လူသားအရင်းအမြစ်များသည် စုဆောင်းထားသည့်စွမ်းရည်များ၊ ဗဟုသုတများနှင့်ဥပဓိရုပ်တို့နှင့် ဆက်စပ်၍ စီးပွားရေးတန်ဖိုး များကို ထုတ်လုပ်ပေးသည့် လုပ်သားဖြစ်ပေါ်မှုကို ရုပ်လုံးဖော်စေမည့် အရည်အချင်းများ ကို ညွှန်းဆိုသည်။ ၎င်းသည် လုပ်သားတစ်ယောက်အနေဖြင့် ပညာရေးနှင့် အတွေ့အကြုံတု့ို မှတစ်ဆင့် အကျိုးအမြတ်ရရှိမှုဖြစ်သည်။ အစောပိုင်းများစွာသော ဘောဂဗေဒ သီအိုရီများက ယင်းကို ထုတ်လုပ်မှုအပိုင်း သုံးပိုင်းအနက်မှ တစ်ပိုင်းဖြစ်သော လုပ်သားအင်အားစုဟု ရိုးရှင်းစွာ ညွှန်းဆိုခဲ့ပြီး အကြောင်းအကျိုးညီညွတ်မှုနှင့် လွယ်ကူစွာပြောင်းလဲနိုင်သော အစားထိုးနိုင်သည့် အရင်းအမြစ်ဟု တွေးခေါ်ယူဆ ခဲ့ကြသည်။ အခြားသော လုပ်သားအပေါ် အယူအဆများမှာ ယင်းစံနှုန်းများဖြင့် ကွဲလွဲနေပါသည်။

Economic Resources for human capitalism.
ပုံကြီးကြည့်ရှုရန်အတွက် ပုံပေါ်သို့ နှိပ်ပါ။

နောက်ခံအကြောင်းအရာ ပြင်ဆင်ရန်

အာဒမ်စမစ်(သ်)သည် ပုံသေပိုင်ပစ္စည်းလေးမျိုးကို သတ်မှတ်ခွဲခြားဖော်ပြထားသည်။ (ယင်းတို့သည် ဝင်ငွေ သို့မဟုတ် လှည့်လည်ခြင်းမရှိသော အမြတ်အစွန်း၊ ပြောင်းလဲနေသော စည်းမျဉ်းစည်းကမ်းများကို ဖော်ပါသည်) ယင်းလေးမျိုးမှာ- (၁) အသုံးဝင်မည့် စက်ပစ္စည်းများ၊ ရောင်းဝယ်မှု၏ ကိရိယာ တန်ဆာပလာများ (၂) ဝင်ငွေရရှိရန် နည်းလမ်းအတွက် အဆောက်အအုံများ၊ (၃) မြေကွက်များ တိုးတက်ကောင်းမွန်လာမှုနှင့်၊ လူ့အရင်းအမြစ်နှင့် ဆက်စပ်၍ ၎င်းကအောက်ပါအတိုင်း သတ်မှတ်ဖော်ပြခဲ့သည်မှာ - “စတုတ္ထအနေဖြင့်- လူမှုအဖွဲ့အစည်းအတွင်းနေထိုင်သူများ သို့မဟုတ်ပါဝင်သူများအားလုံး၏ အသုံးဝင်မည့် စွမ်းရည်များကိုရရှိရန်ဖြစ်သည်။ ၎င်းကဲ့သို့သောအရည်အချင်းများကို ရရှိစေရန်မှာ ဝယ်ယူသူမှပြုစုပျိုးထောင်ရ မည့် ထိုသူ၏ ပညာရေး၊ လေ့လာသင်ယူမှု သို့မဟုတ် အလုပ်သင် ကာလတို့သည် အမှန်တကယ် ကုန်ကျစရိတ်များ အစဉ်သဖြင့် ရှိနေပြီး ကျခံရသည်ဖြစ်၍၊ ယင်းသည် ပုံသေ အရင်းအနှီးနှင့် ၎င်းအတွက် မြှုပ်နှံရသည်ဟု နားလည်သဘောပေါက်ရပါမည်။ ၎င်းအရည်အချင်းများသည် သူ၏ ချမ်းသာကြွယ်ဝမှုအတွက် အစိတ်အပိုင်းတစ်ခုဖြစ်စေသကဲ့သို့၊ အလားတူပင် ထိုသူပိုင်ဆိုင်သော လူမှု ဘဝကိုလည်း ဖြစ်ပေါ်စေသည်။ လုပ်သားတစ်ယောက်၏ တိုးမြှင့်လာသည့် ကျွမ်းကျင်မှုကို၊ လုပ်အားကို ချုံ့စေပြီး ထုတ်လုပ်မှု ဖြစ်စဉ်ကို လွယ်ကူစေမည့် ကုန်သွယ်မှုစက်ပစ္စည်းများ သို့မဟုတ် ကိရိယာတန်ဆာ ပလာများနှင့် တစ်ပြေးညီ ယူဆနိုင်သည်။ ၎င်းသည် သိသာနိုင်သည့် ကုန်ကျစရိတ်ကို ကျခံရမည် ဖြစ်သော်လည်း ၎င်းကုန်ကျစရိတ်အတွက် အမြတ်ဖြင့် ပြန်လည်ပေးဆပ်မည် ဖြစ်သည်။”

