လဲလူပင်သည် ဩလာကေစီအီးမျိုးရင်းတွင်ပါဝင်၍ ယင်း ကို ရုက္ခဗေဒအမည်အားဖြင့် ဩလက်စကင်းဒင် ဟုခေါ်သည်။ လဲလူပင် သည် ချုံနွယ်ပင် မျိုးကြီးဖြစ်၍ မြန်မာနိုင်ငံအရပ်ရပ် ရွက်ပြတ်တော်များ၌ အနှံ့အပြား တွေ့ရသည်။ လဲလူပင်မှ အခေါက်ကို အဖျားရောဂါအတွက် အသုံးပြုကြ၍ အရွက်ကို ဟင်းချို၊ ဟင်းခါး ချက်ကာ စားသောက်ကြသည်။ လဲလူပင်ကို လဲလောပင်၊ တောင်လဲလူပင် ဟုလည်းခေါ်ကြသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)