လွတ်လပ်ရေးအထိမ်းအမှတ်ရုပ်တု၊ ဖနွမ်းပင်မြို့

လွတ်လပ်ရေးအထိမ်းအမှတ်ရုပ်တုသည် ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနွမ်းပင်မြို့တွင် တည်ရှိသည်။ ၁၉၅၃ခုနှစ်တွင် ပြင်သစ်ထံမှ ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရရှိခြင်းအထိမ်းအမှတ်အဖြစ် ၁၉၅၈ခုနှစ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဖနွမ်းပင်မြို့လယ်ခေါင် နိုရိုဒွမ်ရိပ်သာလမ်းနှင့် သီဟာနုရိပ်သာလမ်းတို့၏ဆုံရာတွင် တည်ရှိသည်။ ကြာပန်းပုံ စံရှိသောစေတီအဖြစ် တည်ထားခြင်း ဖြစ်သည်။ ဤပုံစံသည် အန်ကောဝပ်နှင့် အခြားသော ခမာရှေးဟောင်းသမိုင်းဝင် နေရာများရှိ ကြီးကျယ်ခမ်းနားသောခမာဘုရားကျောင်းများတွင် တွေ့ရသောပုံစံလည်း ဖြစ်သည်။ လွတ်လပ်ရေးအထိမ်း အမှတ်ရုပ်တုကို ထင်ရှားသော ကမ္ဘောဒီးယား ခေတ်သစ်ဗိသုကာတစ်ဦးဖြစ်သူ ဗန်း မော်လီဗန်းက ဒီဇိုင်းရေးဆွဲသည်။[၁]

နိုင်ငံတော်အဆင့်အခမ်းအနားများတွင် ဤလွတ်လပ်ရေးအထိမ်းအမှတ် ရုပ်တုသည် အဓိကကျသည်။ အဆိုပါအခမ်းအနား များတွင် တော်ဝင်အရာရှိ (သို့မဟုတ်) အဆင့်မြင့်အရာရှိတစ်ဦးက ရုပ်တု၏ အတွင်းဘက်အောက်ခံခုံတွင် တည်ရှိသော မီးတောက်ထွန်းညှိသည်။ နှစ်စဉ် ဤလွတ်လပ်ရေးအထိမ်းအမှတ်ရုပ်တုသို့ နိုင်ငံခြားသားများ၊ ဒေသခံများက လာရောက် လည်ပတ်ကြလေသည်။

အထိမ်းအမှတ်ရုပ်တု၏ဘေးတွင် အသစ်တည်ဆောက်ထားသော နိုရိုဒွမ်သီဟာနု၏ရုပ်တု တည်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. "The enigma of the Independence Monument". Phnom Penh Post. 7 November 2003. Retrieved 31 October 2017.