လွှာထပ်လေထု
အမြင့်ဆုံးတိမ်၏ အထက်တွင် လေပါးပြီးလျှင် လေစီးကြောင့်များ လေလွှာတလွှာမှ အခြားတလွှာသို့ ရွေ့ရှားသွားခြင်းမရှိသော လေထု၏ အပြင်လွှာကို လွှာထပ် လေထုဟုခေါ်သည်။ အီကွေတာ၏ အထက်ဖက်တွင် ထိုအလွှာ သည် အထက်ကိုးမိုင်၊ သို့မဟုတ် ကိုးမိုင်ကျော်အမြင့်၌ တည်ရှိ ၍ ကမ္ဘာ့ဝင်ရိုးစွန်းများတွင်မူ ခြောက်မိုင်ခန့်အမြင့်တွင် ရှိသည်။ ဤအလွှာ၏ ထုကို ယခုတိုင် အတိအကျ မသိရသေးပေ။ အလွန်မြင့်မားသောအရပ်တွင် ပျံသန်းကြသည့် လေယာဉ်ပျံနှင့် မီးပုံးပျံများတွင် အထက်သို့ မြင့်တက်လေ အပူချိန် နိမ့်ကျသွား လေဖြစ်ကြောင့် တွေ့ရှိရသည်။ အင်္ဂလန်နိုင်ငံ၌ မြေပေါ်တွင် အပူချိန် ဖာရင်ဟိုက် ဒီဂရီ ၅ဝ ဖြစ်လျှင် တမိုင်အမြင့်တွင် ဖာရင်ဟိုက် ဒီဂရီ ၃၂၊ ငါးမိုင်အမြင့်တွင် ရေခဲအမှတ်အောက် ၄ဝ ဒီဂရီနှင့် ခုနစ်မိုင် အမြင့်တွင် ရေခဲအမှတ်အောက် ၇ဝ ဒီဂရီ အသီးသီးရှိသည်။ ထိုနောက် အပူချိန် တဖြည်းဖြည်း နိမ့်ကျသွားခြင်း မရှိသော အရပ်သို့ ရောက်လာသည်။ ထိုအရပ် သည် လွှာထပ်လေထုပင်ဖြစ်သည်။ တခါတရံ ထိုနေရာမှ တမိုင်၊ သို့မဟုတ် နှစ်မိုင်အမြင့်တွင် အပူချိန် အနည်းငယ် မြင့်တက်လာတတ်သည်။ သို့သော် များသောအားဖြင့် အထက်သို့ မိုင် ၂ဝ၊ သို့မဟုတ် ထိုထက်မြင့်သည်အထိ အပူချိန်သည်။ တသမတ်တည်း ရှိတတ်သည်။ ထိုနောက်ယခုအထိ ကျွန်ုပ်တို့ မသိရသေးသော အကြောင်းတစုံတရာကြောင့် လေသည် တဖြည်းတဖြည်း ပူလာရာ မိုင် ၄ဝ အမြင့်၌ ရေဆူသည့် အပူချိန်သို့ပင် ရောက်ရှိလာသည်။ ထိုနေရာမှတဖန် အထက်သို့ အေးသွားရာ ဂြိုဟ်များအကြားနေရာတွင်ရှိသည့် အပူချိန်သို့ ရောက်ရှိသွားသည်အထိ ဖြစ်သည်။ လွှာထပ်လေထု၏ အမြင့် တနေရာတွင် တိုင်းတာယူသော အပူချိန်သည် ထိုအမြင့်၏ အောက်ဘက်ရှိ အရပ်ဒေသကို လိုက်၍ ကွဲပြားလေသည်။ ထူးဆန်း သော အချက်တချက်မှာ ကမ္ဘာပေါ်တွင် အအေးဆုံးအရပ်ဖြစ် သော ကမ္ဘာဝင်ရိုးစွန်း၏ အထက်ဖက်ရှိ လွှာထပ်လေထုသည် အပူဆုံးဖြစ်သည် ဟူသော အချက်ပင်ဖြစ်သည်။ ကမ္ဘာ့မျက်နှာပြင်အနီးရှိ လေထုတွင် ကမ္ဘာမျက်နှာပြင်မှ အပေါ်သို့တက်သောအခါ အပူချိန် ကျသွားလေ့ရှိသော နေရာ များတွင် အသံလမ်းကြောင့် များသည် အပေါ်ဘက်သို့ကောက် သွားတတ်၍ အပူချိန်မကျတော့ပဲ အပူချိန် တက်သွားသည့် နေရာများတွင်မူ အသံလမ်းကြောင်းများသည် အောက်ဘက်သို့ ကောက်သွားသည်ကို တွေ့ရလေသည်။ ယခုအထိ ကျွန်ုပ်တို့သည် တိုက်ရိုက်တိုင်းတာခြင်းဖြင့်လွှာထပ် လေထု အကြောင်းကို အနည်းအကျဉ်း မျှသာ သိရှိရသေးသည်။ သာမန်လေယာဉ်ပျံများသည် အမြင့်ဆုံး ၁ဝ မိုင်ခွဲအထိသာ ပျံသန်း နိုင်ခဲ့သေးသည်။ လွှာထပ်လေထုထဲသို့ လွှတ်ပေးသည့် မီးပုံးပျံ များသည် အမြင့်ဆုံး ၁၃ မိုင်ခွဲအထိသာ ရောက်ရှိခဲ့သည်။ လေ၏ အခြေအနေကို တိုင်းတာရန် ကရိယာများ၊ သို့မဟုတ် မြေပြင်ပေါ်ရှိ မိုးလေဝသဆိုင်ရာ ပညာရှင်များအား လေ၏အခြေအနေကို ရေဒီယို ဖြင့်အလိုအလျောက် သတင်းပေးနိုင်ရန် ကရိယာများတပ်ဆင်ထား သော လူမပါသည့် မီးပုံးပျံများသည်လည်း အမြင့်ဆုံး မိုင် ၂ဝ အထိသာ ရောက်သေးသည်။ အမှန်မှာ မိုင်း ၂ဝ အမြင့်သည်။ လွှာထပ်လေထု၏ အောက်ဘက်ပိုင်းမျှသာ ဖြစ်ပေသေးသည်။ ထိုသို့ တိုက်ရိုက်တိုင်းတာနည်းများအပြင် အပူချိန်နှင့် ဖိအားကို သွယ်ဝိုက်သောနည်းဖြင့် မှန်းဆကြရသည်။ သွယ်ဝိုက်သောနည်း များကို အသုံးပြုရာတွင် ပေါက်ကွဲမှုများမှာ အသံ၏ အသွားနှုန်းကို တိုင်းတာယူခြင်း၊ ကြယ်ပျံများ ကျဆင်းလာရာတွင် တွေ့ဆုံရသော ခုခံအားကို တိုင်းတာယူခြင်း၊ ရေဒီလှိုင်းများ ပြန်လည်ရိုက်ဟပ်ပုံကို လေ့လာခြင်း စသည်များကိုသာ အသုံးပြုကြရသည်။ သို့သော် လေ၏ သိပ်သည်းခြင်းသည် အပူချိန်တွင်ကဲ့သို့ တစုံတရာထူးဆန်း သည့် အချက်ကိုမပြပဲ မြင့်တက်လာသောအခါ တဖြည်းဖြည်း နည်း သွားကြောင့် တွေ့ရသည်။ ကမ္ဘာ့မျက်နှာပြင်နှင့် ဝေးကွာရာဖြစ်သော အလွန်မြင့်သည့် နေရာများ တွင် လေထုဖိအား နည်းပါးကြောင်းကို အောက်ပါဇယားရှိ ဂဏာန်း များကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ အမြင့်မိုင် ၅ ၁ဝ ၁၅ ၂ဝ ၂၅ ပင်လယ်မျက်နှာပြင် ဖိအား၏ရာခိုင်နှုန်း ၁ဝ ၁ဝ ၃.၁ ဝ.၈၅ ဝ.၂၅
မိုင် ၆ဝ အမြင့်၌လေ၏ သိပ်သည်းခြင်းသည် မြေမျက်နှာပြင်ပေါ်ရှိ
သိပ်သည်းခြင်း၏ အပုံတသန်းတွင် တပုံမျှသာရှိသည်။ ရေဒီယိုလှိုင်း
များသည် ထိုနေရာမှ ပြန်လည်ရိုက်ဟပ်ပြီးလျှင် ကမ္ဘာကို လှည့်ပတ်
သွားကြသည်။ ကြယ်ပျံများခုခံအားနှင့် တွေ့ဆုံပြီးလျှင် လင်းလာကြ
ခြင်းနှင့် နေမှမြူမှုန်များစွန့်ထုတ်ပစ်ခြင်းကြောင့် အော်ရိုးရားခေါ်
မြောက်ဝင်ရိုးစွန်းအလင်းရောင် ပေါ်ပေါက်လာခြင်းတို့မှာလည်း ထို
အရပ်ဒေသမှပင်ဖြစ်သည်။ လူတို့ပြုလုပ်ယူသည့် အရာဝတ္ထုများမှာ
ဒုတိယ ကမ္ဘာစစ်အတွင်းက လန်ဒန်မြို့ကို ပစ်ခတ်ရန် ဂျာမန်များ
အသုံးပြုခဲ့သည့် ဗွီ ၂ လက်နက်ဖြစ်၏။ ယခုအခါ ထိုလက်နက်မျိုး
ဖြင့်၎င်း၊ ဂြိုဟ်တုစသော အာကာသယာဉ်များဖြင့်၎င်း အထက်ဖက်
လေထုရှိ အခြေအနေကို သိပ္ပံပညာရှင်များက စုံစမ်းလျက်ရှိကြပေ
သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)