လူမျိုးစု တစ်ခု (သို့မဟုတ် လူမျိုး) သည် လူအများ စုထားသည့်အဖွဲ့ တစ်ခုဖြစ်ပြီး အဖွဲ့ဝင်များသည် တူညီသော ဆက်ခံမှု၊ တူညီသော ဘာသာစကား၊ တူညီသော ယဉ်ကျေးမှု (ကိုးကွယ်မှု တစ်ခုတည်းကို အတူကိုးကွယ်ခြင်း အပါ အဝင်) နှင့် တူညီသောမျိုးရိုး သို့မဟုတ် မျိုးနွယ်စုတွင်းတွင်သာလက်ဆက်ခြင်း တို့ကို အလေးထားသည့် သဘော တရားတို့မှတဆင့် တစ်ဦးနှင့် တစ်ဦး အမှတ်သညာ ပြုကြသည်။ ယေဘုယျအားဖြင့် ၎င်းသည် တိကျသော ပထဝီအနေအထားဆိုင်ရာ နေရာတစ်နေရာ၊ အစားအစာနှစ်သက်ပုံ အပါအဝင် တူညီသော ဘာသာစကား နှင့် ရိုးရာဓလေ့များ နှင့် တူညီသော ကိုးကွယ်မှုဆိုင်ရာ ယုံကြည်ချက်တို့နှင့် ဆက်သွယ်ထားသော ဇာတိမြေ အတွင်း စိတ်ဝင်စားမှုကို မျှဝေထားသည့် မြင့်မားသော ဇီဝဗေဒသဘောတရားဖြင့် မိမိကိုယ်ကိုဆက်လက် တည်တံ့ စေသော အုပ်စုတစ်ခု ဖြစ်သည်။ လူမျိုးစုတစ်စု၏ အဖွဲ့ဝင်များသည် လူမျိုးစုတစ်စုတွင် ပိုင်ဆိုင်ကြောင်း အသိရှိကြသည်။ ထို့ပြင် လူမျိုး၏ ကိုယ်ပိုင် လက္ခဏာသည် အခြားသော အုပ်စုတို့မှ ကွဲပြားခြားနားကြောင်း အသိအမှတ်ပြုခြင်းဖြင့် ပိုမို၍ထင်ရှားစေသည်။ ထိုသို့ သော အမှတ်သညာပြုခြင်း ဖြစ်ပေါ်လာစေသည့် ဖြစ်စဉ်များကို လူမျိုးစု မူလအစ ဟု ခေါ်သည်။

အမည်မှည့်ခေါ်ပုံ နှင့် အနက်ဖွင့်ဆိုချက် ပြင်ဆင်ရန်

လူမျိုးစုနှင့်ဆိုင်သော နှင့် လူမျိုးစု ဟူသော အသုံးအနှုန်းများသည် ဂရိ စာလုံး ἔθνος ethnos (အက်သနိုစ်) မှ ဆင်းသက်လာပြီး ပုံမှန်အားဖြင့် "လူမျိုး" ဟူ၍ပြန်ဆိုနိုင်သည်။ ထိုအသုံးအနှုန်းများသည် လက်ရှိ ကွဲပြားခြားနား သော ရိုးရာတို့ကို အတူမျှဝေနေကြသော တူညီသည့်မျိုးရိုးရှိသည်ဟု ယူဆကြသည့် လူအများအား ရည်ညွှန်းသည်။

၁၉ ရာစုအလယ်တွင် ခေတ်ပေါ် အနက်ဖွင့်ဆိုမှု ပေါ်ပေါက်လာပြီး၊ "လူထုတစ်ရပ်" သို့မဟုတ် "လူမျိုးတစ်မျိုး" ၏ သဘောတရား ကို ဖော်ပြသည်။ လူမျိုးဝိသေသ ဟူသည့် အသုံးအနှုန်းသည် ၂၀ ရာစု၏ အသစ်ထွင်သောစကားဖြစ်ပြီး ၁၉၅၀ နှစ်များမှ စ၍ အတည်ပြုလက်ခံလာခဲ့သည်။ လူမျိုး ဟူသော အသုံးအနှုန်းသည် အကြောင်းအရာ ပေါ်မူတည်၍ လူမျိုးဝိသေသနှင့် အဓိပ္ပာယ်တူ သို့မဟုတ် နိုင်ငံသား နှင့် အဓိပ္ပာယ်တူသုံးသည် (လွတ်လပ်သော အချုပ်အခြာ အာဏာရှိသည့် နိုင်ငံတွင်)။

