လှမြင့်၊ ဒေါက်တာ
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
ဒေါက်တာ လှမြင့်ကို ပုသိမ်မြို့တွင် ၁၉၂၀ ပြည့်နှစ်က မွေးဖွားခဲ့ပြီး၊၂၀၁၇ မတ်လ ၉ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် ကွယ်လွန်ခဲ့သည်။ ဒေါက်တာ လှမြင့် သည် လန်ဒန် စီးပွားရေးကျောင်း (London School of Economics) တွင် စီးပွားရေး ပါမောက္ခ ဖြစ်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်ကို အသက် ၁၅ နှစ်အရွယ်မှာ စတင် တက်ရောက်ခွင့်ရခဲ့သူဖြစ်သည်။
လှမြင့် | |
---|---|
![]() Hla Myint, photo taken at the LSE in 1985. | |
မွေးဖွား | ၁၉၂၀ (အသက် ၁၀၁–၁၀၂) ပုသိမ်, မြန်မာနိုင်ငံ[၁] |
နိုင်ငံလူမျိုး | မြန်မာ |
နယ်ပယ် | စီးပွားရေး |
အဖွဲ့အစည်းဌာန | London School of Economics |
မိခင်ကျောင်း | London School of Economics |
ကျော်ကြားမှုအရင်းခံ | Development Economics |
ဩစတြေးလျနိုင်ငံ၊ မက်ကွာရေး တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ရှောင် တာနဲလ်ရဲ့ ပြောကြားမှုအရ "ဒေါက်တာ လှမြင့်ဟာ အသက် ၁၄ နှစ်ကတည်းက တက္ကသိုလ်ဝင်ခွင့်ရတာ ဖြစ်ပေမယ့် အသက်မပြည့်သေးလို့ ၁ နှစ် စောင့်နေရတာဖြစ်တယ်လို့ "ဆိုသည်။
၁၉၃၉ ခုနှစ်၊ အင်္ဂလန်နိုင်ငံ မှာ ပါရဂူဘွဲ့ယူရန် ပညာတော်သင်ဆု ရတဲ့အချိန်မှာ ကုတ်အင်္ကျီဝယ်စရာ ပိုက်ဆံမရှိလို့ ဗြိတိသျှ အရာရှိတယောက်က ဝယ်ပေးခဲ့ရသည်။ လန်ဒန် စီးပွားရေး တက္ကသိုလ်ကို ရောက်တော့လည်း အရည်အချင်း ထက်မြက်တာကြောင့် စာတွေ့သင်တန်း ဝင်စရာမလိုဘဲ ကျမ်းပြုခွင့် ရခဲ့သည်။ မြန်မာပြည်ဖွား စီးပွားရေးပညာရှင်ကြီး နောက်တစ်ဦးဖြစ်တဲ့ ဆရာကြီးရော်နယ် ဖင်ဒလေက " စီးပွားရေး မဟာပညာကျော်တွေထဲမှာ လှမြင့်ဟာ ထုတ်ဖော်ပြောဆိုသမျှ အကြောင်းအရာပိုင်းတွေမှာ ဘယ်တော့မှ မမှားခဲ့ဖူးဘူးလို့ "မှတ်ချက်ပေးကြောင်း ဒေါက်တာ ရှောင်တာနဲလ်က သူ့ လူမှုကွန်ရက် စာမျက်နှာ Facebook မှာ အမှတ်တရ ရေးသားထားသည်။ [၂]
ဒေါက်တာ လှမြင့်သည် လန်ဒန်စီးပွားရေးကျောင်း (London School of Economics) မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ သီအိုရီကို ထုတ်ဖော်သူလည်း ဖြစ်သည်။ စီးပွားဖွံ့ဖြိုးမှု (Economic Development) မှာ နိုင်ငံတကာ ကုန်သွယ်ရေးရဲ့ အကျိုးသက်ရောက်မှုတွေကို အထူးပြုတဲ့ သဘောတရား ရေးရာတွေကို ထုတ်ဖော်ခဲ့သည်။
ဂန္ထဝင် စီးပွားရေး ပညာရှင် အဒမ်စမစ် (၁၇၂၃-၁၇၉၀) ဖော်ထုတ်ခဲ့တဲ့ Vent for Surplus သီအိုရီကို ဒေါက်တာ လှမြင့်က စီးပွားရေးဖွံ့ဖြိုးမှု လေ့လာရေးမှာ ဆက်လက်တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။
ဒေါက်တာလှမြင့်၏ ထင်ရှားသော စာအုပ်စာတမ်းများပြင်ဆင်
- Theories of Welfare Economics, 1948.
- “An Interpretation of Economic Backwardness”, 1954, Oxford EP
- “Gains from International Trade and Backward Countires”, 1954-5, EJ
- “The Classical Theory of International Trade and the Underdeveloped Countries”, 1958, EJ
- The Economics of Developing Countries, 1964.
- “Economic Theory and the Underdeveloped Countires”, 1965, JPE
- “Dualism and the Internal Integration of Underdeveloped Economies”, 1970, BNLQR
- Economic Theory and the Underdeveloped Countries, 1971
- South-east Asia’s Economy, Development Policies in the 1970s, 1972.
- “Adam Smith’s Theory of International Trade in the Perspective of Economic Development”, 1977, Economica
ရည်ညွှန်းကိုးကားပြင်ဆင်
- ↑ Blaug, Mark (1986) Who's who in economics: a biographical dictionary of major economists, 1700-1986, MIT Press
- ↑ နိုင်ငံတကာတွင် သြဇာကြီးမားသော မြန်မာ စီးပွားရေး ပညာရှင် ဒေါက်တာ လြှမင့် ကွယ်လွန် | MCN TV (NEWS CHANNEL)။ 10 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2017 တွင် ပြန်စစ်ပြီး။