လုံးချောသည် အနားယူသွားပြီဖြစ်သည့် မြန်မာနိုင်ငံသား လက်ဝှေ့အားကစားသမားတစ်ဦး ဖြစ်ကာ အလွတ်တန်းကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့ဖူးသူတစ်ဦးလည်း ဖြစ်သည်။

လုံးချော
မွေးဖွား (1976-10-30) အောက်တိုဘာ ၃၀၊ ၁၉၇၆ (အသက် ၄၇)
ဧရာဝတီတိုင်းဒေသကြီး, မြန်မာနိုင်ငံ
အမည်ရင်းမောင်နိုင်လင်း
အခြားအမည်များလုံးချော
နိုင်ငံသားမြန်မာနိုင်ငံ မြန်မာ
အမြင့်၁.၈၃ m (၆ ft ၀ in)
ကိုယ်လေးချိန်၈၀ kg (၁၇၆ lb)
StanceOrthodox
အသင်းသတ္တိလက်ဝှေ့ကလပ်, KLN
သင်ကြားသူစောဧရာ
ဦးဒေါင်းညို
ဝင်းဇင်ဦး
တက်ကြွသောနှစ်များ1995-2012
ကြင်ဖော်မဇင်ဇင်မြ
ဆုတံဆိပ် ရာဇဝင်
Men's Lethwei
 မြန်မာ ကိုယ်စားပြု
Myanmar Interstate Tournament
အနိုင်ရသူ 1999 Yangon, Myanmar 75kg

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

လုံးချောသည် ကရင်လူမျိုးတစ်ဦး ဖြစ်သည်။ လုံးချောကို ဧရာဝတီတိုင်းဒေသကြီးရှိ ကျေးရွာတစ်ရွာတွင် ဖွားမြင်ခဲ့သည်။ သူသည် ကိုးတန်းကျောင်းသားအရွယ်တွင် ကျောင်းမှ ထွက်ခဲ့ပြီးနောက် မိသားစု၏ လယ်ယာအလုပ်တွင် အချိန်ပြည့် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် သူသည် လက်ဝှေ့လေ့ကျင့်မှုများကို စတင်ခဲ့ပြီး သူသည် ကြေးစားအားကစားသမားတစ်ဦး ဖြစ်လာစေရန်အတွက် ရည်ရွယ်ခဲ့သည်။ သူသည် သူ၏ မြို့တွင်ပင် လေ့လာခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် သူသည် ရန်ကုန်သို့ ပြောင်းရွှေ့လာပြီးနောက်တွင် ရန်ကုန်တိုင်းကို ကိုယ်စားပြုကာ မြန်မာပြည်လက်ဝှေ့ချန်ပီယံ ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။[၁] သူ၏ ပထမဆုံးထိုးသတ်ဖူးခဲ့သည့်ပွဲကို ရိုးရာပွဲတော်တစ်ခုတွင် ထိုးသတ်ခဲ့သည်။[၂]

၂၀၀၄ ခုနှစ်တွင် သူသည် သတ္တိလက်ဝှေ့ကလပ်တွင် ဝင်းဇင်ဦး၏ လေ့ကျင့်သင်ကြားပေးမှုအောက်တွင် လေ့ကျင့်ခဲ့သည်။ ၂၀၁၂ ခုနှစ် အသက် ၃၆ နှစ်အရွယ်တွင် သူသည် လက်ဝှေ့ထိုးသတ်မှုကို ရပ်နားခဲ့ကာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။[၃][၄][၅]

လက်ဝှေ့သမားဘဝ ပြင်ဆင်ရန်

လုံးချောသည် ပြည်တွင်းနှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက်ထိုးသတ်ခြင်းဖြင့် နာမည်တစ်ခု ရလာခဲ့သူ ဖြစ်သည်။ သူသည် ဂျပန်နိုင်ငံသို့ သွားရောက်ထိုးသတ်ခဲ့သည့် ပထမဆုံးသော လက်ဝှေ့အားကစားသမားတစ်ဦးလည်း ဖြစ်သည်။[၆][၇]

လုံးချောသည် မြန်မာနိုင်ငံတိုင်းနှင့်ပြည်နယ်ဆုကို ၁၉၉၉ ခုနှစ်တွင် ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ရွှေခါးပတ်ချန်ပီယံဆုများကို ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ရွှေဝါထွန်းနှင့် ထိုးသတ်ခဲ့သည့်ပွဲသည် လူသိများခဲ့သည်။[၁]

၂၀၀၈ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် သူသည် ဝင်းထွန်းနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ထိုပွဲ၏ ရလဒ်သည် လုံးချောအား ထင်ရှားစေခဲ့သည်။ ၆၃ ကီလိုတန်း စိန်ခေါ်သူ ဝင်းထွန်းကို ပွဲစဉ်အပြည့်နီးပါး ထိန်းချုပ်ကာ ကစားနိုင်ခဲ့သည်။[၈]

ချန်ပီယံဖြစ်မှုနှင့် အောင်မြင်မှုများ ပြင်ဆင်ရန်

gg

bb ပြင်ဆင်ရန်

လက်ဝှေ့ပွဲမှတ်တမ်းများ ပြင်ဆင်ရန်

Lethwei record

Legend:       Win       Loss       Draw/No contest       Notes

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Tin Moe Aung။ "From a rice farmer to king of the ring"၊ Myanmar Times၊ 9 September 2007။ 
  2. Pinky။ "Kick-boxer drawn into fighting for a living"၊ Myanmar Times၊ 16 July 2012။ 18 November 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 29 March 2020။ 
  3. Leena Salim။ "A Gentle Legend - A Lethal Fighter"၊ Myanmore၊ 1 April 2015။ 
  4. Kyaw Zin Hlaing။ "Lone Chaw’s protégé"၊ Myanmar Times၊ 15 January 2016။ 18 November 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2019။ 
  5. Htet Moe Thu။ "MMA မှာ မြန်မာရိုးရာ လက်ဝှေ့ ကို ချပြတော့မဲ့ အောင်လအန်ဆန်း"၊ Real Than၊ 20 November 2019။ [လင့်ခ်သေ]
  6. Tin Moe Aung။ "Myanmar's traditional boxers thrash Thai fighter in Yangon"၊ Myanmar Times၊ 17 November 2008။ 
  7. Andre Malerba။ "Traditional kickboxing, an ancient sport makes a revival"၊ Myanmar Times၊ 22 September 2013။ 19 November 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 27 November 2020။ 
  8. Tin Moe Aung။ "Underdog steals the show, misses KO"၊ Myanmar Times၊ 28 April 2008။