လေဆိပ်ပေါင်းကူးတံတား
လေဆိပ်ပေါင်းကူးတံတား(jet bridge, jetway, gangway, aerobridge/airbridge, air jetty, portal, skybridge, passenger boarding bridge (PBB)) ဆိုသည်မှာ လေဆိပ်အဆောက်အဦးမှနေ၍ လေယာဉ်ပေါ်သို့ တက်ရန်အသုံးပြုသော အပိတ်ပါကာ ရွေ့နိုင်သောတံတားဖြစ်သည်။ အဆောက်အဦးပုံစံ၊ လေယာဉ်အရွယ်အစားပေါ်မူတည်ကာ တံတားများကို ရွေ့နိုင်သည်။ ထိုတံတားများကို ဒါယူအန်မှ တီထွင်ခဲ့သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ထိုတံတားများမပေါ်ခင်တွင် ခရီးသည်များသည် လေယာဉ်ဆီသို့ လမ်းလျောက်ကာ လေယာဉ်ပေါ်သို့ လှေကားဖြင့်တက်ရသည်။
အမေရိကန်လေကြောင်းလိုင်းမှ ၁၉၅၄ တွင် စသုံးခဲ့သည်။ ပထမဆုံး တံတားကို ၁၉၅၉ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့တွင် အသုံးပြုခဲ့သည်ဟုလည်း ဆိုသည်။
ကောင်းကျိုးများ
ပြင်ဆင်ရန်တံတားများသည် နေပူမိုးရွာပါစေ ခရီးသည်များကို လေယာဉ်ပေါ်သို့တက်ရန် လွယ်ကူစေသည်။ တံတားအစွန်းတစ်ဖက်ကို လေဆိပ်အဆောက်အဦးတွင် ထားရှိပြီး တစ်ဖက်ကိုလေယာဉ်သို့ ချိတ်နိုင်သည်။ တံတားအစွန်းရှိ အရာရှိသည် ထိန်းချုပ်ရာစက်မှ တံတားကို အနိမ့်အမြင့် ဘယ်ညာ ရွေ့နိုင်သည်။
တချို့လေဆိပ်များတွင် ဂိတ်တစ်ခုတွင် တံတား ၂ ခု ၃ ခုရှိနိုင်သည်။ ဤသည်မှာ အချို့လေယာဉ်ကြီးများတွင် အထပ်များ၊ အတန်းများသို့ လွယ်ကူစွာသွားနိုင်သည်။
ဆိုးကျိုး
ပြင်ဆင်ရန်တံတားများသည် လေယာဉ်များကို တစ်ခါတစ်ရံ အန္တရာယ်ဖြစ်စေသည်။ လေယာဉ်မထွက်ခွာမီ တံတားကို မရုတ်နိုင်ပါက လေယာဉ်ကို ထိခိုက်နိုင်သည်။