လူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များ
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူသားတိုင်းရသင့်ရထိုက်သော ခံစားထိုက်သောအခွင့်အရေးများကိုလူ့အခွင့်အရေးကြေညာ စာတမ်းဖြစ်အတည်ပြုကြေညာခဲ့သည်။ ယင်းကြေညာစာတမ်းပါအချက်များကိုလေးစားလိုက်နာရန်၊ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား လုံးကိုဖြန့်ဝေ၍ သက်ဆိုင်ရာနိုင်ငံသူနိုင်ငံသားများသိရှိစေရန်စာသင်ကျောင်းများ၊ပညာရေးအဖွဲ့အစည်းများ တွင်ထင်ရှားသိသာမြင်တွေ့စေရန်ထပ်ဆင့်ဖြန့်ဝေခိုင်းသည်။ လူသားတိုင်းခံစားနိုင်သည့် အခြေခံလူ့အခွင့်အရေးများကိုဖော်ထုတ်အတည်ပြုခဲ့သည့်ဒီဇင်ဘာ၁၀ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ အဆိုပါလူ့အခွင့်အရေးကြေညာစာတမ်းတွင်အချက်ပေါင်း၃၀ပါရှိသည်။ ယင်းအချက်သုံးဆယ်မှာအောက်ပါအတိုင်းဖြစ်သည်။
- လူတိုင်းမွေးဖွားလာကတည်းကတူညီသောလူ့ဂုဏ်သိက္ခာနှင့်အခွင့်အရေးရှိသည်။
- လူတိုင်းအသားအရောင်လိင်ကိုးကွယ်သည့်ဘာသာကျားမမရွေးတန်းတူညီမျှဖြစ်သည်။
- လူတိုင်းအသက်ရှင်ခွင့်လုံခြုံခွင့်ရှိသည်။
- မည်သူ့ကိုမှ ကျွန်အဖြစ်စေခိုင်းခြင်းမပြုရ။
- မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်း မရှိစေရ။
- လူတိုင်း တရားဥပဒေရှေ့တွင်လူသားကဲ့သို့ဆက်ဆံခံရမည်။
- လူတိုင်းတရားဥပဒေရှေ့မှောက်တွင်တန်းတူဖြစ်သည်။ ကျောသားရင်သားမခွဲခြားရ။
- အခွင့်အရေးချိုးဖောက်ခံရပါကဥပဒေအကူအညီယူခွင့်ရှိသည်။
- မည်သူ့ကိုမှ ဥပဒေမဲ့ဖမ်းဆီးခြင်း၊တိုင်းပြည်မှနှင်ထုတ်ခြင်းမပြုရ။
- လူတိုင်းမျှတသောတရားစီရင်မှုခံခွင့်ရှိသည်။ လူအများကြားနာနိုင်သောတရားရုံးဖြစ်ရမည်။
- အပြစ်ရှိသည်ဟုခိုင်လုံသောအထောက်အထားမရှိမချင်းထိုသူသည်အပြစ်မရှိ။
- မကောင်းသောရည်ရွယ်ချက်ဖြင့်အခြားသူ၏စာများဖောက်ခြင်းအိမ်အတွင်းဝင်ခြင်းမပြုရ။
- လူတိုင်းမိမိတိုင်းပြည်အတွင်း လွပ်လပ်စာ သွားလာခွင့်ရှိသည်။
- မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံနိုင်သည်။
- လူတိုင်းနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားနိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
- အရွယ်ရောက်ပြီးသော ကျားမတိုင်း မိမိဆန္ဒဖြင့် လက်ထပ်ခွင့် အိမ်ထောင်ထူထောင်ခွင့်ရှိသည်။
- လူတိုင်းကိုယ်ပိုင်ပစ္စည်းပိုင်ဆိုင်ခွင့်ရှိသည်။
- လူတိုင်းလွပ်လပ်စွာကိုးကွယ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားဘာသာသို့ ကူးပြောင်းနိုင်သည်။
- လူတိုင်းလွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်။
- လူတိုင်းငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသောအဖွဲ့များသို့ လွပ်လပ်စွာ ဝင်ခွင့်ရှိသည်။
- လူတိုင်းမိမိတိုင်းပြည်၏ အစိုးရကို ဆန္ဒမဲဖြင့်ရွေးချယ်ပိုင်ခွင့်ရှိသည်။
- လူတိုင်း လူမှုဘဝဖူလုံရေး ခံစားခွင့်ရှိသည်။
- လူတိုင်းသင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့်အလုပ်သမားသမဂ္ဂများသို့ ဝင်ရောက်ခွင့်ရှိ သည်။
- လူတိုင်းအပန်းဖြေအနားယူခွင့်ရှိသည်။
- လူတိုင်းလုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်။
- လူတိုင်းပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံးမူလတန်းပညာကို အခမဲ့သင်ခွင့်ရှိသည်။
- လူတိုင်းမိမိပတ်ဝန်းကျင်၏ ယဉ်ကျေးမှုတွင်ပါဝင်ပိုင်ခွင့်ရှိသည်။
- လူတိုင်းဤစာတမ်းပါအခွင့်အရေးများကိုလေးစားရမည်။
- လူတိုင်းအခြားသူများ၏အခွင့်အရေးကိုလေးစားရမည်။
- ဤစာတမ်းပါအခွင့်အရေးများကိုမည်သူမှမချိုးဖောက်ရ။