ထို့ကြောင့် စမစ်(သ်)က လုပ်သား၏ ထုတ်လုပ်မှုစွမ်းဆောင်ရည်သည် လုပ်အားခွဲခြမ်းစိတ်ဖြာမှုပေါ်တွင် တည်မှီနေသည်ဟု ငြင်းခုံခဲ့သည်။ “လုပ်သား၏ ထုတ်လုပ်မှုစွမ်းအားကြီးမားစွာ တိုးတက်မြင့်မားလာမှုနှင့် ပိုမိုသည့် ကျွမ်းကျင်မှုအတွေ့အကြုံ၊ ကျွမ်းကျင်ခြင်းနှင့်ယင်းတို့ကို မည်သည့်လမ်းညွှန်ချက်ပြုခဲ့သည်ဖြစ်စေ သို့မဟုတ် အသုံးချခဲ့သည်ဖြစ်စေ ယင်းအပိုင်းတို့သည် လုပ်သားခွဲခြမ်းစိတ်ဖြာခြင်း၏ အကျိုးသက် ရောက်မှုပင်ဖြစ်သည်”။ လုပ်သားခွဲခြမ်းစိတ်ဖြာခြင်းနှင့် လုပ်သားအရင်းအမြစ်တို့အကြားတွင် ရှုပ်ထွေးသောဆက်နွယ်မှု ရှိနေပါသည်။

စွမ်းဆောင်ရည်နှင့်အရင်းအမြစ် ပြင်ဆင်ရန်

ယင်းအခေါ်အဝေါ်ကို တင်သွင်းမိတ်ဆက်မှုသည် စွမ်းဆောင်ရည်(ဗဟုသုတဟုမကြာခဏ အသုံးပြုခဲ့သည်) ၏ ပြီးပြည့်စုံသည့် အဓိပ္ပာယ်ဖော်ပြချက်များကို ရှင်းလင်းဖော်ပြခဲ့ပြီး မျှတမှန်ကန်ကြောင်း ထင်ရှားစေပါ သည်။ ကာယလုပ်သားသည် (အခြားသော ထုတ်လုပ်မှုအပိုင်းများ)နှင့် မတူညီပဲ စွမ်းဆောင်ရည်သည်-

