စကြဝဠာဗေဒ ဟု ဘာသာပြန်ချွတ်ချော်လွယ်သော လောကလုံး(ခြုံ)ဗေဒ သို့မဟုတ် လောကဗေဒ (အင်္ဂလိပ်: Cosmology) ဆိုသည်မှာ လောကကြီး(Universe) ၏ လက်ရှိအကြောင်းအရာ၊ သမိုင်းအကြောင်းအရာတို့ကို ခြုံငုံ၍၊ သက်ရောက်လောကအဝန်းအဝိုင်းကို တိုင်းဝန်းတာ(scale) ကြီးစွာဖြင့် ခြုံငုံလေ့လာသော ပညာရပ်တမျိုးမျိုးကို ဆိုလိုသည်။ ထို့ကြောင့် လောကလုံးဗေဒ (Cosmologpy) အမျိုးမျိုး ရှိနိုင်ပြီး၊ အကြမ်းအားဖြင့် -

  • လက်တွေ့ ထောက်လှမ်းမှု၊ သင်္ချာနည်းကျ တွက်ချက်မှုတို့ဖြင့် ဆက်စပ်လေ့လာကြသည့် အမျိုးအစားနှင့်
  • စိတ်မှန်းတွေးဆမှု အဓိက အားပြု၍ တွေးခေါ်ကြသည့် အမျိုးအစား ဟု ၂ခြမ်းလည်း ခွဲနိုင်သေးသည်။
Hubble eXtreme Deep Field (XDF) သည် အဝေးဆုံးမှ ကြယ်စုများကို ၂၀၁၂ ခုနှစ်တွင် ဓာတ်ပုံရိုက်ကူးနိုင်ခဲ့၏။ ဤပုံရှိ အစက်ကလေးတိုင်းသည် ကြယ်စုကြီး တစ်ခုစီပင် ဖြစ်ပြီး၊ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၃.၂ ဘီလီယံ (သန်းပေါင်း ၁သောင်း၃ထောင်ကျော်) ခန့် ရှိကြ၏။ ကျွန်ုပ်တို့၏ သက်ရောက်လောကဝန်း အတွင်း၌မူ ကြယ်စုပေါင်း ၂ ထရီလီယံ (သန်းပေါင်း ၂,၀၀၀) ခန့် ရှိသည်ဟု တွက်ချက်ရ၏။[၁]

ပထမတစ်မျိုး ထောက်လှမ်းတွက်ချက်မှုများတွင် ရူပဗေဒ၊ သို့မဟုတ် သူ့ထဲမှ နက္ခတ္တရူပဗေဒ စသည်ဖြင့် လိုသည့်နည်းစနည်များ သုံးကာ ဂြိုဟ်များ၊ ကြယ်များ၊ ကြယ်စုများကို လေ့လာကြသည်။ အခြားသော စိတ်ဖွင့်တွေးခေါ်မှု သတ်သတ်များတွင်မူ စိုင်းယန့်စ် (သင်္ချာတွက် + ထောက်လှမ်းတိုင်းတာ) နည်းကျ အချက်အအလက်များနှင့် စိုင်းယန့်စ် ကျမထားသော အချက်အလက်များလည်း ရောနှောအသုံးပြုကြသည်။[၂]

အကိုးအကား

ပြင်ဆင်ရန်
  1. Karl Hille:Hubble Reveals Observable Universe Contains 10 Times More Galaxies Than Previously ThoughtNASA (October 13, 2016)။ October 17, 2016 တွင် ပြန်စစ်ပြီး။
  2. "Introduction: Cosmology – space". New Scientist. 4 September 2006