လူမင်း
လူမင်းသည် ၁၉၇၀-ခုနှစ်၊ မေလ၊ ၅-ရက်နေ့တွင် အဖ ဦးသိန်းလှိုင်နှင့် အမိ ဒေါ်ရီရီလှိုင်တို့မှ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ မောင်မင်းမင်းလှိုင် ဖြစ်သည်။
လူမင်း | |
---|---|
မွေးဖွား | ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့၊မိုးကောင်းရပ်ကွက် |
နိုင်ငံလူမျိုး | မြန်မာ |
အလုပ်အကိုင် | ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ |
ကျော်ကြားမှုအရင်းခံ | နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်၊ |
သားသမီး | ဧရာဝတီလူမင်း၊ ဧဝရတ်လူမင်း |
မိဘ(များ) | ဦးသိန်းလှိုင်+ ဒေါ်ရီရီလှိုင် |
၁၉၉၅ခုနှစ်မှ စတင်ကာ အနုပညာလောကထဲသို့ ဝင်ရောက်လာကာ ၂၀၀၂-ခုနှစ်တွင် ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင် ဇာတ်ကားဖြင့် အကယ်ဒမီ ရခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကျန်စစ်မင်း ရုပ်ရှင်ကိုရိုက်ကူးပြသကာ အကယ်ဒမီ ထပ်မံ ရရှိပြန်သည်။ လူမင်းသည် မြန်မာ့ အနုပညာလောကမှာ အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည်။ ကျန်စစ်သား ဇာတ်ကားကို မလေးရှား၊ စင်္ကာပူ၊ ဩစတြေးလျနှင့် တရုတ်နိုင်ငံတိုတွင် ရုံတင်ပြသခဲ့သည်။
၂၀၀၄-ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ခင်စံပယ်ဦး (ခင်စပယ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်)(သီဟတင်စိုး၊ စည်သူတင်စိုးတို့၏ ညီမ) နှင့် လက်ထပ်ခဲ့သည်။ ဧရာဝတီလူမင်းအမည်ရှိသော သမီးလေးတစ်ယောက် ထွန်းကားသည်။
ရရှိခဲ့သော ဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ
ပြင်ဆင်ရန်ဆုအမည် | ခုနှစ် | ဆုအမျိုးအစား | ဇာတ်ကား | မှတ်ချက် |
---|---|---|---|---|
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | ၂၀၀၂ | အမျိုးသားဇာတ်ဆောင်ဆု | ရွှေမှုန်ကြဲတဲ့မိုးကောင်းကင် | ဆုရရှိ |
၂၀၀၅ | အမျိုးသားဇာတ်ဆောင်ဆု | ကျန်စစ်မင်း | ဆုရရှိ | |
ရုပ်ရှင်ဇာတ်ကားဆု (ဧဝရတ် ရုပ်ရှင်ထုတ်လုပ်ရေး) | ကျန်စစ်မင်း | ဆုရရှိ | ||
၂၀၁၆ | အမျိုးသားဇာတ်ပို့ဆု | ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ | ဆုရရှိ | |
Star Awards | ၂၀၁၉ | အမျိုးသားဇာတ်ပို့ဆု | ငယ်ကျွန် | ဆုရရှိ |
ကိုးကား
ပြင်ဆင်ရန်- ↑ မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