"လူမျိုးစု" ဟူသည့် ခေတ်ပေါ်သုံးစွဲမှုသည် စက်မှုနိုင်ငံတို့ ပြင်ပအုပ်စုများဖြစ်သော အခြားနိုင်ငံမှ ရွှေ့ပြောင်းဝင်လာ သူများ နှင့် ဒေသခံလူထု နှင့်ပတ်သက်သော အမျိုးအစားများစုံလင်လှသော ပက်ပင်းကြုံတွေ့မှုတို့ကို ပိုမိုရောင်ပြန်ဟပ် လာစေသည်။ ထို့ကြောင့် "လူမျိုး" ဟူသည် "နိုင်ငံသား" နှင့်ဆန့်ကျင်ဘက် အဖြစ်ရှိသွားပြီး ပြောင်းရွှေ့ဝင်လာခြင်းမှ တဆင့် သို့မဟုတ် အောင်နိုင်ခြင်းမှတဆင့် ရောက်လာသည့် ထူးခြားသော ယဉ်ကျေးမှု ပုံဖော်သတ်မှတ်ချက်များနှင့် လူထု အား ရည်ညွှန်းသည်။ ယင်းသည် မတူညီသော ယဉ်ကျေးမှု ခေတ်ရေစီးကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် "လူမျိုး" ဟူ၍ ဖြစ်လာဖွယ်ရှိသည်။ လူမျိုးစု ဟူသည့် အသုံးအနှုန်းကို ၁၉၃၅တွင်ပထမဆုံး သုံးနှုန်းခဲ့ပြီး အောက်(စ်) ဖို့(ဒ်) အင်္ဂလိပ် အဘိဓာန် တွင်းသို့ ၁၉၇၂ တွင် ဝင်ရောက်လာသည်။

ထို့ကြောင့် ယနေ့ခေတ်၏ နေ့စဉ်သုံး ဘာသာစကားတွင် "လူမျိုး" နှင့် "လူမျိုးဝိသေသ" ဟူသော စကားလုံးများသည် တိုင်းတပါးမှလာသော လူများ၊ လူနည်းစု ပြဿနာများ နှင့် လူမျိုးရေး အဓိကရုဏ်းများအား ဝိုင်းပြနေဆဲဖြစ်သည်။

လူမှုရေးသိပ္ပံ တွင်၊ မည်သို့ပင်ဖြစ်စေ ထိုသုံးစွဲမှုသည် မိမိတို့ကိုယ်တိုင်နှင့် အခြားသူများမှ ယဉ်ကျေးမှုအရ ထူးခြား သည်ဟု ရှင်းလင်းစွာ သတ်မှတ်ထားသော လူသားအုပ်စုများအားလုံးသို့ ပိုမိုပြီး ယေဘုယျကျလာပြီဖြစ်သည်။"လူမျိုးစု" ဟူသော အသုံးအနှုန်းကို လူမှုရေးလေ့လာမှုများသို့ သယ်ယူလာသော သူများထဲမှ ပထမဆုံးမှာ ဂျာမန် လူမှုဗေဒပညာရှင် Max Weber (မက်စ်ဝီဘာ ) ဖြစ်ပြီး၊ ၎င်းကဖွင့်ဆိုရှင်းလင်းထားသည်မှာ -သွင်ပြင်ပုံစံ သို့မဟုတ် ထုံးတမ်းဓလေ့တူညီမှု သို့မဟုတ် ထိုနှစ်ခုလုံးတူညီမှုကြောင့်လည်းကောင်း၊ သို့မဟုတ် ကိုလိုနီပြုခဲ့သည့် အမှတ်ရစရာများနှင့် ရွှေ့ပြောင်းခဲ့သည့် အမှတ်ရစရာများကြောင့် ထိုလူအုပ်စုများသည် သူတို့၏ တူညီသောဆင်းသက်လာမှုတွင် နှလုံးသွင်းယုံကြည်လက်သင့်ခံပြီး အမှန်တကယ် သွေးချင်းတော်စပ်နေရန် အဓိက မကျဘဲ ထိုယုံကြည်မှုသည်သာ အုပ်စုဖြစ်ပေါ်လာစေရန် အတွက် အလွန်အရေးကြီးလှသည်။

လူမျိုးဝိသေသအား နားလည်ရန် ချဉ်းကပ်နည်းများ ပြင်ဆင်ရန်

လူသားတို့ဘဝနှင့် လူမှုဝန်းကျင်တွင် လူမျိုးဝိသေသ၏သဘောသဘာဝကို အချက်တစ်ခုအဖြစ် နားလည်ရန် ကြိုးစား သောအခါ လူမျိုးဝိသေသအားနားလည်ရန် ကွဲပြားသောချဉ်းကပ်နည်းများကို လူမှုသိပ္ပံပညာရှင် အမျိုးမျိုးမှ သုံးစွဲခဲ့ကြသည်။ ထိုသို့သော ချဉ်းကပ်နည်းများ၏ ဥပမာတို့မှာ- ကမ္ဘာဦးဝါဒီ၊ ပဓာနဝါဒီ၊ ရေရှည်ဝါဒီ၊ ဖန်တီးမှုဝါဒီ၊ ခေတ်ပေါ်ဝါဒီ နှင့် ဖြေရှင်းမှုဝါဒီ တို့ ဖြစ်သည်။

