လုံ့လလည်းထူ မိုးလည်းကူ နွားချေးလည်းချ ကံလည်းမ

လယ်သမားသည် လုံ့လဝီရိယစိုက်ထုတ်မှု ရှိခြင်း၊ နွားချေးစသော မြေဩဇာချပေးခြင်း၊ မိုးကလည်း အချိန်မှန်ရွာသွန်းခြင်း၊ ကုသိုလ်ကံကလည်း ထောက်မပေးခြင်းတို့ကြောင့် သီးနှံအောင်မြင်သကဲ့သို့ လုပ်ငန်းတစ်ခုတွင် ကံ၊ဉာဏ်၊ဝီရိယ သုံးပါးလုံးပြည့်စုံပါမှ အောင်မြင်မှု အပြည့်အဝ ရရှိသည်။

(လုံ့လလည်းထူ ဉာဏ်လည်းကူ မျိုးစေ့လည်းချ ငါလည်းမ - ဟူ၍လည်း အသုံးရှိသည်။)

"လုံ့လလည်းထူ မိုးလည်းကူ နွားချေးလည်းချ ကံလည်းမဆိုသော တောင်သူတို့၏ စကားပုံအတိုင်း အတိတ် ပစ္စုပ္ပန် ကံနှစ်ကံ ညီညွတ်ပါမှ စပါးလယ်ကြီး ကောင်းစွာသီးသကဲ့သို့....."