လေးကျွန်းစင်္ကြာရပ်တော်မူ ဗုဒ္ဒရုပ်ပွားတော်မြတ်ကြီး သည် ၁၁၆ မီတာ (၃၈၁ ပေ) အမြင့်ဆောင်သည့် ကမ္ဘာ့တတိယ အမြင့်ဆုံး ရုပ်တုဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီးသည် ၂၃ မီတာ(၇၉ ပေ)အမြင့်ရှိ ပလ္လင်တော်ကြီးပေါ်တွင် ရပ်တော်မူလျက်အသွင်ဟန်ဖြင့် တည်ရှိပြီး၊ မြန်မာနိုင်ငံမုံရွာမြို့အနီး ခတက္ကန်တောင်ရွာ၊ ဇီးဖြူတောင်ပေါ်တွင် တည်ရှိသည်။ ၁၉၉၅ ခု၊ မေလ(၈)ရက်၊ နံနက်(၉:ဝဝ)နာရီတွင် ပန္နက်တင်မင်္ဂလာပြုလုပ်ပြီး၊ ၁၉၉၅ ခု၊ ဩဂုတ်လ(၈)ရက်၊ နံနက် (၈:၂ဝ)နာရီတွင် အုတ်မြစ်စီမင်္ဂလာပြုလုပ်ခဲ့သည်။ ၂ဝဝ၈ ခု၊ ဖေဖော်ဝါရီလ (၂ဝ)ရက်၊ နံနက်(၇:၃ဝ)နာရီတွင် သံဃာတော်အပါးတစ်ထောင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ပြုလုပ်နိုင်ခဲ့သည်။ [၁] ကမ္ဘာ့အံ့ချီးဖွယ် လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီးကို မဟာဗောဓိတထောင်သာသနာ့နယ်မြေ စတင်ထူထောင်တော်မူသော မဟာဗောဓိတထောင်ပဓာနနာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာရဒမထေရ် စတင်တည်ထားကိုးကွယ်တော်မူခဲ့သည်။ ဆရာတော်ဘုရားကြီးမှာ ၂ဝဝ၆ ခု၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

လေးကျွန်းစကြာ
ကိုဩဒိနိတ်22°04′49″N 95°17′22″E / 22.080207°N 95.289359°E / 22.080207; 95.289359 (Laykyun Setkyar)ကိုဩဒိနိတ်: 22°04′49″N 95°17′22″E / 22.080207°N 95.289359°E / 22.080207; 95.289359 (Laykyun Setkyar)
တည်နေရာခတက္ကန်တောင်ရွာမုံရွာမြို့အနီး
အမြင့်
  • ရုပ်တု: ၁၁၆ မီတာ (၃၈၁ ပေ)
  • အောက်ခံအပါ: ၁၂၉.၂ မီတာ (၄၂၄ ပေ)
စတင်၁၉၉၆
ပြီးဆုံး၂၁ ဖေဖော်ဝါရီ ၂၀၀၈

အချက်အလက်များ ပြင်ဆင်ရန်

လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီး သည် ကမ္ဘ့ာ တတိယအမြင့်ဆုံးရုပ်တုဖြစ်သည်။ ရုပ်ပွားတော်အမြင့် ၁၁၆ မီတာ (၃၈၁ ပေ) ၊ ပလ္လင်တော်အမြင့် ၂၃ မီတာ (၇၅ ပေ) နှင့် လှေကားအားလုံးအမြင့် ၃၃ မီတာ( ၁၀၉ ပေ) စုစုပေါင်း ၁၈၅ မီတာ ( ၆၁၂ ပေ ) ရှိသည်။ အနောက်ဘက် ၆၉၈.၈၇ ပေ (၂၁၃.၀၁ မီတာ) တွင် ဗောဓိတထောင် လျောင်းတော်မူ မြတ်စွာဘုရား ရှိပြီး အနောက်ဘက် ၁,၆၉၄.၈၀ ပေ (၅၁၆.၅၈ မီတာ) တွင် အောင်စကြာစေတီတော်ကြီး ရှိသည်။ မုံရွာမြို့ မှ ၇.၅၀ မိုင် (၁၂.၀၇ ကီလိုမီတာ) ကွာဝေးသည်။ အထပ်ပေါင်း ( ၃၃ ) ထပ်ပါရှိသည်။


ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

  1. မဟာဗောဓိတထောင်
  2. မဟာဗောဓိတထောင်ဆရာတော်

ကိုးကား ပြင်ဆင်ရန်

  1. ဦးသက်တင်ရေးသားသော မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး၏ ခယောင်းလမ်းမှသည်နှင့် ဘဝသမိုင်းမှတ်တိုင်များ