လူမျိုးဝိသေသ နှင့် မျိုးရိုး ပြင်ဆင်ရန်

Weber (ဝီဘာ) မတိုင်ခင်က မျိုးရိုးနှင့် လူမျိုးဝိသေသတို့အား တူညီသောအရာတစ်ခု၏ အမြင်နှစ်မျိုး အဖြစ် မြင်ခဲ့ကြ သည်။ ၁၉၀၀ ဝန်းကျင်နှင့် လူမျိုးဝိသေသအား ပဓာနကျ၊ ကမ္ဘာဦးကျစွာ နားလည်မှုမှာ လွှမ်းမိုးနေခဲ့သည့် မတိုင်မီတွင်၊ လူထုအကြား ယဉ်ကျေးမှုမတူညီကြခြင်းသည် မွေးရာပါ ထူးခြားသည့်လက္ခဏာများ နှင့် သက်ရောက်မှုများ တို့၏ရလဒ်အဖြစ် မြင်ခဲ့ကြသည်။ ထိုအချိန်သည် ဦးခေါင်းခွံပုံစံကဲ့သို့သော ပြင်ပရုပ်လက္ခဏာများ မတူညီကြသော လူဦးရေတို့၏ ယဉ်ကျေးမှုနှင့် အမူအကျင့်ဆိုင်ရာဉာဉ်တို့အား အပြန်အလှန်အားဖြင့် ဆက်စပ်နှီးနွယ်နိုင်ကြောင်း ဦးခေါင်းခွံပုံစံကိုကြည့်၍ လူ၏ဉာဉ်ကို စူးစမ်းတွက်ချက်ခြင်း ကဲ့သို့သော "သိပ္ပံပညာ" မှ အခိုင်အမာဆိုခဲ့သည်။ လူမှုရေးတည်ဆောက်မှု၊ မျိုးရိုး နှင့် လူမျိုးဝိသေသ တို့မှာ တစ်ခုမှတစ်ခု ပိုင်းခြားထားမှုအဖြစ် ဝီဘာ၏ လူမျိုးဝိသေသ အား မိတ်ဆက်မှုပြုခြင်းတွင် တွေ့ရသည်။ ဇီဝဗေဒ အရ ကောင်းမွန်စွာတည်ရှိနေသော မျိုးရိုးများအား လူမှုရေး ယုံကြည်ချက် သည် ဆက်လက်တည်မြဲလျက်ရှိသည်။

၁၉၅၀ တွင် နိုင်ငံတကာမှ ထင်ရှားသော ပညာရှင်အချို့ (Ashley Montagu (အက်ရှ်လေ မွန်တက်ဂူ)၊ Claude Lévi-Strauss (ကလောဒီ လယ်ဗွီ-စထရော်(စ်))၊Gunnar Myrdal (ဂန်နာ မိုင် ရာဒယ်)၊ Julian Huxley (ဂျူလီရန် ဟူစ်လေ) စသူတို့အပါအဝင်) လက်မှတ်ရေးထိုးခဲ့သော UNESCO (ယူနက်စ်စကို) ၏ လူမျိုးရေးပုစ္ဆာ တွင်အကြံပြုထားသည်မှာ "နိုင်ငံသားနှင့်ဆိုင်သော၊ ကိုးကွယ်မှုနှင့်ဆိုင်သော၊ ပထဝီအနေအထား၊ ဘာသာစကား ဆိုင်ရာ နှင့် ယဉ်ကျေးမှုနှင့်ဆိုင်သောအုပ်စုများသည် လူမျိုးရေးအုပ်စုတို့နှင့် အတိအကျတိုက်ဆိုင် မနေကြောင်း နှင့် ထိုအုပ်စု များ၏ ယဉ်ကျေးမှုဆိုင်ရာ ထူးခြားသည့်လက္ခဏာများမှာ လူမျိုးရေးထူးခြားသည့် လက္ခဏာများတို့နှင့် အထင်အရှား ရေးဆွဲဖော်ပြထားသော မျိုးရိုးဗီဇ ဆက်သွယ်မှု မရှိကြောင်း ဆိုထားသည်။ 'လူမျိုးရေး' ဟူသော အသုံးအနှုန်းအား ခေတ်စားသောစကား အဖြစ် အသုံးပြုသောအခါ ထိုကဲ့သို့သော အရေးကြီးသည့်အမှားများ ပြုလုပ်မိသည့် အလေ့အထရှိသောကြောင့်၊ လူတို့၏ လူမျိုးရေး အကြောင်းပြောရာတွင် 'လူမျိုးရေး' ဟူသော အသုံးအနှုန်းအားဖြုတ်ခဲ့ပြီး 'လူမျိုးစု' ဟူ၍ ပြောခြင်းသည် ပို၍ အဆင်ပြေ ကောင်းမွန်ပေမည်။"

