web 2.0 ဟူသော အသုံးအနှုန်းသည် ကမ္ဘာလုံးဆိုင်ရာအင်တာနက်ကြီးအတွင်း သတင်း အချက်အလက်မျှဝေခြင်း၊ အတူပူးတွဲလုပ်ဆောင်နိုင်ခြင်း၊ အသုံးပြုသူကိုဗဟိုပြု တည်ဆောက် ခြင်း နှင့် ပူးတွဲဆောင်ရွက်ခြင်း စသည့် ဆက်သွယ်မှုများကိုအားပေးသော web လုပ် ငန်းဆောင်တာတို့နှင့် အများအားဖြင့် ဆက်ဆိုင်နေသည်။ web 2.0 နှင့် ရေးဆွဲထားသော ဆိုဒ်သည် သူ၏ အသုံးပြုသူများအား အများသုံးဆက်သွယ်ရေးမီဒီယာ ရှိ ပုံရိပ်ရောင် လူ့အဖွဲ့ အစည်းတစ်ခုအတွင်း၌ အသုံးပြုသူမှ ထည့်သွင်း ထုတ်လုပ်သော ပါဝင်ဝန်ဆောင်မှုများ တွင် ဖန်တီးသူများ (ကျွမ်းကျင်ဖန်တီးရှင်) အဖြစ် လွတ်လပ်စွာရွေးချယ် တစ်ဦးနှင့်တစ်ဦး အပြန် အ လှန်အကျိုးပြုရန် သို့မဟုတ် အတူပူးတွဲ ဆောင်ရွက်စေသည်။ ယင်းမှာ အသုံးပြုသူများအား စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်သော ပါဝင်ဝန်ဆောင်မှု များကို ကြည့်ရှုရုံ သက်သက် ကန့် သတ်ထားသော websiter များ နှင့် နှိုင်းယှဉ်မှုပြုခြင်း ဖြစ်သည်။ ဥပမာအနေနှင့် web 2.0 တွင် လူမှုဆက်သွယ်ရေးဆိုဒ်များ၊ blog များ၊ wiki များ၊ ဗီဒီယို မျှဝေသော ဆိုဒ် များ၊ ဝန်ဆောင်မှုပေးဆောင်ခြင်းများ၊ web လုပ်ငန်းဆောင်တာများ၊ မျိုးစပ် web လုပ် ငန်းဆောင်တာများ၊ နှင့် folksonomies တို့ပါဝင်သည်။

ဝက်(ဘ်) ၂.၀ ၏ ဆိုလိုရင်းအာဘော် ဖော်ပြထားသော အမည်သညာပြုမိုးတိမ် (ကိုယ်တိုင် တွင် စံပြု ဝက်(ဘ်) ၂.၀ သဘာဝပါရှိ)
ဝက်(ဘ်) ၂.၀ ၏ ဆိုလိုရင်းအာဘော် ဖော်ပြထားသော အမည်သညာပြုမိုးတိမ် (ကိုယ်တိုင် တွင် စံပြု ဝက်(ဘ်) ၂.၀ သဘာဝပါရှိ)

