လောင်းရှည်မိဖုရား ဂူပြာသာဒ်
ရတနာပုံ ဒုတိယနန်းစံ သီပေါမင်း၏မယ်တော် လောင်းရှည်မိဖုရား၏ ဂူပြာသာဒ်ဖြစ်သည်။ သီပေါမင်းတည်ဆောက်ခဲ့သည်။
တည်နေရာ
ပြင်ဆင်ရန်မြနန်းစံကျော်ရွှေနန်းတော်ကြီး၏ အရှေ့မြောက်ဘက် အတွင်းမြို့ရိုးအတွင်း ရတနာပုံနန်းမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတွင် တည်ရှိသည်။ အရှေ့ဘက်တွင် သစ်တပ်အတွင်းမြို့ရိုးနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်းရုံး၊ အနောက်ဘက်တွင် မြနန်းစံကျော်ရွှေနန်းတော်ကြီး၊ တောင်ဘက်တွင် မင်းတုန်းမင်း၏အုတ်ဂူပြာသာဒ်နှင့် ပုဂံမင်းမယ်တော်ပြာသာဒ်၊ မြောက်ဘက်တွင် ဒင်္ဂါးစက်ရုံတို့ တည်ရှိသည်။
ခေတ်ကာလ
ပြင်ဆင်ရန်ရတနာပုံခေတ်လက်ရာဖြစ်သည်။
သမိုင်းအကျဉ်း
ပြင်ဆင်ရန်လောင်းရှည်မိဖုရားသည် မင်းတုန်းမင်ကြီး၏ မိဖုရားဖြစ်ပြီး သီပေါမင်း၏မယ်တော်ဖြစ်သည်။ လောင်းရှည်မိဖုရားသည် ရှမ်းမျိုးနွယ်ဖြစ်၍ သီပေါစော်ဘွား၏ သမီးတော်ဖြစ်သည်။ သီပေါမင်းသည် ရတနာပုံထီးနန်းတွင် နန်းတက်ပြီးနောက် မယ်တော်လောင်းရှည်မိဖုရား စံနေတော်မူရန် မြောက်ဥယျာဉ်တော်အတွင်း၌ အိမ်ဖြူတော်ကို တည်ဆောက်ပေးခဲ့သည်။ မယ်တော်သည် ထိုအိမ်ဖြူတော်တွင် ၁၂၄၀ ပြည့်နှစ်မှ ၁၂၄၃ ပြည့်နှစ်အထိ သုံးနှစ်မျှစံနေတော်မူပြီး ၁၂၄၃ ခုနှစ်၊ နယုန်လဆန်း ၅ ရက်တွင် နတ်ပြည်စံတော်မူခဲ့သည်။ မင်းတုန်းမင်းဂူမြောက်ဘက်တွင် ရွှေချကျွန်းပြာသာဒ်ဖြင့် မင်းတုန်းမင်းတရားကြီး၏မိဖုရား၊ သီပေါမင်း၏မယ်တော် လောင်းရှည်မိဖုရားကို သင်္ဂြိုဟ်ထားရှိသည်။
အမျိုးအစား
ပြင်ဆင်ရန်လေးတိုင်စင် ဘုံခုနှစ်ဆင့်ကျွန်းပြာသာဒ်ဖြစ်ပြီး အမွှမ်းပန်းများကိုလည်း ထုလုပ်တပ်ဆင်ထားသည်။
လက်ရှိအခြေအနေ
ပြင်ဆင်ရန်ပြာသာဒ်မှာ လေးတိုင်စင်ဘုံခုနှစ်ဆင့်ဖြစ်ပြီး ဆီဆေးနီညိုများ သုတ်ထားသည်။ နှစ်ကာလ ကြာရှည်မှုကြောင့် အမွှမ်းပန်းအချို့မှာ ယိုယွင်းလျက်ရှိသည်။ မြေစိုက်တည်ဆောက်ထားပြီး ပြာသာဒ်အလယ်တွင် အရိုးပြာအိုးမြှုပ်နှံထားသည်။ ယခင်က မပါသော်လည်း ယခုအုတ်တံတိုင်းကာရံထားပြီး တောင်ဘက်တွင် ဝင်ပေါက်ရှိသည်။ ပြာသာဒ်၏ ရှေ့မျက်နှာပြင်တွင် လောင်းရှည်မိဖုရားကျောက်စာတစ်ချပ် ရေးထိုးစိုက်ထူတားသည်။
ထိန်းသိမ်းမှု
ပြင်ဆင်ရန်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ [၁]
အကိုးအကား
ပြင်ဆင်ရန်- ↑ မန္တလေးဒေသ ရှေးဟောင်းအဆောက်အအုံများမှတ်တမ်း၊ အမှတ် (၁)၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ဒုကြိမ်၊ ဖေဖော်ဝါရီ ၂၀၁၁။