ဤသည်မှာ တရုတ်အမည် တစ်ခု ဖြစ်၍ မျိုးရိုးအမည်မှာ Liu ဖြစ်သည်။


လျိုရွှိ (တရုတ်: 刘旭; ၁၉၃၈ စက်တင်ဘာ ၂၉ - ၂၀၁၉ စက်တင်ဘာ ၅)[၁]သည် ငှက်ဖျားဆန့်ကျင်ကာကွယ်ဆေးသစ်တမျိုး ဖြစ်သော အာတီဆူနိတ်ကို ရှာဖွေတွေ့ရှိသည့် တရုတ် ဆေးဝါးဓာတုပညာရှင် ဖြစ်သည်။[၂][၃][၄]

Liu Xu
ဇာတိအမည်刘旭
မွေးဖွား(1938-09-29)၂၉ စက်တင်ဘာ၊ ၁၉၃၈
ရူတုံးမြို့၊ ကျန်းစုပြည်နယ်၊ တရုတ်
ဆုံးပါးစက်တင်ဘာ ၅၊ ၂၀၁၉(2019-09-05) (အသက် ၈၀)
ကွေ့လင်၊ တရုတ်
နိုင်ငံသားတရုတ်လူမျိုး
နယ်ပယ်Medicinal chemistry
Antimalarial medication
Clinical research
အဖွဲ့အစည်းဌာနGuilin Pharmaceutical Co., Ltd
မိခင်ကျောင်းChina Pharmaceutical University
ကျော်ကြားမှုအရင်းခံDiscovering Artesunate
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များState Award for Inventions (1989)

China Patent Award (1991)

State Science and Technology Progress Award (2002)

အာတီဆူနိတ်ကို ရှာတွေ့ခြင်းကြောင့် အာတီမစ်စီနင်၏ ရေတွင် မပျော်ဝင်နိုင်သော ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။ အာတီဆူနိတ်ကို သွေးပြန်ကြောထဲ ထိုးသွင်းခြင်း၊ ကြွက်သားထဲ ထိုးသွင်းခြင်း၊ ပါးစပ်နှင့် စအိုတို့မှလည်း ထိုးသွင်းခြင်း ပြုနိုင်သည်။[၅]

သူ၏ ကြိုးပမ်းအားထုတ်မှုကြောင့်၊ လျိုသည် ၁၉၈၉ တီထွင်မှုများအတွက် ပြည်နယ်ဆုနှင့် ၂၀၀၂ တွင် ပြည်နယ် သိပ္ပံနှင့်နည်းပညာတိုးတက်မှုဆုကို ရရှိသည်။

ငယ်ဘ၀ ပြင်ဆင်ရန်

လျိုရွှိကို ၁၉၃၈ စက်တင်ဘာ ၂၉ တွင် တရုတ်ပြည်၊ ကျန်းစုပြည်နယ်၊ ရူတုံး၌ မွေးသည်။ လျိုသည် တရုတ်ဆေးဘက်တက္ကသိုလ်၌ ဆေးဝါးဌာနတွင် လေ့လာပြီး၊ ၁၉၅၉ တွင် ဘွဲ့ရသည်။ ၁၉၅၉ မှ ၁၉၆၁ ထိ၊ ပေကျင်းဆေးဝါးထုတ်လုပ်ရေးကောလိပ်ရှိ ဆာလဖဆေးဝါးမျိုးကွဲသစ်များ စီမံကိန်း၌ ပါဝင်သည်။ ၁၉၆၁ တွင် သူသည် တတိယရှေ့တန်းလှုပ်ရှားမှုအနေဖြင့် ကွေ့လင်ဆေးဝါးသို့ ပြောင်းရွှေ့လာသည်။

