လူဆိုး(ခ)လူမိုက် ပြင်ဆင်ရန်

ဆိုးသွမ်းသောအကျင့်စရိုက်ရှိပြီးစရိုက်အတိုင်း အထိန်းအကွပ်အဆင်ခြင်မဲ့စွာ ကျင့်သုံးသူ။ ပါဠိလို ဗာလ (ဝါ) ဗာလနံ သူမိုက် ပညာရည်ချင်းသိမ်ဖျဉ်းသူများဖြစ်ပြီး အမှားအမှန်ခွဲခြားမသိသူများကို ဆိုသည်။ သူမိုက်များမှာ လူဆိုးဖြစ်လွယ်ဖြစ်တတ်ကြသည်။ လူဆိုးဆိုသည်မှာ မိမိ၏အကျိုးစီးပွား နှင့် ယှဉ်လာပါက မိမိအပေါ်တွင်ကျေးဇူးရှိခဲ့ဘူးသူကိုစာနာထောက်ထားမှု မရှိသူဖြစ်သည်။

လူဆိုး (ဘန်းစကား) ပြင်ဆင်ရန်

ချစ်သူရည်းစားစသည်ချစ်ခင်သူအပေါ်ချစ်စနိုးဖြင့် ကျီစယ်ကလူ နောက်ပြောင် ပြောဆိုသော အချင်းချင်းတိုက်ရိုက်သုံးသောစကား။

လူဆိုး ပြင်ဆင်ရန်

ဆိုးသွမ်း မိုက်မဲသူ။

လူမိုက် နှစ်မျိုး ပြင်ဆင်ရန်

The fool who knows that he is a fool can for that reason be a wise man; but the fool who thinks that he is wise is, indeed, called a fool.

Verse 63

လူမိုက်ဖြစ်စေကာမူ မိမိမိုက်ကြောင်း သိသူသည် ယင်းသို့အဖြစ်မှန်ကို သိခြင်းကြောင့် ပညာရှိနှင့်တူသူ ဖြစ်နိုင်၏။ လူမိုက်ဖြစ်လျက် မိမိကိုယ်မိမိ ပညာရှိ ထင်နေသူကိုမူ မိမိမိုက်ကြောင်း နားမလည်သောကြောင့် တကယ့် ပညာမဲ့ လူမိုက်ဟု ဆိုသင့်၏။

ဓမ္မပဒ (၆၃) ဂဏ္ဌိဘေဒက စောရ ဝတ္ထု