လူသားတစ်ဦး၏လိင်တံအရွယ်အစား

ပုံမှန်အနေအထား နှင့် တင်းမာနေသည့်အခါမျိုးတို့တွင် လူတို့၏ လိင်တံအရှည်နှင့် လုံးပတ်အနေ​အထားသည် လူ​အများစုတွင် တူညီမှုမရှိပေ။ ထိုသို့ သဘာဝအတိုင်း ကွာခြားမှုများအပြင် အမျိုးသားတစ်​ဦးတွင် လိင်တံ၏ပုံစံသည် အနည်းငယ်ကွာခြားသည့် အချက်များလည်းရှိရာ ၎င်းတို့မှာ စိတ်ဆန္ဒဖြစ်သည့်အနေအထား၊ နေ့တစ်၏ အချိန်ကာလ၊ အပူချိန် နှင့် လိင်ဆက်ဆံသည့်အကြိမ်အရေအတွက် တို့ဖြစ်ကြသည်။ ဥပမာအားဖြင့် လူသား၏လိင်တံအား မျောက်ကြီးမျိုး​ဖြစ်သော ဂေါ်ရီလာများကဲ့သို့သော ပရိုင်းမိတ်ကောင်များ (အဆင့်မြင့်နို့တိုက်သတ္တဝါ လူ/လူဝံ/မျောက်ဝံ...) နှိုင်းယှဉ်ကြည့်ပါက လူသားများ၏ လိင်တံသည် လုံးပတ်အကြီးဆုံးဖြစ်သည်။ နှိုင်းယှဉ်ရာတွင် အလုံးစုံအနေအထားဖြင့်သော်လည်းကောင်း ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများနှင့်သော်လည်းကောင်း နှိုင်းယှဉ်ကြည့်ခြင်းဖြစ်၏ ။

လူသား၏လိင်တံ၏အရှည်နှင့် လုံးပတ်ကို မည်သို့တိုင်းတာနိုင်သည်ကိုပြသသည့်ပုံကြမ်း

လေ့လာမှုများ ပြင်ဆင်ရန်

အရှည် ပြင်ဆင်ရန်

ပုံမှန်အခြေအနေ ပြင်ဆင်ရန်

လေ့လာမှုတစ်ခုအရ ပုံမှန်အခြေအနေ၌ လိင်တံအရှည်သည် ၃.၅ လက်မ (၈.၉ စင်တီမီတာ) (ထိုလေ့လာမှုဆောင်ရွက်သူများ၏ တိုင်တာမှု) ရှိသည်ဟု သိရသည် ။ [၁] လေ့လာမှုများစွာ၏ သုံးသပ်ချက်အရ ပျမ်းမျှအားဖြင့် ပုံမှန်အခြေအနေ၌ အရှည်သည် ၉–၁၀ စင်တီမီတာ (၃.၅–၃.၉ လက်မ)ရှိနေတတ်သည်။ [၂] ပုံမှန်အခြေအနေ၌ လိင်တံ၏အရှည်သည် လိင်တံတင်းမာသည့်အခါ ဖြစ်ပေါ်လာသော အရှည်နှင့် မဖြစ်မနေ အချိုးကြ ကိုက်ညီမှုရှိစရာလိုပေ။ ပုံမှန်အနေအထား၌ သေးငယ်သော လိင်တံသည် ပို၍များစွာ ရှည်လာတတ်သည်များရှိသကဲ့သို့ ပုံမှန်အနေအထား၌ ရှည်လျားသော လိင်တံသည် ပို၍များပြားစွာ မရှည်သည်များလည်း ရှိသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. "Penile Length in the Flaccid and Erect States: Guidelines for Penile Augmentation" . 
  2. "Penile size and the 'small penis syndrome'" . 
  3. Penis Size FAQ & Bibliography။ Kinsey Institute။ 2013-11-07 တွင် ပြန်စစ်ပြီး။