ထိုအခေါ်အဝေါ်မှာ Tim O'Reilly အတော်ကို ဆက်နွယ်နေပါသည်။ အ ဘယ်ကြောင့်ဆိုသော ၂၀၀၄ တွင်ကျင်းပသော O’Reilly Media Web 2.0 ဆိုင်ရာ အ စည်းအဝေးကြောင့် ဖြစ်သည်။ ယင်းအခေါ်အဝေါ်မှာ ပုံစံသစ် ကမ္ဘာလုံးဆိုင်ရာ အင်တာ နက် ကို ရည်ညွှန်းသော်လည်း နည်းပညာဆိုင်ရာအသေးစိတ်ဖော်ပြချက်တို့ကို ပြောင်းလဲမြှင့် တင်ရန် ရည်ညွှန်းခြင်း မဟုတ်ပေ။ သို့သော် software ရေးသားသူများ နှင့် အသုံးပြုသူများ ၏web ကို သုံးစွဲပုံမှာ တစ်စတစ်စပွားများလာသောအပြောင်းအလဲများ ဖြစ်လာပေပြီ။ web 2.0 မှာ ယခင် web နည်းပညာများ နှင့် အရေအသွေးပိုင်းဆိုင်ရာ ကွဲပြားမှု တို့ ကလည်း "ဗန်းစကားလေးတစ်ပိုင်းပါ"ဟု ခေါ်ဆိုခဲ့သူ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ကြီးကို တီထွင်သူ Tim Berners-Lee ကို အတိအကျ စိန်ခေါ်လျက်ရှိသည်။ အ ဘယ်ကြောင့်ဆိုသော် သူ့အမြင်တွင် " web သည် ပူးတွဲဆောင်ရွက်ရာ နေရာတစ်ခုဖြစ်ပြီး၊ ကျွန်ုပ်တို့အားလုံး တွေ့ဆုံနိုင်၊ စာဖတ်နိုင်၊ ရေးသားနိုင်သော နေရာမျိုးဖြစ်သည်" ဟု ရည်ရွယ် ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူက ' Read/Write Web ' ဟုပင်ခေါ်လိုက်သေးသည်။


သမိုင်းကြောင်း ပြင်ဆင်ရန်

" Web 2.0 " ဟူသောအခေါ်ဝေါ်သည် ၁၉၉၉ တွင် အီလက်ထရောနစ် သတင်းအချက် အ လက် ဒီဇိုင်း (သတင်းအချက်အလက် တည်ဆောက်မှုပုံစံ) အကြံပေးပုဂ္ဂိုလ် Darcy DiNucci မှ စကားလုံးထွင်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ ဆောင်းပါးဖြစ်သော "အစိတ်အပိုင်းများ တစ်စစီ ပြန့်ကြဲနေသည့် အနာဂတ်" တွင် DiNucci သည် ရေးသားခဲ့သည်။

ကျွန်ုပ် တို့ ယခုသိနေသော web ဆိုသည်မှာ browser တစ်ခုထဲသို့ ပုံသေ ဖန်သားပြင် အပြည့်စာများတက်ရောက်လာခြင်းဖြစ်ပြီး ၎င်းမှာ web ၏ သားလောင်းအစပင် ဖြစ်သည်။ web 2.0 ၏ ဦးဆုံးအရောင်တောက်ပလာမှုတို့ စတင်ပေါ်ပေါက်လာနေပြီဖြစ်ပြီး ကျွန်ုပ် တို့မှာ ယင်းသားလောင်းကလေး မည်သို့ဖွံ့ဖြိုးတိုးတက်လာမည်ကို စတင်မြင်နေရပြီ ဖြစ်သည်။ Web သည် ဖန်သားပြင်ပြည့် စာသားများနှင့် ရုပ်ပုံများကိုနားလည်ရုံ မကတော့ပဲ သယ်ယူ ပို့ဆောင်ရေး ဖြစ်စဉ်၊ တုံ့ပြန်ဆက်သွယ်မှုတို့ ဖြစ်ပေါ်နေသော လေထု တစ်ခုပင် ဖြစ်လာခဲ့ သည်။ သင်၏ ကွန်ပျူတာဖန်သားပြင် [...]၊ သင်၏ရုပ်မြင်သံကြားဖမ်းစက် [...]၊ သင့် ကား dashboard [...]၊ သင့်လက်ကိုင်ဖုန်း [...]၊ လက်ကိုင်ဂိမ်းစက် [...] တို့အပြင် သင်၏ microwave မီးဖို [...] တို့တွင်တောင်မှ ပေါ်ပေါက်လာနိုင်သည်။