လူမျိုးဝိသေသသည် ပေါင်းစပ်ထားသည့်ယဉ်ကျေးမှု၊ ဘာသာစကား၊ အမူအကျင့် သို့မဟုတ် ကိုးကွယ်မှုဆိုင်ရာ ထူးခြားသည့် လက္ခဏာ တို့အားလည်း မကြာခဏအဓိပ္ပာယ်ပွားများစေသည်။ ဥပမာ - တစ်စုံတစ်ဦးအား ဂျူး သို့မဟုတ် အာရပ် ဟု ခေါ်ရန်သည် လူမျိုး အမျိုးအစားတစ်ခုချင်းအတွင်း အတူတူဖြစ်သော ဘာသာစကား၊ ကိုးကွယ်မှု၊ ယဉ်ကျေးမှု နှင့် လူမျိုးရေးလက္ခဏာ တို့တစ်ဆုပ်လုံးအား တစ်ပြိုင်နက်ပင် မှီငြမ်းမှုပြုရမည် ဖြစ်သည်။ ထိုကဲ့သို့ ကျယ်ပြန့်သော လူမျိုး အမျိုးအစားများအား ကြီးမားသောလူမျိုးဝိသေသ ဟု ခေါ်ဆိုသည်။ ယင်းသည် သူတို့အား သေးငယ်သော၊ ပိုမို၍စိတ်အတွင်း၌ရှိသော လူမျိုးဝိသေသ လက္ခဏာများ ဖြစ်သည့် သေးငယ်သော လူမျိုးဝိသေသ မှလည်း ကွဲပြားစေသည်။

လူမျိုးဝိသေသ နှင့် နိုင်ငံ ပြင်ဆင်ရန်

အချို့သော ဖြစ်ရပ်များတွင် အထူးသဖြင့် နိုင်ငံများဖြတ်သန်း၍ ရွှေ့ပြောင်းခြင်း သို့မဟုတ် ကိုလိုနီချဲ့ထွင်ခြင်း တို့တွင် လူမျိုးဝိသေသသည် နိုင်ငံသားနှင့် ဆက်နွယ်နေသည်။ မနုဿဗေဒပညာရှင်များ နှင့် သမိုင်းပညာရှင်တို့သည် Ernest Gellner (အားနက်(စ်) ဂယ်(လ်)နာ)နှင့် Benedict Anderson (ဘန်းနဒစ်(တ်)အန်ဒါဆန်)တို့ အဆိုပြုထား သော လူမျိုးဝိသေသ၏ ခေတ်အမှီဆုံးသောအသိအမြင်အတိုင်း လိုက်လာခဲ့ရာ ဆယ့်ခုနစ်ရာစုတွင် ခေတ်မီသော နိုင်ငံတော်စနစ် တိုးပွားလာသည်နှင့်အတူ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံများ နှင့် နိုင်ငံချစ်စိတ်ဓာတ် တို့ကို တွေ့ရသည်။ နိုင်ငံများ၏ယူဆထားသော နယ်နိမိတ်များ နှင့် ပြည်နယ်နယ်နိမိတ်များ တစ်ထပ်တည်းကျသည့် (သို့မဟုတ် စံပြတစ်ထပ်တည်းကျသည့်) "အမျိုးသား-နိုင်ငံများ" ပေါ်ထွန်းလာသည်တွင် ထိုသူတို့သည် အရေအတွက်တိုးပွားစေခဲ့ သည်။

