လှေဦးခြောက် ခြောက်၊ လှေဦးစို စို

လှေဦးခြောက် ခြောက်၊ လှေဦးစို စို သည် မြန်မာစကားပုံ တစ်ခုဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

တံငါသည် ငါးဖမ်းမထွက်လျှင် စားရေးဝတ်ရေး မပြေလည်၊ ငါးဖမ်းနိုင်မှ စားရေးဝတ်ရေး ပြေလည်သကဲ့သို့ သူသူငါငါ အလုပ်မလုပ်လျှင် စားရေးဝတ်ရေး မပြေလည်၊ အလုပ်လုပ်မှ စားရေးဝတ်ရေး ပြေလည်သည်။

  • "လှေဦးခြောက်ခြောက် ကရော့ဆိုတဲ့ တံငါသည်များရဲ့ စကားပုံအတိုင်း အလည်ရပ်တဲ့ တစ်နေ့မှာ ဗုန်းခနဲလဲမှောက်၍ ညှိုးညှိုးခြောက်ခြောက်နဲ့ ဒုက္ခကြီး ရောက်ရှာကြတယ်။" [၁၂၈၈] သူရ၊ ပ၊ ၅၂။
  • "လှေဦးခြောက်လျှင် အဟာရခြောက်သည်ဆိုသော စကားပုံကဲ့သို့ ယခုခေတ်ကာလ အလုပ်သမားတို့မှာ အလုပ်နဲ့လက် မပြတ်ဘဲ မအားအောင် လုပ်နေတုန်း အခိုက်မှာသာ စားသုံးမျှတနိုင်သော အခြေအနေကို ရရှိကြလေသည်။" [၁၂၉၄] ဒဂုန်၊ ၁၄၈။ ၂။

ကိုးကား ပြင်ဆင်ရန်