (ရှစ်ဆူရှိ) သည် အမြင့် ၇.၁၈မီတာ၊ အလျား ၅.၃၈ မီတာ၊ အကျယ် ၅.၃၈ မီတာ ရှိသည်။
  • အသောကျောက်စာတိုင် (တစ်ခုတည်းသာ) သည် အမြင့် ၁၉.၈ မီတာ၊ တိုင်၏ အချင်းသည် ၀.၈ မီတာ ရှိသည်။
  • မြန်မာနိုင်ငံမှ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် စကြာမုနိဗုဒ္ဓရုပ်ပွားတော်သည် လေးဆူရှိသည်။

ကိုးကား ပြင်ဆင်ရန်