  • တိုးချဲ့နိုင်မှုရှိသော နှင့် မိမိကိုယ်တိုင်လည်ပတ်နိုင်သော အသုံးပြုမှု၊ ဆရာဝန်များသည် အတွေ့ အကြုံများ ပိုမိုရရှိလာသည်နှင့် ၎င်းတို့၏ စွမ်းဆောင်ရည်အခြေခံများ တိုးပွားလာသကဲ့သို့ လူ့အရင်းအမြစ်သို့ ဖြည့်ဆည်းပေးကမ်းမှုများလည်း ပိုမိုလာပါလိမ့်မည်။ စီးပွားရေးမဖွံ့ဖြိုးမှုကို စီးပွားရေး ကိုယ်ပိုင် လည်ပတ်မှုဖြင့် အစားထိုးပြုလုပ်သည်။
  • လွှဲပြောင်းပို့ဆောင်နိုင်သောစွမ်းဆောင်ရည်နှင့် မျှဝေနိုင်သော စွမ်းဆောင်ရည်၊ အထူးအားဖြင့် ဗဟုသုတသည် ရွှေ့ ပြောင်းနိုင်ပြီး မျှဝေနိုင်မှုလည်း ရှိသည်။ ယင်းလွှဲပြောင်းမှုသည် မူရင်းပိုင်ဆိုင်သူအား ၎င်းအသုံးပြု မှုမှ တားမြစ်ထားခြင်းမရှိပါ။ မည်သို့ဆိုစေ ယင်းကဲ့သို့ ဗဟုသုတကို လွှဲပြောင်းမှုသည် မူရင်းပို်င်ဆိုင်သူ ၏ ရှားပါးတန်ဖိုးကို ကျဆင်းစေမည် ဖြစ်သည်။

ဥပမာ- အားကစားသမားတစ်ဦးသည် လူသားအရင်းအမြစ်ကို ပညာရေးနှင့် လေ့ကျင့်သင်ကြားခြင်းတို့မှ တစ်ဆင့်၊ အမှန်တစ်ကယ်ကစားသည့် ပွဲစဉ်များမှ ရရှိသည့် အတွေ့အကြုံများကို ဖြတ်သန်း၍ အရင်းအမြစ်များကို အကျိုးအမြတ်ရရှိခဲ့သည်။ အချိန်ကြာမြင့်လာသောအခါ အားကစားသမားသည် များစွာသော အတွေ့အကြုံများကို (အထက်တွင် နမူနာပြခဲ့သည့် ဆရာဝန်နှင့် တူညီစွာပင်) အောင်မြင်မှုရရှိခဲ့ပြီး၊ သူ၏ လူသား အရင်းအမြစ်သည်လည်း ကြီးမားစွာ တိုးမြှင့်လာခဲ့သည်။

ဥပမာအားဖြင့်- အချိန်စောင့်ကြပ်သူ တစ်ဦးသည် စောစောပိုင်း အသက်အရွယ်၌ သင်တန်းများနှင့်ကစားပွဲ၏ အခြေခံအချက်များကို လေ့လာ ဆည်းပူးခြင်းဖြင့် လူသားအရင်းအမြစ်ကို အကျိုးအမြတ်ရရှိလာမည် ဖြစ်သည်။ ထိုသူသည် ဆက်လက်၍ ကောလိပ်အဆင့်တွင် ပုံကြမ်းရေးဆွဲရသည့်တိုင်အောင် သင်တန်းများပေးသွားမည်ဖြစ်၏။ ယင်းအချိန် တွင် ထိုသူ၏ လူသား အရင်းအမြစ်ကို ရရှိပြီးအကယ်၍ လုံလောက်မှုရှိပါက သူသည် မှန်ကန်စွာ ဆက်၍ ကစား သွားနိုင်လိမ့်မည် ဖြစ်သည်။ ကစားခြင်းမှတစ်ဆင့် ကစားကွင်းအတွေ့အကြုံများကို ရရှိလာပြီး၊ ဤသို့အားဖြင့် ထိုသူ၏အရင်းအမြစ်များကိုလည်း တိုးပွားလာစေမည်ဖြစ်သည်။ အတွေ့အကြုံများသည့် အချိန်စောင့်ကြပ်သူသည် ငယ်ရွယ်သည့် အချိန်စောင့်ကြပ်သူထက် လေ့ကျင့်မှုနည်းပါလိမ့်မည်။ သို့ရာ တွင် အတွေ့အကြုံနှင့် အခြားကစားသူများနှင့် မျှဝေခဲ့သည့် ဗဟုသုတများကြောင့် ပိုမိုသည့် လူသားအရင်း အမြစ်များကို ခြုံငုံ၍ ရရှိနေပါလိမ့်မည်။