ထို့ကြောင့် အနောက်နိုင်ငံတို့တွင် လူမျိုးရေး နှင့် နိုင်ငံ ကဲ့သို့ လူမျိုးဝိသေသအယူအဆသည် ပြည်နယ် နယ်နိမိတ်များ အား ပိုမိုရှင်းလင်းစွာနှင့် တင်းကျပ်စွာ သတ်မှတ်လာသည့် တစ်ချိန်တည်းတွင် ကမ္ဘာလုံးဆိုင်ရာ ပြည်သူလူထု၏ လှုပ်ရှားမှုကို ကုန်သွယ်မှုဆိုင်ရာဝါဒ နှင့် အရင်းရှင်ဝါဒ တို့မှ တိုးမြှင့်ပေးသော ဥရောပ ကိုလိုနီချဲ့ထွင်မှု အခြေအနေ တွင် တိုးတက်လာသည်။ ဆယ့်ကိုးရာစုအတွင်းတွင် ခေတ်ပေါ်ပြည်နယ်များသည် အများအားဖြင့် "နိုင်ငံများ" ဟုကိုယ်စားပြုရန်သူတို့အခွင့်အရေးတောင်းဆိုခြင်းဖြင့် တရားမျှတမှုကို ရှာဖွေကြသည်။ သို့သော်လည်း လူမျိုးတို့၏-ပြည်နယ်များ တွင် ခြွင်းချက်မရှိ နိုင်ငံသားဘဝမှ အကြောင်းတစ်စုံတစ်ရာကြောင့် ဖယ်ထုတ် ထားခြင်း ခံရသည့် လူထုတို့ ပါဝင်သည်။ ဖယ်ထုတ်ထားသော အုပ်စုတို့၏ အုပ်စုဝင်များသည် ထို့ကြောင့်ပင် သာတူညီမျှ ရှိခြင်းကို အခြေခံ၍ ထည့်သွင်းပေးရန် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခံခြင်း၊ တစ်ခါတရံ သူတို့ပိုင် လူမျိုးတို့၏-ပြည်နယ်တွင် လုံးဝ နိုင်ငံရေးဆိုင်ရာခွဲနေရေး အထိပင် အလိုရှိကြသည်။ ထိုသို့သော အခြေအနေများ တွင် - တစ်နယ်မှ တစ်နယ် သို့ လူတို့ပြောင်းရွှေ့သောအခါ သို့မဟုတ် တစ်ပြည်နယ်မှ အနိုင်ရရှိခြင်း သို့မဟုတ် ၎င်း၏ နိုင်ငံတော်နှင့်ဆိုင်သော နယ်နိမိတ်တို့ကိုကျော်လွန်ပြီး လူထုအားကိုလိုနီပြုခြင်း - လူမျိုးစုများသည် တစ်နိုင်ငံ တည်းဟု အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်သော်လည်း အခြားသောပြည်နယ်တွင် နေထိုင်သည့်လူတို့မှ ဖော်ထုတ်ဖြစ်ပေါ် လာသည်။

လူမျိုး-နိုင်ငံတော် ပဋိပက္ခ ပြင်ဆင်ရန်

ဆယ့်ကိုးရာစုတွင် လူမျိုးရေးအဓိကရုဏ်းတို့၏ အမြင်သဘောထားတို့သည် နိုင်ငံချစ်စိတ် ကို ချည်နှောင်ထားကြောင်း လူမျိုးတစ်မျိုးနှင့်ဆိုင်သော နိုင်ငံချစ်စိတ် ဟူသည့် နိုင်ငံရေးဆိုင်ရာ သဘောတရား ဖွံ့ဖြိုးတိုးတက် လာခြင်းဖြစ်ကြောင်း ပထမဆုံးအနေနှင့် Johann Gottfried von Herder (ဂျိုဟန်း ဂေါ့တ်ဖရိုင်း ဗွန် ဟာဒါ) ပါဝင်သည့် ဂျာမန် သဘော တရား ပညာရှင်တို့မှ ရှုမြင်ခဲ့သည်။ လူမှုအသိုင်းအဝိုင်းတို့မှ လူမျိုးအနှောင်အဖွဲ့ပေါ်တွင် အာရုံစိုက်ခြင်း အဖြစ်များသည် မည်သို့ဆိုစေ သမိုင်းကြောင်း သို့မဟုတ် သမိုင်းဝင် အခြေအနေတို့အား ဖယ်ထုတ်ခြင်းသို့ ရောက်ရှိပြီး အမျိုးသားရေးဝါဒီတို့၏ပန်းတိုင် တရားမျှတကြောင်း ပြသခြင်းတွင် ရလဒ်အဖြစ်ထွက်လာသည်။ ယင်းတို့ကို ဥပမာအနေနှင့် ကိုးကားနိုင်သည့် ကာလနှစ်ခုမှာ ဆယ့်ကိုးရာစု ဂျာမန်အင်ပိုင်ယာ ၏ ပေါင်းစည်းပြီးကျယ်ပြန့်လာခြင်း နှင့် နှစ်ဆယ်ရာစု တတိယ (ပိုကောင်းသော ဂျာမန်) အင်ပိုင်ယာ တို့ ဖြစ်သည်။ ယင်းတို့ တစ်ခုစီသည် အားလုံးသော-လူမျိုးများ အတွေးအခေါ်ဖြစ်သည့် အစိုးရတို့သည် ဂျာမန်လူမျိုးများ အမြဲတမ်း မှီတင်းနေထိုင်လျက်ရှိသော မြေများကို ဝယ်ယူနေခြင်းသာ ဖြစ်သည်ဟူသော အတွေးအခေါ်တို့ကို တိုးမြင့်လာစေသည်။ စံပြ လူမျိုးများ-ပြည်နယ်သို့ နောက်မှ ရောက်လာသူများ ဖြစ်သည့် Ottoman (အော့တ်တိုမန်) နှင့် Austro-Hungarian (အော့စ်ထရို-ဟန်ဂေရီရန်) အင်ပိုင်ယာများ ပြိုကွဲမှုကြောင့် အရှေ့နှင့် တောင်-အရှေ့ဘက် ဥရောပအနီးတွင် ကြီးပြင်းသူများ၊ ထို့ပြင် ယခင် ဆိုဗီယက်သမ္မတနိုင်ငံ ပြင်ပတွင် ကြီးပြင်းလာသူများ ကဲ့သို့သော သူတို့၏ သမိုင်းမှာ လူမျိုးရေးအတွင်းအဓိကရုဏ်းများ ဟု မှတ်သားထားသည်။ ထိုကဲ့သို့သော အဓိကရုဏ်းများမှာ ကမ္ဘာကြီး၏အခြားသောဒေသများမှာကဲ့သို့ပင် လူမျိုး ပေါင်းစုံနေသော ပြည်နယ်များအတွင်းတွင် သူတို့အကြားဆန့်ကျင်ဘက်ဖြစ်သောအခါ ဖြစ်ပွားလေ့ရှိသည်။ ထို့ကြောင့် အဓိကရုဏ်းများသည် လူမျိုးပေါင်းစုံနေသော ပြည်နယ်တွင် လူမျိုးရေးအတွင်း အဓိကရုဏ်းများ ဖြစ်သောအခါ ပြည်တွင်းစစ်များ အဖြစ် မကြာခဏမှားယွင်းစွာ သတ်မှတ်ခံရပြီး ဝိသေသပြုခြင်းခံရသည်။

