လူခြောက်

‌မိခင်ဝမ်းတွင်းသေဆုံးသွားသောသန္ဓေသားခြောက်

လူခြောက်ဆိုသည်မှာ သန္ဓေသားက မိခင် ဝမ်းတွင်းမှာပင် သေဆုံးသွားခြင်းဖြစ်သည်။ ကိုယ်ဝန်ပတ်၂၀ကျော်မှ မမွေးမချင်း မိခင်၏ ဝမ်းထဲတွင် သေဆုံးသွားသမျှ အကုန်လုံးကိုလူခြေက်ဟုခေါ်ကြသည်။

ယခင်က ကိုယ်ဝန်ဆောင်သည်များမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ကောင်းကောင်း မရကြသဖြင့် မိခင်ဗိုက်ထဲမှာတင် သေဆုံးသွားသည့်ကလေးများ များပြားကြသည်။ထိုါကြောင့် လူခြောက်လေးများလည်း များပြားသည်။ယခုနောက်ပိုင်းတွင် ကိုယ်ဝန်စောစောအပ်ကြသည့် မိခင်များ များပြားလာကြသဖြင့် ယခုကဲ့သို့ သေဆုံးခြင်းတွေ နည်းသွားသည်။ထို့ကြောင့် လူခြောက်လေးများလည်း အတွေ့ရနည်းသွားသည်။သို့‌သော်ရှိတော့ရှိနေသေးသည်။

လူခြောက် ဖြစ်ပေါ်ပုံအဆင့်ဆင့် ပြင်ဆင်ရန်

ဗိုက်ထဲမှ သန္ဓေသား‌ သေဆုံးသွားသောအခါ ပြင်ပမှလူများသေဆုံးသလို ပုပ်သွားတတ်သည်။၎င်းပုပ်ခြင်းက အချိန်နှင့်အမျှ အဆင့်ဆင့် ဖြစ်ပေါ်‌နေသည်။

ပုပ်ခြင်းအဆင့် ၀ သေဆုံးပြီးကြာချိန်- ၈နာရီ လက္ခဏာများ- အရေပြားများနီပြီး အပူလောင်တာနှင့် ဆင်တူပါသည်။

ပုပ်ခြင်းအဆင့် ၁ သေဆုံးပြီးကြာချိန်-၈နာရီ လက္ခဏာများ-အရေပြားများ အဖက်လန်လာပါသည်။

ပုပ်ခြင်းအဆင့် ၂ သေဆုံးပြီးကြာချိန်- ၂-၇ရက် လက္ခဏာများ –အဖက်လန်ခြင်းများ ပိုသိသာလာပါသည်။

-ဗိုက်နှင့် ရင်ဘတ်များတွင် သွေးရောင်များနှင့် နီရဲနေတတ်ပါသည်။

ပုပ်ခြင်းအဆင့် ၃ သေဆုံးပြီးကြာချိန်-၈ရက် လက္ခဏာများ –အသည်းက ဝါနေပါပြီ။

-ကလေး၏ ကိုယ်တွင်းအရည်တွေ နောက်နေပါပြီ။
-ခြောက်ပြီး မာသွားပါပြီ။ (လူခြောက်လေး ဖြစ်သွားပါပြီ။)

မိခင်များက ကလေးဗိုက်ထဲတွင် သေဆုံးသွားခြင်းကို ချက်ချင်းသိနိုင်ရန်ခဲယဉ်းသည်။ ၁ပတ်ခန့်ကြာမှ သိသဖြင့်မွေးထုတ်လိုက်ရပြီဆိုလျှင် လူခြောက်လေးဖြစ်နေပါပြီ။

အကြောင်းရင်းများ ပြင်ဆင်ရန်

•အချင်း သို့မဟုတ် ချက်ကြိုးတွင် ပြဿနာတစ်ခုခုရှိနေခြင်း (ထို့ကြောင့် ကလေးဆီသို့ လိုအပ်သော အာဟာရများ၊ အောက်ဆီဂျင်များ မရဘဲ ဆုံးသွားပါသည်။)
•ကိုယ်ဝန်ဆိပ်တက်တာ
•အရေပြားလေးဖက်နာရှိခြင်း (ထိုရောဂါရှိရင် ဖြစ်ကို ဖြစ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေများစေပါတယ်။)
•ဟေမိုဖီးလီးယားလိုမျိုး သွေးမတိတ်ပြဿနာရှိလျှင်လည်း ဖြစ်နိုင်ခြေများပါသည်။
•ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သိုင်းရွိုက်ရောဂါနှင့် ပိုးဝင်ခြင်းတွေကလည်း သန္ဓေသားကို ဗိုက်ထဲမှာတင် ဆုံးသွားစေနိုင်ပါသည်။
•မိခင်မှ ကိုယ်ဝန်ကြီးနှင့် အရက်သောက်လျှင်၊ ဆေးလိပ်သောက်လျှင်၊ မူးယစ်ဆေးတွေ သုံးလျှင်လည်း ဖြစ်တတ်ပါသည်။
•ကိုယ်ဝန်ပတ် ၂၄ပတ်နှင့်၂၇ပတ်ကြားတွင် ပိုးဝင်ကူးစက်ခံရမည်ဆိုလျှင်လည်း ကလေးသေဆုံးနိုင်ခြေများသည်။(ပိုးတွေကတော့ အများကြီးပါပဲ။ မိန်းမကိုယ်ကနေ သားအိမ်ကို တက်လာတဲ့ ပိုးတွေလည်း ပါပါတယ်။ တုပ်ကွေးလို ဗိုင်းရပ်စ်တွေ၊ ဂျိုက်သိုး၊ ရေယုန် စတာတွေလည်း ပါပါတယ်။ တချို့ပိုးတွေက အကူးခံရပြီး ကလေးသာ ဆုံးသွားပေမယ့် လက္ခဏာမပြတာလည်း ရှိနိုင်ပါတယ်။)
•ကားတိုက်ခံရတာလိုမျိုး ပြင်းထန်သည့် ထိခိုက်ဒဏ်ရာများကလည်း သန္ဓေသားကို သေဆုံးစေနိုင်ပသည်။
•ကိုယ်ဝန်ဆောင်ချိန်တွင် Intrahepatic cholestasisဟူသည့် အသည်းရောဂါကြောင့်လည်း သန္ဓေသားက ဗိုက်ထဲမှာတင် ဆုံးသွားတတ်သည်။ (ဒီရောဂါက သိသာတဲ့ လက္ခဏာက ပြင်းပြင်းထန်ထန် ယားယံတာပဲ ဖြစ်ပါတယ်။)

ယခုကဲ့သို့အကြောင်းအရင်းများ ရှိသော်လည်း ဗိုက်ထဲမှာတင် သေဆုံးသွားသည် ကလေး၃ယောက်တွင် ၁ယောက်က အကြောင်းအရင်းမရှိဘဲ ဆုံးသွားတာဘဲ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်