စွမ်းဆောင်ရည်၊ အရည်အချင်း၊ ကျွမ်းကျင်မှု သို့မဟုတ် ဗဟုသုတ။ မကြာခဏ `ဗဟုသုတ´ဟူသည့် အခေါ် အဝေါ်ကို သုံးစွဲကြသည်။ `စွမ်းဆောင်ရည်´ သည် ပိုမိုကျယ်ပြန့်၍ တွေးခေါ်မှု အရည်အချင်း (“ဉာဏ် ပညာထက်မြက်မှု”)နှင့် ထိုမှတစ်ပါး အစွမ်းထက်မှုနှင့် အနုပညာဆန်သည့် အရည်အချင်းများတို့ ပါဝင်ပါ သည်။ `ကျွမ်းကျင်မှု´သည် ကျဉ်းမြောင်းသည့် ပိုင်ဆိုင်မှု သတ်မှတ်အရည်အချင်းကို ဖော်ပြပါသည်။ ပိုမို ကျယ်ပြန့်သည့် သတ်မှတ်ချက်များအရ `စွမ်းဆောင်ရည်´ နှင့် `အရည်အချင်း´တို့သည် အပေးအယူ လုပ်နို်င်ပါသည်။

လုပ်သား၏အခွင့်အရေးများနှင့် အရင်းအမြစ် ပြင်ဆင်ရန်

အချို့သောနည်းလမ်းအရ `လူသားအရင်းအမြစ်´၏ အတွေးအခေါ်သည် ကား(လ်)မာက်(စ်)၏ အယူအဆ ဖြစ်သော လုပ်သားစွမ်းရည် နှင့် ဆင်တူသည်။ ၎င်းက အရင်းရှင်ဝါဒ တွင် အလုပ်သမားများသည် ၎င်းတို့၏ လုပ်သားစွမ်းရည်ကို ဝင်ငွေများ (လုပ်အားခ၊ လစာ) ရရှိရန် ရောင်းချခဲ့သည်ဟု တွေးခေါ်ခဲ့သည်။ သို့ရာတွင် မင်စာ သို့မဟုတ် ဘက်ကာ ရေးသားခဲ့ခြင်း မတိုင်မီအချိန်များစွာ၌ မာက်(စ်)သည် “နှစ်ခုသော သဘောတူညီမှု မရရှိနိုင်မည့် အချည်းနှီးဖြစ်သော အကြောင်းအချက်များ” ကို ညွှန်ပြခဲ့သည်၊ ယင်းသည် လုပ်အားခ သို့မဟုတ် လစာများနှင့် လူသားအရင်းအမြစ်ပေါ်တွင် စိတ်ဝင်စားမှုတို့ကို ညီမျှစေ သည့် သီအိုရီများဖြင့် ဖြစ်သည်ဟု ဆိုသည်။

