လူးဆစ်ပပ်စ် (ဂရိ: Λεύκιππος, Leúkippos; အင်္ဂလိပ်: Leucippus, /lˈsɪpəs/) သည် ရှေးဟောင်းရင်းမြစ်အချို့တွင် အက်တမ်သဘောတရား အယူအဆကို ဖွံ့ဖြိုးစေခဲ့သော အစောဆုံးဂရိအတွေးအခေါ်ပညာရှင်တစ်ဦးဟု ဆိုကြသည်။ ထိုစိတ်ကူးမှာ အရာရာကို မပျက်စီးနိုင်သော၊ ထပ်မံခွဲခြားမရနိုင်သော အက်တမ်ဟုခေါ်သည့် အခြေခံအကျဆုံး ဓာတ်များဖြင့် ဖွဲ့စည်းထားကြသည်။ လူးဆစ်ပပ်စ်သည် များသောအားဖြင့် အက်တမ်သီအိုရီကို စတင်ဖော်ထုတ်သူဟု အမွှမ်းတင်ခံရသည့် ဒဿနဆရာ ဒစ်မောခရစ်တပ်စ်၏ ဆရာသခင်ဟူ၍လည်း ရင်းမြစ်များတွင် ဖော်ပြတတ်သည်။

လူးဆစ်ပပ်စ်
လူးဆစ်ပပ်စ်
မွေးဖွားဘီစီ ၅ ရာစု အစောပိုင်း (ဘီစီ ၄၆၀ ဖြစ်နိုင်ခြေများ)
Abdera, Thraceor Miletus
ကွယ်လွန်ခရစ်ကြို ၄ ရာစု
ခေတ်ဆိုကရေးတီးအကြို ဒဿနခေတ်
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)
  • ဆိုကရေးတီးအကြို ဒဿန

Pre-Socratic philosophy

  • အက်တမ်သဘောတရား
  • ရုပ်ဝါဒ
အဓိက စိတ်ဝင်စားရာ
ရုပ်လွန်ပညာ
မှတ်သားလောက်သည့် အတွေးအကြံ
အက်တမ်သဘောတရား

အရစ္စတိုတယ်နှင့် သီယိုဖရာစ်တော့စ်တို့သည် လူးဆစ်ပပ်စ်ကို အက်တမ်သဘောတရားအာ စတင်ပေါက်ဖွားစေသူအဖြစ် သေချောပေါက် ဖန်တီးသွန်သင်ခဲ့ကြသည်။ ဤအချက်၌မူ ၎င်းတို့မဟုတ်ပါဟု တလွဲထင်ရန်ခဲယဉ်းလေသည်။[၁]

ဒိုင်အိုဂျီးနီးဇ် လေယားရှီးယပ်စ် (Diogenes Laërtius) ၏ အဲပစ်ခယူးရပ်စ်ဘဝ စာပေပါ မှတ်စုအကျဉ်းက အဲပစ်ခယူးရပ်စ်၏ သက်သေအထောက်အထားများတွင် လူးဆစ်ပပ်စ်သည် အစစ်အမှန် မတည်ရှိခဲ့ပါဟု ဆိုထားသည်။ ဒစ်မောခရစ်တပ်စ်၏ ဆက်ခံသူ အဲပစ်ခယူးရပ်စ်၏ စကားတွင် ဩဇာသက်ရောက်မှုတစ်ခုရှိရာ ၁၉ ရာစုကုန် နှစ်ကာလများ၌ ဤကိစ္စအပေါ် ဂျာမန်ပညာရှင်တို့ သဲကြီးမဲကြီးငြင်းခုံခဲ့ကြဖူးသည်။ ထို့အပြင် အလက်ဇန္ဒြီးယားခေတ်မီ သရာဆစ်လပ်စ် (Thrasyllus of Alexandria) ဆိုသူက ၎င်း၏ Corpus Democriteum[၂] တွင် အက်တမ်သဘောတရားနှင့်ပတ်သက်သော အရေးအသားများကို စာရင်းပြုစုထားပြီး ထို၌ လူးဆစ်ပပ်စ်မပါဝင်ဘဲ ဒစ်မောခရစ်တပ်စ်ကိုသာ ဖော်ပြထားပေသည်။ ကမ္ဘာ့သမိုင်းပညာရှင်များကြား လက်ရှိအများသဘောတူဆန္ဒမှာ လူးဆစ်ပပ်စ်သည် သမိုင်းတွင် တကယ်တည်ရှိခဲ့သည်ဟုဖြစ်၏ ။

လူးဆစ်ပပ်စ်သည် မိုက်လီတပ်စ်မြို့တွင် ဖွားမြင်ခဲ့နိုင်ခြေရှိခဲ့သည်။[၃] သို့ရာ၌ သရေ့စ်ပြည် အာ့ဘ်ဒီရာမြို့ (Abdera) နှင့် ဗဲလီယာတို့သည်လည်း ၎င်း၏ မွေးရပ်မြေဖြစ်နိုင်သည်ဟု ဖော်ပြမှုများတွေ့ရလေသည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Burnet၊ John (1930)။ Early Greek Philosophy (4th ed.)။ London and Edinburgh: A. and C. Black။ p. 330
  2. Jonathan Barnes, Early Greek Philosophy, 1987
  3. The Cambridge Companion to Early Greek Philosophy, p. xxiii. Note that Democritus was a resident of Abdera. Some said Leucippus from Elea, perhaps since he was unsuitably associated with the Eleatic philosophers.
  4. Diogenes Laërtius says "Leucippus was born at Elea, but some say at Abdera and others at Miletus". Diogenes Laërtius 9.30. Simplicius refers to him as "Leucippus of Elea or Miletus". Simplicius, Physica 28.4.