အချို့သောနိုင်ငံများအတွင်းရှိ လူမျိုးများ ပြင်ဆင်ရန်

အမေရိကန်ပြည်ထောင်စု အမေရိကန်ပြည်ထောင်စု တွင် "လူမျိုး" ဟူသော အသုံးအနှုန်းသည် အခြားသောနိုင်ငံအချို့တို့တွင် ကျယ်ပြန့်စွာ သုံးစွဲကြရာမှ မတူသောအဓိပ္ပာယ်ဖွင့်ဆိုချက် တစ်မျိုးကို ယူဆောင်လာသည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းဝင် နှင့် လက်ရှိဖြစ်နေသော အကျိုးဆက်ဖြစ်သည့် အတူတကွ စုစည်းထားသော၊ ထိုသို့မလုပ်လျှင် လူမျိုးစုများ အဖြစ် မြင်ရမည်ဖြစ်သည့် လူမျိုးရေးကွဲပြားမှုများကြောင့် ဖြစ်သည်။ ထို့ကြောင့် ဥပမာအဖြစ် လူမျိုးပေါင်းစုံ၊ "နိုင်ငံသား" သို့မဟုတ် အာဖရိကမှ ဘာသာစကားဆိုင်ရာအုပ်စုများ၊ အာရှ နှင့် ပစိဖိတ်ကျွန်းများ၊ လက်တင်အမေရိက နှင့် ဒေသခံ အမေရိကန်တို့သည် လူမျိုးအနည်းစုအဖြစ် ကြာမြင့်စွာစုပေါင်းနေထိုင်လာကြသည်။ (လက်ရှိတွင် အာဖရိကန် အမေ ရိကန်၊ အာရှတိုက်သား၊ လက်တင် နှင့် မူလအမေရိကန် တိုင်းရင်းသား သို့မဟုတ် အမေရိကန် အင်ဒီယန်း အဖြစ် အသီးသီး သတ်မှတ်ထားသည်။)

လူမျိုးဝိသေသဟူသည် နိုင်ငံရေးဆိုင်ရာ ကန့်သတ်မှုများထက်၊ ရုပ်ဆင်းအသွင်ထက် အတိအကျဆိုရလျှင် အသား အရောင်ချင်း ဆက်နွယ်နေသောအုပ်စုများ၏ အစုအဝေးဟု ရည်ညွှန်းလေ့ရှိသည်။ "လူမျိုး" ဟူသည့် စကားအား ထိုရည်ရွယ်ချက်အတွက် ပိုမိုအသုံးများကြသည်။ (ဥပမာ - အီတာလျံ၊ မက်ဆီကန်၊ ပြင်သစ်၊ ရုရှ၊ ဂျပန် စသည်ဖြင့် တို့သည် လူမျိုးများ ဖြစ်ကြသည်)။ အမေရိကန်ပြည်ထောင်စုတွင် အထင်ရှားဆုံးဖြစ်သည့် လက်တင်အမေရိကန် မှ ဆင်းသက်လာသော လူများကို "မိခင်ဘာသာစကားအဖြစ် စပိန်ဘာသာပြောသော လက်တင်အမေရိကနိုင်ငံသား" သို့မဟုတ် "လက်တင်အမေရိက ခေါ် တောင်အမေရိကတိုက်သား" လူမျိုးအဖြစ် အုပ်စုခွဲထားသည်။ ယခင်က အရှေ့တိုင်း လူမျိုးအုပ်စုဟု သတ်မှတ်ထားသူများအား ယခုအခါ သန်းခေါင်စာရင်းအတွက် အာရှတိုက်သား လူမျိုးစု အဖြစ် သတ်မှတ်ထားသည်။