သူမ သုံးစွဲသော ထိုအခေါ်အဝေါ်မှာ အဓိကအားဖြင့် web တည်ဆောက်ပုံ၊ အင်တာနက်၏ နေ့စဉ် အတွင်းဆက်သွယ်မှုနှင့် ဆက်ဆိုင်နေပြီး။ သူမ ငြင်းခုံထားသည်မှာ ကျယ်ပြန့်စွာ သုံး စွဲနေကြသော web-ready အဆင်သင့်သုံးနိုင်သည့် စက်ပစ္စည်းများကြောင့် web သည် "တစ်စစီပြန့်ကြဲနေသည်" ဟုဆိုသည်။ သူမ၏ဆောင်းပါးမှာ တည်ဆောက် ရေးဆွဲသူ များကို ရည်ရွယ်ပြီး အမျိုးအစားများပိုမို များပြားလာသော hardware များအတွက် code များ ပြု လုပ်ရန် သတိပေးခဲ့သည်။ ထို့ကြောင့် ထိုအခေါ်အဝေါ်ကို သူမအသုံးပြုခြင်းမှာ လက်ရှိသုံးစွဲ နေခြင်းနှင့် တိုက်ရိုက်မပတ်သက်သော်လည်း သဲလွန်စများတော့ ပေးခဲ့လေသည်။

၂၀၀၃ ခုနှစ် မတိုင်မီကအထိ web 2.0 ဆိုသည်မှာ ပေါ်ပေါက်လာခြင်း မရှိသေးပေ။Scott Dietzen ပြောဆိုသည့် "web သည် အကြွင်းမဲ့ စံပြု သတ်မှတ်ထားသော ပူးပေါင်းမှုဆိုင်ရာ ပလက်ဖောင်း ဖြစ်လာလိမ့်မည်" ဟူသော အတွေးအ ခေါ်နှင့် ဆက်စပ်၍ ရေးသားသူများက အာရုံထားနေကြသည်။ John Robb ကရေးသားထားသည်မှာ "web 2.0 ဆိုတာဘာလဲ ဆိုရင်ဖြင့် ဗဟိုပြုထားသော website ပုံစံဟောင်းများကို ဖျက်ထုတ်ပေးမည့် စနစ်ဖြစ်ပြီး၊ ကွန်ပျူတာ desktop များဆီသို့ Web/Internet ၏ စွမ်းပကားကို သယ်ဆောင်ပေးမှာပဲဖြစ်ပါတယ်" ဟူ၍ ဖြစ်သည်။

၂၀၀၄ တွင် ထိုခေါ်ဝေါ်မှုသည် ပိုမိုလူသိရှင်ကြားဖြစ်လာပြီး O’Reilly Media နှင့် MediaLive တို့မှ ပထမဆုံး web 2.0 အစည်းအဝေးပွဲ ကြီးကို လက်ခံ ဆောင်ရွက်ကျင်းပခဲ့ သည်။ ထိုဖွင့်ပွဲတွင် John Battelle နှင့် Tim O'Reilly တို့၏ " web ကို ပလက်ဖောင်းတစ်ခု" ဖြစ်ပြီး software လုပ်ငန်းဆောင်တာတို့အနေနှင့် ကွန်ပျူတာ desktop များထက် web ပေါ်တွင်တည်ဆောက်ကြရမည် ဖြစ်ကြောင်း ဖွင့်ဆို သတ်မှတ်ချက်မှာ မှတ်သားဖွယ်ဖြစ်စေခဲ့သည်။ ထိုထူးခြားသော ပြောင်းလဲရွေ့လျားလာသည့် ရှုထောင့်နှင့်ပတ်သက်၍" အသုံးပြုသူများသည် သင်၏ စီးပွားရေးလုပ်ငန်းများကို သင့်အတွက် တည်ဆောက်ပေးနေခြင်းဖြစ်သည်" ဟူ၍ သူတို့က ငြင်းခုံကြပြန်သည်။ အသုံးပြုသူများ၏ ပါဝင်ဆောင်ရွက်မှုများကို ဖော်ထုတ်ဆောင်ရွက်မှုနိုင်မှုများကလည်း (အတွေး၊ စာသား၊ ဗွီဒီယို သို့မဟုတ် ရုပ်ပုံများအနေနှင့်) တန်ဖိုးသတ်မှတ်ရန် "ထိန်းချုပ်လုပ်ဆောင်" နေသကဲ့သို့ ဖြစ်နိုင် သည်ဟု ဆိုသည်။ O'Reilly နှင့် Battelle တို့က " web 1.0 " နှင့် web 2.0 တို့ကို နှိုင်းယှဉ် ဆွဲထုတ်ပြခဲ့သည်။ Netscape နှင့် Encyclopaedia Britannica အွန်လိုင်း စွယ်စုံကျမ်း တို့ ကဲ့သို့သော စီးပွားရေးလုပ်ငန်းများနှင့် web 1.0 တို့မှာ ဆက်စပ်နေသည် ဟု ဆိုသည်။ ဥပမာ-

