လောရန့်ဇ် ရှုထောင့်ပြောင်းကြည့်နည်း

လောရန့်ဇ် ရှုထောင့်ပြောင်းကြည့်နည်း (အင်္ဂလိပ်: Lorentz transformation) ဆိုသည်မှာ ရှုထောင့် (အမှတ်ချအိမ်; coordinate system) တစ်ခုမှ ၎င်းနှင့်နှိုင်းစာလျှင် ကိန်းသေအလျင်တခုနှင့် ရွေ့လျားနေသည့် အခြား ရှုထောင့် (အမှတ်ချအိမ်) အဖြစ်သို့ ချအမှတ် (coordinate)ဟူသော တည်နေရာနှင့် အချိန်များ ပြောင်းလဲကြည့်ရှုသည့်အနေဖြင့် တွက်ထုတ်နည်း ဖြစ်သည်။

မင်ခေါ့ဗ်ရှကီး အချိန်အကာသ၌ တစ်ပြိုင်တည်း ဟုသော သဘောတရားက ဇာတ်ကောင်အမျိုးမျိုးအတွက် မတူညီနိုင်ပုံ

ဒုတယ ရှုထောင့်(အမှတ်ချအိမ်)က ပထမ ရှုထောင့် (အမှတ်ချအိမ်)နှင့် နှိုင်းစာသော် t=t=0 ဟူသည့် ကနဦးအစ၌ ထပ်တူကျလျက် ထို့နောက်တွင် x-ဦးတည်ရာသို့ ကိန်းသေအလျင် v ဖြင့် အစဉ်ရွေ့လျားနေလျှင် ဤသို့ တွက်ထုတ်ခြင်းက လောရန့်ဇ် ရှုထောင့် ပြောင်းကြည့်နည်း ဖြစ်မည်။[၁][၂]

(t, x, y, z) က ကနဦး ရှုထောင့် (အမှတ်ချအိမ်) အတွင်း၌ ရှိနေမည့် ကျပန်း ချအမှတ် (coordinate)တို့ကို ကိုယ်စားပြုပြီး (t′, x′, y′, z′) က အသစ်အဖြစ် ရွှေ့ပြောင်းကြည့်မည့် ဒုတိယ ရှုထောင့် (အမှတ်ချအိမ်)၏ ချအမှတ် (coordinate) အသစ်ရလဒ်များကို ဆိုလိုသည်။ ပါဝင်နေသည့် c က အလင်းအလျင်ဖြစ်၍ ဂမ္မာ သင်္ကေတဖြင့် က လောရန့်ဇ် မြှောက်ဖော်ကိန်း ဖြစ်သည်၊ ၎င်းမြှောက်ဖော်ကိန်းက အချိန် တိုင်းကြောင်း နှင့် နှိုင်းရအလျင် ရှိနေသော အာကာသ တိုင်းကြောင်းတို့၌ ပါဝင်နေမည်ကို သတိပြုမိနိုင်သည်။

သို့ဖြင့်

ဟူသော ကိန်းအုံအသွင်ပုံစံဖြင့်‌ အထွေထွေခြုံညှိမိအောင် ဖော်ပြရလျှင် အပြည့်အစုံအားဖြင့် အသို့ ဖြစ်မည်။[၃]


အကိုးအကား ပြင်ဆင်ရန်

  1. Rao၊ K. N. Srinivasa (1988)။ The Rotation and Lorentz Groups and Their Representations for Physicists (illustrated ed.)။ John Wiley & Sons။ p. 213။ ISBN 978-0-470-21044-4 Equation 6-3.24, page 210
  2. Forshaw & Smith 2009
  3. Furry, W. H. (1955-11-01). "Lorentz Transformation and the Thomas Precession". American Journal of Physics 23 (8): 517–525. doi:10.1119/1.1934085. ISSN 0002-9505. Bibcode1955AmJPh..23..517F.