လေညှိခြင်း

ပိုမိုအဆင်သင့်အခြေအနေများမှလေထု၏ဂုဏ်သတ္တိများပြောင်းလဲခြင်းလုပ်ငန်းစဉ်

လေညှိခြင်း (အေစီ၊ အေ/စီ သို့မဟုတ် အဲယားကွန်း) [၁] ဆိုသည်မှာ လူတို့ နေထိုင်ရာ နေရာအတွင်းမှ အပူနှင့် ရေငွေ့တို့ကို ထုတ်ပယ်သည့် လုပ်ငန်းစဉ် ဖြစ်ပြီး ထိုနေရာတွင် နေထိုင်သူတို့အတွက် ပိုမို၍ သက်တောင့်သက်သာ နေထိုင်နိုင်ရန် အတွက် ဖြစ်သည်။ လေညှိခြင်းကို အိမ်အတွင်း၌ ဖြစ်စေ စီးပွားရေး လုပ်ဆောင်ရာ ပတ်ဝန်းကျင် နေရာများတွင် ဖြစ်စေ ပြုလုပ်နိုင်သည်။ ထိုလုပ်ငန်းစဉ်အား အများအားဖြင့် အဆောက်အဦး အတွင်းပိုင်း ပတ်ဝန်းကျင်အား ပိုမို၍ သက်တောင့်သက်သာ ဖြစ်စေရန် အတွက် လုပ်ဆောင်လေ့ရှိပြီး ပုံမှန်အားဖြင့် လူများ နှင့် တိရစ္ဆာန်များ အတွက် ဖြစ်သည်။ သို့သော်လည်း လေညှိခြင်းကို အသုံးပြု၍ အပူထုတ်သော ကိရိယာများ ဖြစ်သည့် ကွန်ပျူတာ ဆာဗာများ၊ စွမ်းအား ချဲ့စက်များ ထားရာ နေရာများ၊ အနုပညာလက်ရာများကို ပြသထိန်းသိမ်းထားရာ နေရာများကို အေးမြစေရန်နှင့် ရေငွေ့ဖယ်ထုတ်ရန် အတွက်လည်း ပြုလုပ်ကြသည်။

အဆောက်အဦးပြင်ပရှိ အဲယားကွန်းများ


ကိုးကား ပြင်ဆင်ရန်

  1. air con Definition in the Cambridge English Dictionary။ 1 March 2018 တွင် ပြန်စစ်ပြီး။