လွန်ဖောယိုင် (ထိုင်း: หลวงพ่อใหญ่), Phra Phutta Rattana Mongkhol Maha Munee ဟုလည်း သိကြ(ထိုင်း: พระพุทธรัตนมงคลมหามุนี; RTGSphra phuttha rattana mongkhon maha muni) နှင့် Roi Et ဗုဒ္ဓရုပ်ပွားတော်ကြီး သည် ထိုင်းနိုင်ငံတွင် စတုတ္ထမြောက် အမြင့်ဆုံးရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။

လွန်ဖောယိုင်
พระพุทธรัตนมงคลมหามุนี (Phra Phuttha Rattana Mongkhol Maha Muni)
တည်နေရာWat Bhurapha Piram, Meaung, Roi Et, Thailand
အမျိုးအစားBuddha statue, standing pose
ပစ္စည်းConcrete
အမြင့်၅၉.၂ မီတာ (၁၉၄ ပေ)
ပြီးဆုံး1973
ရည်ရွယ်Gautama Buddha

Roi Et စီရင်စုရှိ Wat Bhurapha Phiram ကျောင်းတော်တွင် တည်ရှိသည်။ ရုပ်ပွားတော်၏ အမြင့်သည် ၅၉.၂ မီတာ (၆၇.၅၅ မီတာ, အောက်ခြေပါ အပါအဝင်) ဖြစ်သည်။[၁] တည်ဆောက်မှုသည် ၁၉၇၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။[၂] ကွန်ကရစ်ဖြင့် တည်ဆောက်ထားပြီး အပြင်ဘက်တွင် အလှဆင်ကာရံထားသည်။

ရုပ်ပွားတော်ကြီး ဂေါတမဗုဒ္ဓရပ်တော်မူနေဟန် ဖြစ်သည်။ (ลือนามพระใหญ่), Leu nam phra yai ဟူသည့် စကားဖြင့် စီရင်စုနယ်၏ အမှတ်အသားနေရာတစ်ခု ဖြစ်သည်။ Leu nam phra yai ၏ အဓိပ္ပါယ်မှာ “ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီးကြောင့် ကျော်ကြားသည်” ဟု ဖြစ်သည်။ ရုပ်ပွားတော်ကြီးကို Wat Bhurapha Piram ကျောင်းတော်၏ ငါးဦးမြောက်ကျောင်းထိုင်ဆရာတော် Phra Ratcha Preechayana Munee ၏ မိန့်ကြားမှုဖြင့် တည်ဆောက်ခဲ့သည်။ ရုပ်ပွားတော်ကြီးကို တည်ဆောက်ရာတွင် ခန့်မှန်းခြေ ဘတ် ၇၀၀၀၀၀၀ ကုန်ကျခဲ့ကာ အချိန် ၈ နှစ်ကြာမြင့်ခဲ့သည်။

ပန်းပုဆရာသည် ဒေသခံပန်းပုဆရာဖြစ်မည်ဟု ယုံကြည်ရသည်။ ရုပ်ပွားတော်တစ်ခုလုံးကို ကြည့်ပါက ပုံမှန် ဗုဒ္ဓရုပ်ပွားတော်များကဲ့သို့မဟုတ်ဘဲ “အချိးအစားမကျ” ဟု ဝေဖန်ကြသည်။ ဤသည်မှာလည်း ပန်းပုဆရာ၏ အပြင်ပန်းအလှထက် နက်ရှိုင်းသည့် ယုံကြည်မှုအပေါ် အာရုံစိုက်မှုကြောင့်လည်း ဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။

ရုပ်ပွားတော်ကြီး၏ အရပ်သုံးအမည်မှာ Luangpho Yai (หลวงพ่อใหญ่) “ဗုဒ္ဓရုပ်ပွားတော်ကြီး” ဖြစ်သည်။ တရားဝင်အမည်မှာ Phra Phuttha Rattana Mongkhol Maha Munee (พระพุทธรัตนมงคลมหามุนี) ဖြစ်သည်။ အဓိပ္ပါယ်မှာ -

  • Phra Phuttha (พระพุทธ-) = ဗုဒ္ဓရုပ်ပွားတော်ကြီး
  • Rattana (รัตน-) = အဖိုးထိုက်ခြင်း၊ အဖိုးတန်ရတနာ
  • Mongkhol (มงคล) from Sanskrit मङ्गल (maṅgala) = အများသို့ ကောင်းခြင်းများ ယူဆောင်လာသည့်
  • Maha Muni (มหามุนี) = ဂေါတမဗုဒ္ဓ

အတူတကွ အမည်အားဘာသာပြန်ဆိုပါက “ဂေါတမဗုဒ္ဓရုပ်ပွားတော်ကြီး၊ အများပြည်သူသို့ ကောင်းခြင်းများ ယူဆောင်လာပေးသည့် အဖိုးတန်ရတနာတစ်ပါး” ဟု ဖြစ်သည်။

Luangpho Yai (หลวงพ่อใหญ่) ဆိုသည်မှာ မည်သည့် ဗုဒ္ဓရုပ်ပွားတော်ကိုမျှ သီးသန့်ရည်ညွှန်းသည့်စကား မဟုတ်ဘဲ “ဗုဒ္ဓရုပ်ပွားတော်ကြီး” ဟု အဓိပ္ပါယ်ရသည်။ ဤစကားကို ကြီးမားသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးများတွင်အသုံးပြုကြသည်။ Luangpho To (หลวงพ่อโต) ဟူသည့် စကားကိုလည်း အသုံးပြုကြပြီး အဓိပ္ပါယ်အတူတူပင် ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်