လေသာဆောင်ဟူသည်မှာ ဘုရင်မင်းတရားကြီး လေအေး၊ လေညှင်းခံရာ လေတဖြူးဖြူး ဝင်လာနိုင်သည့် အဆောင်ဖြစ်သည်။ နွေရာသီကာလတွင် မင်းတရားကြီးသည် အလွန်ပူအိုက်လွန်းလှသဖြင့် အပူဒဏ်ကို ကာကွယ်ရန် ယင်းအဆောင်တွင် ဝါးစိမ်းကွပ်ပျစ်တော်များ ခင်းကျင်း၍ စပယ်ပန်းများကို ကြဲဖြန့်လျက် မန်ကျည်းကိုင်းများကိုလည်း ရေတွင်ဆွတ်ဖြန်းကာ ဤအဆောင်၌ စံမြန်းနေတော် မူတတ်သည်။ တခါတရံ ဘုရင်မင်းမြတ်ကို ဖူးမြှော်ရန် လာကြကုန်သော နိုင်ငံခြား ဧည့်သည်များသည် မဖူးမတွေ့နိုင်သေးမီ ဤလေသာဆောင်၌ ခေတ္တစောင့်ဆိုင်းနေရသည်။

မန္တလေးနန်းတွင်းရှိ လေသာဆောင်

ဘုရင်မင်းတရားကြီး နွေရာသီကာလ၌ လေသာဆောင်တွင် စံမြန်းတော်မူပုံကို အချုပ်တန်းဆရာဖေသည် အောက်ပါလေးဆစ်ဖြင့် ရေးစပ်ခြယ်မှုန်းခဲ့သည်။

ကွပ်ပျစ်တော် မြရည်ခဲမှာလှ၊
ငွေစပယ် ဖြူဖြူကြဲပါလို့၊
ထူတွဲမှ ထတော့မယ်။
စံဖလား သကြားပါ စသာထွေးပါလို့၊
ကြံ့သွေးပါ ဖျော်၍သုံးသော်လဲ၊ နုံးခွင့်မပြယ်။
ဆင်စွယ်ပျံ ငွေသစ်နန်းမှာလှ၊ အီစတန် နှင်းရေဖြန်းပါလို့၊
ညှင်းလေဆန်း ခံရတယ်၊ သက်ကယ်မှ ရှုနိုင်ဘူး။
နွေရာသီ ရွှေကေသာ တဖြည်းဖြည်းနှင့်၊
နေသာကီ မြွေဆိပ်မွှန်းသည့်နှယ်၊
ဂျွန်းပြန်လို့လူး။ ။ []

သာသနာရေးရာကိစ္စများအတွက်ရံဖန်ရံခါတွင် ဆရာတော်များပင့်၍ဆွေးနွေးတတ်သည်။ တောင်ပိန္နဲသားဖြင့် ခရုသင်းခံကာပြုလုပ်သော သင်္ခါသနရာဇပလ္လင်ရှိသည်။

  1. ဦးချမ်းမြ(အငြိမ်းစား မြန်မာစာပါမောက္ခ) ၏ အချုပ်တန်းဆရာဖေ၊ စာပေဗိမာန်ထုတ်၊ ၁၉၇၇-ခု၊ စာ-၉၃