"လူမည်း" နှင့် "အာဖရိကန်အမေရိကန်" ဟူသည့် အသုံးအနှုန်းများသည် မတူသော်လည်း အမေရိကန်ပြည် ထောင်စုတွင် လူမျိုး အမျိုးအစားခွဲခြင်းအဖြစ် နှစ်မျိုးလုံးကို သုံးသည်။ ၁၉၈၀ နှောင်းပိုင်းတွင် "အာဖရိကန်အမေရိကန်" ဟူသည့် အသုံးအနှုန်းသည် အသင့်လျော်ဆုံး နှင့် နိုင်ငံရေးအရ မှန်ကန်သော လူမျိုးသတ်မှတ်ခြင်း အဖြစ် အမှန်မှတ် ယူထားသည်။[55] ယင်းမှာ အမေရိက၏အတိတ်ဖြစ်သော "ကပ္ပလီလူမျိုး" တို့၏ သမိုင်းနောက်ခံအမြင်များနှင့် ဆက်နွယ်လေ့ရှိခဲ့သော လူမျိုးဆိုင်ရာမညီမျှမှုတို့မှ ပြောင်းလဲရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း ယင်းမှာ လူမည်း၊ အရောင်နှင့်သူ၊ နီဂရိုး နှင့် အလားတူသော မှောင်သော အသားအရည် အရောင်ရှိသူ မည်သူကိုမဆို ပထဝီအနေအရ ဆင်းသက်မှု ကိုဘေးဖယ်ပြီး ရည်ညွှန်းခြင်းဖြစ်သည့် အသုံးအနှုန်းများအတွက် ရိုးရိုးရှင်းရှင်းအစားထိုးလိုက်သော အသုံးအနှုန်း ဖြစ်လာခဲ့သည်။

"လူဖြူ" ဟူသည့် အသုံးအနှုန်းသည် ယေဘုယျအားဖြင့် ဥရောပ (အခြားသော ဥရောပသားတို့ အခြေချသည့် အမေရိက၊ ဩစတြယ်အေးရှား နှင့် တောင်အာဖရိက နိုင်ငံများ) သို့ ခြေရာကောက်နိုင်သည့် မျိုးရိုးမှ ဆင်းလာသူတို့ နှင့် ယခု အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူတို့အား ဖော်ပြသည်။ အရှေ့အလယ်ပိုင်းတွင်နေထိုင်သူများသည် တစ်ခါတရံ "လူဖြူ" အမျိုးအစားတွင် ပါဝင်နိုင်သည်။ ယင်းတွင် အနောက်တောင်အာရှ နှင့် မြောက်အာဖရိက မှ လူများ ပါဝင်သည်။ အထက်တွင်ဆိုခဲ့ပြီးသမျှအားလုံးသည် အမေရိကန်ပြည်ထောင်စု သန်းခေါင်စာရင်း အမျိုးအစားခွဲခြင်းနှင့် အညီ "လူဖြူ" လူမျိုး အုပ်စု၏ အစိတ်အပိုင်းအဖြစ် အမျိုးအစားခွဲထားသည်။ ထိုအမျိုးအစားအား မိခင် ဘာသာစကား အဖြစ် စပိန်ဘာသာပြောသော လက်တင်အမေရိကနိုင်ငံသား နှင့် မိခင်ဘာသာစကားအဖြစ် စပိန် ဘာသာပြောသော လက်တင်အမေရိကနိုင်ငံသားမဟုတ်သူများ အဖြစ် နှစ်အုပ်စု ခွဲသည်။ (ဥပမာ - မိခင်ဘာသာ စကားအဖြစ် စပိန် ဘာသာပြောသော လက်တင်အမေရိကနိုင်ငံသားမဟုတ်သူ လူဖြူနှင့် မိခင်ဘာသာစကားအဖြစ် စပိန်ဘာသာ ပြောသော လက်တင်အမေရိကနိုင်ငံသားလူဖြူ)။ အရှေ့အာရှ မှ လူများတွင် ပုံမှန်အားဖြင့် ဖျော့သော အသားအရောင် ရှိသော်လည်း၊ လူမျိုး အုပ်စုတို့၏ လူမှုဝန်းကျင်အရ-တည်ဆောက်ထားသော သဘာဝ ပေါ်တွင် ရောင်ပြန်ဟပ်သော သူတို့၏ မွန်ဂိုလွိုက် ရင်းမြစ်ကြောင့် "လူဖြူ" အဖြစ်မသတ်မှတ်ပေ။