  1. လုပ်သားသည် စိတ်ဝင်စားမှုကို ရရှိစေရန် သူ သို့မဟုတ် သူမ၏ စိတ်နှင့်ကိုယ်ပါ မြှုပ်နှံ၍ အမှန်တကယ် အလုပ်လုပ်ရမည်။ မာက်(စ်) က တစ်စုံတစ်ဦး၏ အလုပ်လုပ်ရန် တတ်စွမ်းနိုင်မှု၊ လုပ်သားစွမ်းဆောင်ရည် နှင့် လုပ်ငန်းတွင် လှုပ်ရှားဆောင်ရွက်မှုများကို ပြင်းထန်စွာခွဲခြား ဖော်ပြထားသည်။
  1. လွတ်လပ်သည့် လုပ်သားတစ်ဦးသည် သူ၏လုပ်သားအရင်းအမြစ်ကို တစ်ခါတည်းနှင့်ရောင်းချမှု မပြုနိုင်ပါ။ ၎င်းသည် ငွေဖြစ်လွယ်သော ပိုင်ဆိုင်ပစ္စည်းအဖြစ်မှ ကွာဝေးနေပါသည်။ ရှယ်ယာ များနှင့်မြေယာများတို့ ထက်မူ ငွေဖြစ်လွယ်မှု ပိုမိုပါသည်။ ထိုသူသည် ၎င်း၏ကျွမ်းကျင်မှုများကို မရောင်းပါ။ သို့ရာတွင် ယင်းကျွမ်းကျင်မှုများကို အသုံးပြုရန် စာချုပ်ချုပ်ဆိုပါမည်။ ထိုနည်း တူပင် စက်မှုလုပ်ငန်းရှင်သည်လည်း ၎င်း၏ထုတ် ကုန်များကို ရောင်းချပါသည်။ ၎င်း၏ စက် ပစ္စည်းများကို မဟုတ်ပါ။ ဤနေရာတွင် ချွင်းချက်မှာ အခိုင်းအစေများသည် ဝင်ငွေကို ၎င်းတို့ို ကိုယ်တို်င်ရှာဖွေရရှိနိုင်ခြင်း မရှိသော်လည်း ၎င်းတို့၏ လူသားအရင်းအမြစ်များကို ရောင်းချနိုင်သည်။ အလုပ်ရှင်တစ်ဦးသည် ၎င်း၏လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုမှ အကျိုးအမြတ်များ ရရှိရမည်ဖြစ်သည်။ သို့ဖြစ်၍ လုပ်သားများသည် ၎င်းတို့၏ လုပ်သားစွမ်းဆောင်ရည်ကို ထိန်းသိမ်းရန်လိုအပ်သည်ထက် ကျော် လွန်၍ အလုပ်များကို လုပ်ရသည်။ ယင်းကို မာက်(စ်)က (လုပ်သားသီအိုရီ၏ တန်ဖိုးအောက်တွင်) ပိုလျှံသည့်တန်ဖိုးများ ဟု သိမြင်သတ်မှတ်ခဲ့သည်။

`လုပ်သားအရင်းအမြစ်များ´ ရှိနေသည်ဖြစ်သောကြောင့် လုပ်သားများအား အချို့သော အကျိုးအမြတ်များကို ပေးသော်လည်း သူတို့သည် လူသားမဟုတ်သည့် ချမ်းသာခြင်းကို ပိုင်ဆိုင်သူများအပေါ်တွင် ၎င်းတို့၏ လူမူဘဝနေထိုင်ရေးအတွက် မှီခိုအားထားနေရမည် ဖြစ်သည်။ ၁၈၅၉ ခုနှစ် ဇန္နဝါရီလ ၁၇ ရက်နှင့် ၂၂ ရက်နေ့တို့တွင် ထုတ်ဝေခဲ့သည့် နယူးရောက် ဒေးလီထရိုင်ဖျုန်းဆောင်းပါးတွင် ပါရှိသည့် မာက်(စ်)၏ဆောင်းပါး `လွတ်မြောက်မှုမေးခွန်း´တွင် အဓိပ္ပာယ်ဖော်ပြချက်သည် ထုတ်လုပ်သူများသို့ အရင်းအမြစ်တစ်ခုအဖြစ် ပြုမူဆောင်ရွက်သည့်လူသားများကို ဖော်ပြလေ့ရှိ်သော်လည်း၊ လူသားများကို ပေးကမ်းသည့် အရည်အသွေး သို့မဟုတ် ကြိုးပမ်းယူရသည့် ခေတ်မှီသည့် အဓိပ္ပာယ်ဖြင့် “ဗဟုသုတ အရင်းအမြစ်များ”ထက်သာလွန်သည်။

