လူ့မွန်တူလီ

web browser များ စတင်ရေးသားခဲ့ရာတွင်ပါ၀င်ခဲ့ခြင်းတို့မှနေ၍ အသိမှတ်ပြုခံရသော ပရိုဂရမ်မာတဦး

လူးဝစ်ဂျေမွန်တူလီ (၂) (လူ့မွန်တူလီ ဟုလည်းသိကြသည်။) သည် ပရိုဂရမ်မာတစ်ယောက် ဖြစ်သည်။ သူသည် ဝဘ်ဘရောက်ဆာ များ ထုတ်လုပ်သည့်အလုပ်ဖြင့် လူသိများသူ ဖြစ်သည်။ ၁၉၉၁ ခုနှစ် နှင့် ၁၉၉၂ ခုနှစ်တွင် Lynx ဟု ခေါ်သည့် စာသားဝဘ်ဘရောက်ဆာ (Text Web Browser) တစ်ခုကို မိုက်ကယ်ဂရုဘ်(Michael Grobe)၊ ချားရီဇက် (Charles Rezac) တို့နှင့်အတူ ရေးသားခဲ့သည်။ ကန်ဆက်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုဘရောက်ဆာသည် ပထမဆုံး အသုံးပြုနိုင်သည့် ဘရောက်ဆာဖြစ်ပြီး လက်ရှိအချိန်တွင် အသုံးပြုမှု ရှိနေတုန်း ဖြစ်သည်။

အသက်မွေးဝမ်းကြောင်း ပြင်ဆင်ရန်

၁၉၉၄ ခုနှစ်တွင် Netscape Communications ကို တည်ထောင်သည့် အင်ဂျင်နီယာတစ်ဦး ဖြစ်လာခဲ့ပြီး Netscape ဝဘ်ဘရောက်ဆာ ပထမဗားရှင်း၏ networking code အတွက်ပရိုဂရမ် ရေးသားခဲ့သည်။ သူသည် HTTP cookies, the blink element, server push နှင့် client pull, HTTP proxying, animated GIFs များကို ဘရောက်ဆာတွင် တပ်ဆင်အသုံးပြုခြင်း စသည့် ဘရောက်ဆာနှင့် ပတ်သက်သည် ဆန်းသစ်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ သူသည် Netscape တွင် ရှိနေစဉ် W3C ၏ HTML working group တွင် အဖွဲ့ဝင် နှင့် HTML 3.2 တွင် ကူညီဆောင်ရွက်သူ အဖြစ် လုပ်ဆောင်ခဲ့သည်။ သူသည် ၁၉၉၄ ခုနှစ်တွင် World-Wide Web ၏ ပထမအပြည်ပြည်ဆိုင်ရာညီလာခံတွင် inductees ခြောက်ဦးထဲမှ တစ်ဦးဖြစ်ကြောင်း World Wide Web Hall of Fame တွင် ကြေညာခဲ့သည်။[၁][၂]

၁၉၉၈ ခုနှစ်တွင် သူသည် Epinions ကို တည်ထောင်သည့် အင်ဂျင်နီယာ ဖြစ်ခဲ့သည်။ Epinions သည် ယခုအချိန်တွင် Shopping.com ကုမ္ပဏီတစ်ခု ဖြစ်သည်။[ကိုးကားချက်လိုသည်]

၂၀၀၂ ခုနှစ်တွင် MIT Technology Review TR100 က သူ့အား ကမ္ဘာပေါ်ရှိ ၃၅ နှစ်အောက် အတော်ဆုံး တီထွင်ဆန်းသစ်သူ ၁၀၀ ထဲမှ တစ်ယောက်အဖြစ် ဖော်ပြခဲ့သည်။[၃]

၂၀၀၄ ခုနှစ်တွင် သူသည် Memory Matrix ၏ စီအီးအို နှင့် တွဲဖက်တည်ထောင်သူ ဖြစ်လာခဲ့သည်။ Memory Matrix သည် Shutterfly Inc မှ ဖြစ်လာသည်။[ကိုးကားချက်လိုသည်]

၂၀၀၈ ခုနှစ်တွင် Zetta.net ၏ တွဲဖက်တည်ထောင်သူ ဖြစ်ခဲ့သည်။ Zetta.net သည် cloud storage ကုမ္ပဏီတစ်ခု ဖြစ်သည်။[ကိုးကားချက်လိုသည်]

၂၀၁၅ ခုနှစ်တွင် သူသည် JetInsight တွင် တွဲဖက်တည်ထောငါသူ နှင့် CTO အဖြစ်ဆောင်ရွက်ခဲ့သည်။[ကိုးကားချက်လိုသည်]

လုပ်ဆောင်‌နေဆဲစီမံကိန်းများ ပြင်ဆင်ရန်

သူသည် Netscape ဘရောက်ဆာ လုပ်နေစဉ် Fishcam ကို တည်ထောင်ခဲ့သည်။ Fishcam သည် အသက်ဝင်လှုပ်ရှားနေသည့် ရုပ်ပုံဝဘ်ဆိုက်များထဲတွင် အစောဆုံး တစ်ခုလည်း ဖြစ်သည်။[၄] Fishcam သည် Netscape ဘရောက်ဆာများတွင် Fishcam Easter egg အဖြစ် ထည့်သွင်းရာမှ လူသိများလာခဲ့သည်။[၅] Netscape ကုမ္ပဏီသည် fishcam ကို Netscape မရှိသည့်အချိန်တိုင်အောင် လွှင့်တင်ခဲ့သည်။ အနည်းငယ် ကြာခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် လွှင့်တင်မှု အသစ်တစ်ခုကို ပြုလုပ်ခဲ့သည်။ ထိုလွှင့်တင်မှုသည် တိုက်ရိုက်ထုတ်လွှင့်သည့်ဝဘ်ဆိုက်များ ပေါ်လာသည့် ကာလနီးနီးအထိ တည်ရှိခဲ့သည်။[ကိုးကားချက်လိုသည်]

ကိုးကား ပြင်ဆင်ရန်

  1. Robert Cailliau (May 1994)။ WWW94 Awards။ CERN။ 6 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-09-25 တွင် ပြန်စစ်ပြီး။
  2. The World-Wide Web Hall of Fame။ Best of the Web Directory (1994)။ 10 May 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-09-25 တွင် ပြန်စစ်ပြီး။
  3. 2002 Young Innovators Under 35။ Technology Review (2002)။ August 16, 2011 တွင် ပြန်စစ်ပြီး။
  4. Lou Montulli။ A Short History of the Fishcam။ 2009-02-20 တွင် ပြန်စစ်ပြီး။
  5. Eric Perlman။ Wacky Uselessness။ 25 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-02-20 တွင် ပြန်စစ်ပြီး။