ဥရောပ ပြင်ဆင်ရန်

ဥရောပတွင် လူမျိုး အုပ်စုပေါင်း များစွာရှိသည်။ Pan (ပန်) နှင့် Pfeil (ပီဖီးလ်) (၂၀၀၄) တို့မှ ၈၇ ခု သော ထင်ရှားသည့် "ဥရောပ ပြည်သူလူထုများ" ကို ရေတွက်ခဲ့ပြီး၊ ယင်းတို့မှ ၃၃ ခု သည် အနည်းဆုံး အုပ်ချုပ်ရေး ပြည်နယ် တစ်ခုတွင် လူဦးရေ အများစုဖြစ်နေပြီး၊ ကျန်သော ၅၄ ခုမှာ လူမျိုးငယ်များ အဖြစ် သူတို့နေထိုင်သည့် ပြည်နယ် တိုင်းတွင် ပါဝင်ဖွဲ့စည်းထားသည် (သူတို့သည် နိုင်ငံတော်အဆင့်အောက်ရှိ သီးခြားရပ်တည်မှုအတွင်း နယ်ခံဒေသ ဆိုင်ရာ လူများစု ဖြစ်နိုင်သော်လည်း)။ ဥရောပတွင် နိုင်ငံတော်နှင့်ဆိုင်သော အနည်းစုလူဦးရေ အားလုံးပေါင်းသည် ၁၀၅ မီလီယံ သို့မဟုတ် ရ၇၀ မီလီယံ ဥရောပသားတို့၏ ၁၄% ဟုခန့်မှန်းနိုင်သည်။ ပြင်သစ်နှင့် ဆွစ်ဇာလန် အပါအဝင် ဥရောပနိုင်ငံ အတော်များများသည် သူတို့တွင် နေထိုင်သောလူဦးရေ၏ လူမျိုး ဆိုင်ရာ သတင်းအချက်အလက်များကို ကောက်ယူစုဆောင်းခြင်း မပြုပေ။ ရုရှ တွင် ၈၀% ရုရှလူမျိုး အများစု အပြင် များစွာသော အသိအမှတ်ပြုထားသည့် လူမျိုးအုပ်စု တို့ရှိသည်။ အကြီးဆုံး အုပ်စုမှာ Tatars (တာတာ(စ်)) (၃.၈%) ဖြစ်သည်။ အုပ်စုသေးများကို ရုရှ၏ အာရှအပိုင်းတွင် တွေ့ရသည်။ (ဆိုက်ဘေးရီးယား၏ တိုင်းရင်းသားများ တွင်ကြည့်)

အိန္ဒိယ ပြင်ဆင်ရန်

အိန္ဒိယ တွင် လူဦးရေအား ၁၆၃၅

မျိုးသော မိခင်စကားပြောသူ များအနေနှင့် အမျိုးအစားခွဲသည်။ အိန္ဒိယ လူ့အဖွဲ့ အစည်းအား ထုံးတမ်းအရ လူမျိုးဝိသေသများမဟုတ်ဘဲ အမျိုးဇာတ် သို့မဟုတ် မျိုးရိုးစု အဖြစ်ခွဲခြားပြီး ထိုအမျိုးအစား တို့သည် လူမျိုးအရအနှိမ်ခံရသူများကိုတမင်တကာခွဲခြားအရေးပေးမှု အား ရည်ရွယ်၍ ဆက်လက် စာရင်းသွင်း ထားသော အစီအစဉ်ပြုထားသည့် အမျိုးဇာတ်များ နှင့် လူတန်းစား တို့ အတွက်မှတပါး ၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရပြီး အချိန်မှစ၍ တရားဝင်အဆင့်အတန်း မဟုတ်တော့ပေ။

တရုတ် ပြင်ဆင်ရန်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သည် တရားဝင် ၅၆ မျိုးသော လူမျိုးအုပ်စုတို့ကို အသိအမှတ်ပြုထားပြီး၊ အကြီးဆုံးမှာ ဟန်တရုတ် ဖြစ်သည်။ အတော်များများမှာ အနောက်တိုင်းဆန်လာကြပြီ ဖြစ်သော်လည်း အနည်းစုဖြစ်သော လူမျိုးစု အတော်များများတွင် သူတို့ကိုယ်ပိုင် ယဉ်ကျေးမှုများ၊ ဘာသာစကားများ နှင့် ကိုယ်ပိုင်လက္ခဏာတို့ ရှိကြသည်။ ဟန် တို့မှာ ဒေသအပိုင်းအခြားအရ နှင့် နိုင်ငံရေးသဘောအရ တရုတ်နိုင်ငံ နေရာအများစုတွင် လွှမ်းမိုးကြီးစိုးသော်လည်း ဟန်တို့ လူနည်းစုဖြစ်သော တိဘက် နှင့် ရှင်ကျင်း ဒေသတို့တွင် လွှမ်းမိုးမှုနည်းသည်။ တစ်အိမ်ထောင်လျှင် ကလေးတစ်ယောက်မူဝါဒ သည် ဟန်လူမျိုးကိုသာ သက်ရောက်သည်။

ကိုးကာ ပြင်ဆင်ရန်