အယူအဆနှင့်ပတ်သက်၍ ငြင်းခုံမှုများ ပြင်ဆင်ရန်

အချို့သော လုပ်သားဘောဂဗေဒပညာရှင် များက ချီကာဂိုကျောင်း၏ သီအိုရီသည် အားလုံးသော လုပ်အားခနှင့် လစာတို့၏ ခြားနားချက်များကို လုပ်သားအရင်းအမြစ် အဓိပ္ပာယ်ဖြင့် ကြိုးစား၍ ရှင်းလင်း ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။ လူသားအရင်းအမြစ် အယူအဆကို အဆုံးအစမရှိ အလျှော့အတင်းလုပ်နိုင်သည်။ တိုင်းဆ၍ မရနိုင်သော ပြောင်းလဲခြင်းများ အပါအဝင် အစရှိသော တစ်ဦးချင်း ကိုယ်ကျင့် သိက္ခာ သို့မဟုတ် အတွင်းမှ လူများဖြင့် ဆက်နွယ်မှုများ (မိသားစု သို့မဟုတ် ညီအစ်ကိုရင်းချာသဖွယ် တို့မှ တစ်ဆင့်) တို့ဖြစ်သည်။ လုပ်အားခများကို လုပ်သားများအတွက် လုပ်သားအရင်း အမြစ်၏ ရှုထောင့်မှ အခြားဘက်တွင် မြင့်မားစေနိုင်သည်ဟူသော အရေးကြီးသည့် လေ့လာတွေ့ရှိချက်ကို ယင်းသီအိုရီကသက်သေပြခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်အချို့က စာပေတွင် တူညီမှုပြုနိုင်သည့် အချို့သော အပြောင်းအလဲများတွင် ဖိုမနှင့် ဇာတိလုပ်အားခ ခွဲခြားမှုများ၊ အလုပ်အကိုင်နေရာခွဲခြား သတ်မှတ်မှုများ၊ လူမှုစီးပွားရေးဘဝအဆင့်အတန်း တို့ပါဝင်သည်။ မည်သို့ဆိုစေ ဩစတြီးယန်း ဘောဂဗေဒပညာရှင် ဝေါ်လတာဘလောက်က ၎င်းအပြောင်း အလဲများသည် ဤယောက်ျား/မိန်းမ လုပ်အားခကွာခြားမှု၏ အကြောင်းရင်းမဟုတ်ဟု အဆိုပြုခဲ့သည်။ သောမတ်(စ်) ဂျေဒီလိုစင်နိုကလည်း သဘောက်၏ သီအိုရီကို ကောင်းစွာအတိုချုပ်မှု ပြုခဲ့သည်မှာ “လက် ထပ်ခြင်းသည် ယောက်ျားနှင့် မိန်းမတို့အား ၎င်းတို့၏ အနာဂတ်ဝင်ငွေ ရှာဖွေနိုင်မှု အရည်အချင်းများကို အလွန်ခြားနားစွာ သက်ရောက်မှုရှိစေသည်။ သို့ဖြစ်၍ ယင်းသည် ယောက်ျား/မိန်းမ လုပ်ခ ခြားနားမှု ကွာဟချက်၏ အရေးကြီးသည့် အကြောင်းတစ်ခုဖြစ်သည်” ဘလောက်က လက်မထပ်ရသေးသည့် ယောက်ျားနှင့် မိန်းမတို့အကြားတွင် လုပ်အားခကွာဟမှုမရှိ၊ သို့ရာတွင် လက်ထပ်ပြီး ယောက်ျား၏ လစာ သည် သာမန်အားဖြင့် လက်ထပ်ပြီးမိန်းမ၏ လစာထက် ပိုမိုနေသည်မှာ ဟုတ်မှန်နေကြောင်း ပြောဆိုပါ သည်။ အဆိုပါ လုပ်အားခများသည် မိခင်နှင့် မွေးဖွားလာမည့် ကလေးများအတွက်ကုန်ကျစရိတ် အခွင့် အလမ်းဖြစ်သည်ဟု ၎င်းက အခိုင်အမာ ပြောဆိုသည်။

