လောင်တိုက်ဆိုသည်မှာ ဘုန်းကြီးပျံများတွင် အခေါင်းအားမီးရှို့ရန်သုံးသော အဆောက်အဦးဖြစ်သည်။ အမြဲတမ်းအဆောက်အဦးမဟုတ်ပဲ သစ်၊ ဝါးတို့ဖြင့်ယာယီဆောက်လုပ်သောအဆောက်အအုံမြင့်မြင့်ဖြစ်သည်။ ရောင်စုံဆေးရေးပြီးအလှဆင်လေ့ရှိကြသည်။ ဘုန်းကြီးအခေါင်းအားလောင်တိုက်၏ထိပ်ဆုံးအမြင့်ဆုံးနေရာသို့ ပန်းရထားဖြင့်ပို့ပြီး လောင်စာများပုံကာမီးကျည်ဖြင့် သို့မဟုတ် လူဖြင့် သို့မဟုတ် လျှပ်စစ်ဖြင့်မီးရှို့ရသည်။ မီးစတင်ရှို့ပြီးနောက် မီးရှုးမီးပန်းများ၊ ဒုံးပျံများလွှတ်ခြင်း၊ ဗျောက်အိုးများဖောက်ခြင်းတို့ပြုလုပ်ကြသည်။

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာတွင် ပြုလုပ်ခဲ့သော လောင်တိုက် ခေါ် ဘုန်းကြီးပျံ ယာယီပြဿဒ်