Netscape က "web ကို ပလက်ဖောင်းတစ်ခု" အဖြစ်ပုံစံသွင်းပြီး software ဟောင်း များ၏ စံနမူနာဖြစ်သည်- Netscape ၏ အထင်ကရဖြစ်သော ထုတ်ကုန်မှာ desktop တွင် သုံးသော browser ဖြစ်ပြီး သူတို့၏ နည်းပရိယာယ်မှာ browser ဈေးကွက်တွင် ဈေး နှုန်းမြင့်မားစွာနှင့် လွှမ်းမိုးမှုရရှိနိုင်ရန် ဖြစ်သည်။ browser ထဲတွင် ပါဝင်ဖော်ပြနိုင်မှု နှင့် ထည့်သွင်းသုံးစွဲနိုင်သော လုပ်ငန်းဆောင်တာများကို စံပြုထိန်းချုပ်နိုင်ခဲ့လျှင် Microsoft မှ PC ဈေးကွက်ကို လွှမ်းမိုးထားသကဲ့သို့သော ဈေးကွက်အင်အားကို Netscape မှ ရရှိပါလိမ့် မည်။ ကားများ၏ ပုံစံမူရင်းမှာ "မြင်းမဲ့ ရထားလုံး" ဖြစ်သကဲ့သို့ ရှိရင်းစွဲကို ထပ်ပေါင်း၍ Netscape မှ desktop နေရာတွင် အစားထိုးရန် " webtop " သို့ အဆင့်တိုးလာခဲ့သည်။ ထို့နောက် ၎င်း webtop ကို သတင်း အချက်အလက်များ၊ အထူးပြု ရေးဆွဲထားသော လုပ်ငန်းဆောင်တာငယ်များ အသစ်ဖြည့်စွမ်း၍ Netscape ၏ server များကို ဝယ်ယူမည့်သူများ ပိုမို များပြားလာအောင်စီမံသည်။

အတိုချုပ်ဆိုရလျှင် Netscape မှ software များကို အသစ်တီထွင်၊ မကြာခဏ တိုးမြှင့် ပြောင်းလဲ၍ သုံးစွဲသူများထံသို့ ဖြန့်ဖြူးရောင်းချရန်ကို အဓိကထားခဲ့သည်။ O’Reilly က ၎င်းကို google ကဲ့သို့သော software ထုတ်လုပ်မှုများပေါ်တွင် အဓိကမထားပဲ browser သက်သက်အဖြစ် web ရေးသားသူများ ဆိုဒ်တစ်ခုနှင့်တစ်ခုအကြား ပြုလုပ် ထားသော ချိတ်ဆက်မှုများ အဆင်ပြေစေရန် ဝန်ဆောင်မှုပေးခြင်းကိုသာ အဓိက အာရုံပြုနေ သော ကုမ္ပဏီမျိုးနှင့် နှိုင်းယှဉ်ပြခဲ့သည်။ google မှ သူ၏ "စာမျက်နှာစီစဉ်မှု" လုပ်ငန်းစဉ် မှ ရရှိလာသော ဂုဏ်သတင်းအပေါ်တွင် အခြေခံသည့် web မှ ရှာဖွေမှုများ ပေးဆောင်ရန် ထိုအသုံးပြုသူမှ ထုတ်လုပ်သည့် သတင်း အချက်အလက် ပါဝင်မှုတို့မှ အကျိုးအမြတ် ရယူ သည်။

