၁၉၄၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်နေ့၌ လူထုဂျာနယ်ကို စတင်ထုတ်ဝေခဲ့သည်။ လူထုဂျာနယ်ထုတ်ဝေပြီး ၉ လကြာ သောအခါ လူထုသတင်းစာကို ထုတ်ဝေသည်။ လူထုသတင်းစာအား စတင်ထုတ်ဝေသည့် နေ့မှာ ၁၉၄၆ ခုနှစ် ဧပြီ ၁၉ ရက်ဖြစ်သည်။ လူထုဂျာနယ် ပထမအစောင်၌ ကျွန်ုပ်တို့၏ ဂျာနယ်သည် မည်သည့်ဂိုဏ်းဂဏပါတီတို့နှင့်မှ ငွေရေးကြေးရေး၊ ဝါဒရေးတို့နှင့်ပတ်သက်၍ စပ်လျဉ်းခြင်းမရှိ၊ ကျွန်ုပ်တို့ ယုံကြည်ယူဆသည့်အတိုင်း တစ်သမတ်တည်း သွားမည်ဖြစ်ကြောင်း။ ဂျာနယ်၏ မူဝါဒနှင့် ပတ်သက်၍ ဖော်ပြခဲ့သည်။ လူထုသတင်းစာအဖြစ်ထွက်ပေါ်လာသော်လည်း လူထုဂျာနယ်အား ရပ်ပစ်ခြင်းမပြုပဲ ဆက်လက်ထုတ် ဝေသည်။ ၁၉၅၆ ခုနှစ်၌ သတင်းကော် ဂျာနယ်ပါ ကောင်းမ တစ်သမတ်တည်း သွားမည်ဖြစ်ကြောင်း။ ဂျာနယ်၏ မူဝါဒနှင့် ပတ်သက်၍ ဖော်ပြခဲ့သည်။ လူထုသတင်းစာအဖြစ် ထွက်ပေါ်လာသော်လည်း လူထုဂျာနယ်အား ရပ်ပစ်ခြင်းမပြုပဲ ဆက်လက်ထုတ် ဝေသည်။ ၁၉၅၆ ခုနှစ်၌ သတင်းကော် ဂျာနယ်ပါ ကောင်းမွန်အောင်ပြုလုပ်ရန် မလွယ်ကူသောကြောင့် လူထုဂျာ နယ်အား ရပ်ဆိုင်းခဲ့သည်။ လူထုသတင်းစာအား ၁၉၄၆ ခုနှစ် ဧပြီလ ၁၉ ရက်နေ့၌ စတင်ထုတ်ဝေခဲ့ပြီး ၁၉၆၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရပ်စဲခြင်းခံခဲ့ရသည်။

ကိုးကား ပြင်ဆင်ရန်

လူထုဦးလှ ကွယ်လွန်ခြင်း အမှတ်တရ စာစုများ (၁၉၉၄၊ ဩဂုတ်၊ ပထမအကြိမ်၊ ကြီးပွားရေးစာအုပ်တိုက်)