လောကဓံ
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
အင်္ဂုတ္တရ ပါဠိတော်၊ စာမျက်နှာ (၇)။ အဋ္ဌကထာ၊ စာမျက်နှာ (၁၉၅)။ လောကဓမ်တရား ၈-ပါး။ လောကသားတွေ အမြဲတွေ့ကြုံ ခံစားနေရသော တရားရှစ်ပါး၊ ဆင်ခြင်တုံကင်းသောသူကို ရူးသွပ်တုန်လှုပ်စေနိုင်သော သဘောရှိ၏။
လောကဓံတရား ရှစ်ပါး
ပြင်ဆင်ရန်- (၁) လာဘ - လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း။
- (၂) အလာဘ - လာဘ်နည်း၍ညှိုးငယ်တုန်လှုပ်ခြင်း။
- (၃)ယသ - အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း။
- (၄) အယသ - အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း။
- (၅) ပသံသာ - ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း။
- (၆) နိန္ဒ - အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း။
- (၇) သုခ - ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း။
- (၈) ဒုက္ခ - ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။ [၁]
တည်ငြိမ်ရင့်ကျက်ပြီး လောကဓံကို ခံနိုင်ရည်ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင်........
၁။ ပစ္စည်းဥစ္စာတွေ ရရှိနေလည်း ————- မာန်မတက်သင့်ဘူး။
၂။ ပစ္စည်းဥစ္စာတွေ မရရင်လည်း ————- စိတ်မဆင်းရဲသင့်ဘူး။
၃။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ ရှိနေလည်း ———— သိပ်ပျော်စရာလို့ မမြင်သင့်ဘူး။
၄။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ မရှိလည်း ———– ခပ်အေးအေးပဲနေတက်ရမယ်။
၅။ ချီးမွမ်းခံရလို့လည်း ———— ဝမ်းမြောက်ဝမ်းသာမဖြစ်သင့်ဘူး။
၆။ ကဲ့ရဲ့ ခံရလို့လည်း ————– ဒေါသမဖြစ်သင့်ဘူး။
၇။ ဆင်းရဲခြင်းကြုံတွေ့ရလည်း ————- ကြံကြံခံနိုင်ရမယ်။
၈။ ချမ်းသာခြင်းကို ကြုံတွေ့ရလည်း ———— ထောင်လွှားမာန်တက်ခြင်းမဖြစ်သင့်ဘူး။
လူ့သဘာဝကတော့ ပျော်စရာရှိရင်ပျော်လိုက်တယ်၊ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းနေမယ်။ ဒါပါပဲ။ ဒါပေမယ့် ဘာကိုမှ လွန်လွန်ကြူးကြူးမဖြစ်ဖို့နဲ့၊ ပျော်စရာ၊ ဝမ်းနည်းစရာတွေကြုံတွေ့လာရတဲ့အခါ၊ ပျော်ရွှင်မှုတွေနဲ့ ကိုယ်လိုချင်တာတွေဖြစ်နေတုန်းမှာလည်း ဒါတွေဟာ လောကဓံလို သတိလေးထားပြီး သိပေးလိုက်ရင်……. စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ကိုယ်ဖြစ်ချင်တာတွေမဖြစ်လာတဲ့အခါ ခံစားရတာ နည်းနည်းသက်သာတယ်၊ [၂]
ကိုးကား
ပြင်ဆင်ရန်- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
- ↑ sawsanblog။ 28 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 December 2022 တွင် ပြန်စစ်ပြီး။