တိကျသောလူသားအရင်းအမြစ် နှင့် ယေဘုယျကျသော လူသားအရင်းအမြစ် ပြင်ဆင်ရန်

ပညာရေး၏ တန်ဖိုးကို သတ်မှတ်ရာတွင် ခန့်အပ်လွှာ များ၏ ဂုဏ်ဒြပ်သည် ဗဟုသုတ အောင်မြင် ရရှိရန် ကဲ့သို့ အရေးကြီးသည်။ ၎င်းသည် ပြိုင်ဆိုင်မှုမပြုသည့် အုပ်စုများနှင့် လုပ်သားဈေးကွက် ပိုင်းခြားမှုများကဲ့သို့သော ဈေးကွက်မပြည့်စုံမှုများကို ညွှန်ပြနေပါသည်။ ပိုင်းခြားထားသည့် လုပ်သား ဈေးကွက်များတွင် “လုပ်သားအရင်းအမြစ် ပြန်လည်ပေးဆပ်မှု” သည် နှိုင်းယှဉ်နိုင်သော ကျွမ်းကျင်သည့် လုပ်သားဈေးကွက်အုပ်စု သို့မဟုတ် ပိုင်းခြားမှုများအတွင်း ခြားနားမှုရှိနေပါသည်။ ဥပမာတစ်ခုမှာ ၎င်းသည်လူနည်းစ သို့မဟုတ်အမျိုးသမီး အလုပ်သမားများအား ခွဲခြားဆက်ဆံမှု ဖြစ်သည်။

ဘက်ကာ၏ အဆိုအရ လူသားအရင်းအမြစ်စာပေသည် မကြာခဏ “တိကျသောလူသားအရင်းအမြစ်” နှင့် “ယေဘုယျကျသော လူသားအရင်းအမြစ်”တို့ကြား မကြာခဏခွဲခြားသိမြင်စေသည်။ တိကျသည့် လူသားအရင်းအမြစ်သည် တစ်ဦးတည်းသော အလုပ်ရှင် သို့မဟုတ် စက်ရုံကို အသုံးဝင်စေမည့် ကျွမ်းကျင်မှု သို့မဟုတ် ဗဟုသုတ အများကို ရည်ညွှန်းပါသည်။ ယေဘုယျလုပ်သား အရင်းအမြစ် (စာရေးတတ် ဖတ်တတ်ခြင်း) သည် အားလုံးသော အလုပ်ရှင်များကို အသုံးဝင်စေသည်။ ဘောဂဗေဒ ပညာရှင်များက ခိုင်မာသည့် တိကျသော လူသားအရင်းအမြစ်သည် ဘေးအန္တရာယ်များသည် ဟု အမြင်ရှိကြသည်။ လုပ်ငန်းပိတ်သိမ်းခြင်း သို့မဟုတ် စက်ရုံကျဆုံးခြင်းတို့သည် ပြောင်းရွှေ့နိုင်ခြင်း မရှိသည့် ကျွမ်းကျင်မှုများကို ဦးတည်နေသည်။ (ခိုင်မာသည့် တိကျသော အရင်း အမြစ်များ၏ အရေအတွက်နှင့် ဆိုင်သောအရေးပါမှု၏ သက်သေအထောက်အထားကို ဖြေရှင်း၍မရသေးပါ) လူသားအရင်းအမြစ်သည် ဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပင်စင်ယူခြင်း တို့နှင့် စပ်လျဉ်းသည့်ငြင်းခုံများ၏ ဗဟိုအချက်အချာများ ဖြစ်ကြသည်။

ရည်ညွှန်းကိုးကား ပြင်ဆင်ရန်