လျှပ်စစ်ဓာတ်အားခွဲရုံ (အင်္ဂလိပ်: Electrical Substation သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကဏ္ဍများတွင် ပါဝင်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဓာတ်အားခွဲရုံများသည် ဗို့အားအပြောင်းအလဲလုပ်ပေးခြင်းအပါအဝင် အခြားအရေးကြီးသော လုပ်ငန်းများ လုပ်ဆောင်ပေးသည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာစက်ရုံများမှ သုံးစွဲသူများ အကြားတွင် လျှပ်စစ်ဓာတ်အားသည် အမျိုးမျိုးသောဗို့အားများဖြင့် ခွဲရုံများကြားခံကာ စီးဆင်းနေသည်။ ဓာတ်အားခွဲရုံများတွင် ထရန်စဖော်မာများရှိပြိး ၎င်းတို့သည် မြင့်မားသောဗို့အားများဖြင့်လာသည့် ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် ဗို့အားနိမ့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများအကြား ဗို့အားအပြောင်းအလဲ လုပ်ပေးကြသည်။ ဓာတ်အားခွဲရုံအမျိုးအစား၊ ဗို့အားအမျိုးအစားများအပေါ်လိုက်၍ ဓာတ်အားခွဲရုံအမျိုးမျိုးရှိသည်။ မြန်မာနိုင်ငံတွင် ပင်မလျှပ်စစ်ဓာတ်အားခွဲရုံများကို အစိုးရ၏ လျှပ်စစ်နှင့်ပက်သက်သော ဝန်ကြီးဌာနက တည်ဆောက်ထိန်းချုပ်သည်။

လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုတွင် ပါဝင်​သောအစိတ်အပိုင်းများ
  1. Primary power lines' side
  2. Secondary power lines' side
  1. Primary power lines
  2. Ground wire
  3. Overhead lines
  4. Transformer for measurement of electric voltage
  5. Disconnect switch
  6. Circuit breaker
  7. Current transformer
  8. Lightning arrester
  9. Main transformer
  10. Control building
  11. Security fence
  12. Secondary power lines

လျှပ်စစ်ဓာတ်အားခွဲရုံများသည် အောက်ပါလုပ်ငန်းများကို လုပ်ဆောင်သည်။

  • ဓာတ်အားလိုင်းများအား အဖွင့်၊ အပိတ်လုပ်ခြင်း။
  • ဗို့အားမြှင့်တင်ခြင်း (သို့မဟုတ်) လျှော့ချခြင်း။
  • ဓာတ်အားပေးစက်ရုံများအား ချိတ်ဆက်ပေးခြင်း။
  • ring main system ကိုအသုံးပြု၍ ဓာတ်အားပေးစနစ်အား တည်ငြိမ်အောင် ပြုလုပ်ပေးခြင်း။
  • ဓာတ်အားလိုင်းများအား ဝန်အားပိုစေခြင်း(overload)၊ အပြစ်ဖြစ်စေခြင်း(Fault)တိုမှ ကာကွယ်ပေးခြင်း။
သ​ပြေဝ ပင်မဓာတ်အားခွဲရုံ

အမျိုးအစားများ ပြင်ဆင်ရန်

  • Step up substations
  • Primary grid substations
  • Secondary substations
  • Distribution substations
  • Industrial substations
  • Switching substations
  • Mining substations
  • Mobile substations
  • Cinematograph substations

ပုံစံများ ပြင်ဆင်ရန်

ဓာတ်အားခွဲရုံများ၏တည်ဆောက်ပုံကိုလိုက်၍ (မျိုးခွဲခြားနိုင်သည်။

  1. Outdoor type
  2. Indoor type
    • Basement or Underground type
    • Pole mounted type

Indoor type ပြင်ဆင်ရန်

Indoor type ခွဲရုံဆိုသည်မှာ ခွဲရုံဆိုင်ရာပစ္စည်းများကို အဆောင်အဦးအတွင်း တပ်ဆင်ထားခြင်းဖြစ်သည်။ ဤပုံစံမျိုးသည် များသောအားဖြင့် ၁၁ကေဗွီ ဓာတ်အားလိုင်းများအတွက် အသုံးပြုလေ့ရှိပြီး ပတ်ဝန်းကျင်ဆိုင်ရာပြဿနာအချို့ (ဓာတ်ငွေ့၊ ဖုန်မှုန့် စသည်ဖြင့်) ကြုံတွေ့ရပါက ရံဖန်ရံခါတွင် ၃၃ကေဗွီနှင့် ၆၆ကေဗွီတို့အတွက်ပါ အသုံးပြုလေ့ရှိသည်။

Outdoor type ပြင်ဆင်ရန်

ပြင်ပပုံစံခွဲရုံများကို နှစ်မျိုးထပ်မံခွဲခြားနိုင်သည်။ ဓာတ်တိုင်များပေါ်တွင် တပ်ဆင်ထားသောပုံစံနှင့် မြေပေါ်တွင် (သို့မဟုတ်) မြေအောက်တွင် တပ်ဆင်ထားသောပုံစံများ ဖြစ်သည်။ ဓာတ်တိုင်များပေါ်တွင်တပ်ဆင်ထားသောပုံစံတွင် ဓာတ်တိုင်တစ်တိုင်၊ နှစ်တိုင်၊ လေးတိုင် စသည်ဖြင့် ဓာတ်တိုင်များပေါ်တွင် တပ်ဆင်ထားခြင်းဖြစ်သည်။[၁] ဤပုံစံမျိုးသည် ၁၅ကေဗွီအေ၊ ၁၀၀ကေဗွီအေနှင့် အထက်ရှိ ထရန်စဖော်မာများအတွက် အသုံးပြုလေ့ရှိသည်။  မြေပေါ်တွင် (သို့မဟုတ်) မြေအောက်တွင် တပ်ဆင်ထားသောပုံစံများသည် ၂၀၀ကေဗွီအေနှင့်အထက် ထရန်စဖော်များအတွက် အသုံးပြုသည်။ ထိုထရန်စဖော်များသည် ဓာတ်တိုင်ပေါ်သို့တင်ရန်အတွက် လေးလံလှသည်။ ထို့ကြောင့် ထိုထရန်စဖော်များကို မြေသို့ချရပြီး ၃၃ကေဗွီဗို့အားနှင့်အထက်အတွက် အသုံးပြုသည်။

ကိုးကား ပြင်ဆင်ရန်