သုတေသနအလုပ် ပြင်ဆင်ရန်

၁၉၇၇ မေ ၂၁ တွင် စီမံကိန်း ၅၂၃ ရုံးက ကွေ့လင်ဆေးဝါးကို ဆေးဝါးအာနိသင် တိုးတက်လာရန် နှင့် ရေတွင်ပျော်ဝင်နိုင်စွမ်းကို ဖြေရှင်းပေးရန် အာတီမစ်စီနင်တည်ဆောက်ပုံကို ပြန်လည်လေ့လာရန် တာဝန်ပေးသည်။ လျိုက ဤစီမံကိန်း၏ ခေါင်းဆောင် ဖြစ်လာသည်။ လျိုက ဆေးမူကွဲများစွာ ဖန်တီးပြီးနောက်ဆုံး၊ မူကွဲနံပါတ် ၈၀၄ ကို တွေ့ရှိကာ၊ နောက်ပိုင်းတွင် အာတီဆူနိတ်ဟု အမည်ပေးသည်။ အာတီဆူနိတ်သည် ငှက်ဖျားတိုက်ဖျက်ရာတွင် အာတီမစ်စီနင်ထက် သုံးဆမှ ခုနစ်ဆထိ အာနိသင်ပိုကောင်းပြီး၊ ရေတွင် ပျော်ဝင်နိုင်သော ဓာတ်အဖြစ် ထုတ်လုပ်နိုင်သည်။ အာတီဆူနိတ်ကို သွေးကြောထဲ ထိုးသွင်းနိုင်ဖွယ်ရာ ရှိလာသောကြောင့် ပြင်းထန်ငှက်ဖျားကို ကုသရာ၌ အသုံးပြုနိုင်သည်။

၁၉၈၁ အောက်တိုဘာ ၄ WHO က ကျင်းပသည့် ငှက်ဖျားဓာတုကုထုံးစာတမ်းဖတ်ပွဲတွင် ဦးစားပေးတိုးတက်မှု စီမံကိန်းအဖြစ် အာတီဆူနိတ်ကို ရွေးချယ်သည်။

အာတီဆူနိတ်ပရောဂျက်သည် ၁၉၈၉ တွင် နိုင်ငံတော်တီထွင်မှု တတိယဆု ရသည်။ ၁၉၈၈ အောက်တိုဘာ ၂၉ တွင် အာတီဆူနိတ်သည် တရုတ်မူပိုင်ခွင့်မှတ်ပုံတင်ရုံးမှ မှတ်ပုံတင်ခြင်းကို ရရှိသည်။

၁၉၉၆ တွင် ထိုအချိန်က CAS ပါမောက္ခချုပ် ဖြစ်သော ကျိုးကွမ်းကျောက်က ပရောဂျက်အတွက် ကြီးစွာသော ပေးဆပ်မှု ပြုခဲ့သည့် သိပ္ပံပညာရှင် ၁၀ ဦး ပါဝင်သော အာတီမစ်စီနင်သုတေသနရလဒ်အတွက် ဆုစာရင်းကို ထုတ်ပြန်လိုက်သည်။ လျိုရွှိ၏ နာမည်သည် အာတီဆူနိတ်ကို ဖန်တီးနိုင်ခဲ့သော အခန်းကဏ္ဍကြောင့် စာရင်းတွင် ပါဝင်လေသည်။

ဆုများ ပြင်ဆင်ရန်

  • ၁၉၈၉, တီတွင်မှုများအတွက် ပြည်နယ်ဆု State Award for Inventions (1st inventor)
  • ၁၉၉၁, တရုတ်မူပိုင်ခွင့်ဆု China Patent Award
  • ၁၉၉၂, တရုတ်ပြည်တွင်း သိပ္ပံနှင့်နည်းပညာအောင်မြင်မှု ဆယ်ဆုမှ တဆု၊ နိုင်ငံတော်သိပ္ပံကော်မရှင်၊ တရုတ် (One of the) Ten Science and Technology Achievements in China, State Science Commission, China
  • ၂၀၀၂, နိုင်ငံတော်သိပ္ပံနှင့်နည်းပညာတိုးတက်မှုဆု State Science and Technology Progress Award

ကိုးကား ပြင်ဆင်ရန်

  1. 青蒿琥酯发明人刘旭逝世 他挽救了2400万重症疟疾患者
  2. Liu, Xu (1980). "Study on artemisinin derivatives". Chinese Pharmaceutical Journal 1980 (15): 183. 
  3. Li, Guoqiao author.။ Artemisinin-based and other antimalarials : detailed account of studies by Chinese scientists who discovered and developed themISBN 9780128132111OCLC 1016908376
  4. 桂林生活网—桂林日报 (2018-06-20)။ 桂林科学家刘旭:书写人类抗疟事业传奇။ 2 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-03-05 တွင် ပြန်စစ်ပြီး။
  5. "Artesunate for the Treatment of Severe Falciparum Malaria" (24 April 2008). New England Journal of Medicine 358 (17): 1829–1836. doi:10.1056/NEJMct0709050. PMID 18434652.