စီစဉ်ရေးဆွဲထားသည့် ထုတ်လုပ်မှုများကိုသာ ဆောင်ရွက်နေသော software များနှင့် မတူသည်မှာ ၎င်းဝန်ဆောင်မှုများသည် အစဉ်တစိုက် အသစ်အသစ် ပြုပြင်နေလေ့ရှိ ပြီး၊ "မရပ်မနားသောbeta " လုပ်ငန်းစဉ် ဟုလည်းခေါ်သည်။ Britannica အွန်လိုင်း စွယ်စုံ ကျမ်းနှင့် wikipedia တို့၏ တူညီသော ကွဲပြားခြားနားချက်မှာ Britannica အနေ နှင့် ဆောင်းပါးများဖန်တီးနိုင်ရန်နှင့် ပုံမှန်ရိုက်နှိပ်ထုတ်ဝေနိုင်ရန်အတွက် ကျွမ်းကျင်သူ ပညာရှင် များကို အားထားမှုပြုနေရချိန်တွင် Wikipedia မှာ အမည်မဖော်လိုသော အသုံးပြုသူတို့မှ ပုံမှန်နှင့် လျင်မြန်စွာ ထည့်ဝင်ရေးသားလာမှုတို့ကို အားထားပြုပါသည်။ Wikipedia မှ ကျွမ်း ကျင်သူများအပေါ်တွင် အခြေခံခြင်းမဟုတ်သော်လည်း ဖွင့်လှစ်ရေးသားခွင့်ပြုသော software ဆိုရိုးစကား ဖြစ်သည့် " မျက်လုံးများ အလုံအလောက်ရှိထား၍ အမှောင့်အဖျက်များ ကို တိမ်မြုပ်စေခြင်း" ဟူသည့်စကားနှင့် လိုက်လျောညီထွေဖြစ်စေခြင်းဖြင့် သတင်း အချက်အ လက်များကို ပုံမှန်အသစ်အသစ် ပြုပြင်ထုတ်လုပ်သည်။ O’Reilly ၏ web 2.0 အစည်းအဝေးပွဲကြီးသည် ၂၀၀၄ ခုနှစ်တည်းက နှစ်စဉ်နှစ်တိုင်း ကျဉ်းပမြဲဖြစ်ပြီး၊ စီးပွား ရေးစွမ်းဆောင်ရှင်များ၊ ကုမ္ပဏီကြီးများ၊ နှင့်နည်းပညာဆိုင်ရာသတင်းသမားများကို ဆွဲဆောင် မှု ပြုနေပါသည်။

သာမန်လူထုအတွက်မူ၊ web 2.0 သည် blogger များနှင့် နည်းပညာသတင်းထောက် များမှ ၂၀၀၆ ခုနှစ် တိုင်းမ် မဂ္ဂဇင်း၏ တစ်နှစ်တာလုံးအတွက်လူသား (သင်) ဟူ၍ အထွတ် အထိပ်ရောက်အောင်ပို့ဆောင်မှုတို့ဖြင့် အကြီးအကျယ် ဗိုလ်စွဲလာခဲ့သည်။ ယင်းမှာ Time မှ လူမှုဆက်သွယ်ရေးကွန်ယက်များ၊ blog များ၊ wiki နှင့် မီဒီယာမျှဝေသည့် ဆိုဒ်များတွင် ပါဝင်ဆောင်ရွက်နေသည့် အသုံးပြုသူများစွာကို ရွေးထုတ်လိုက်ခြင်းပင်ဖြစ်သည်။ မျက်နှာဖုံး ဆောင်းပါးကိုရေးသားသူ Lev Grossman မှ ရှင်းပြသည်မှာ -

ဒီဆောင်းပါးဟာ တစ်ခါမှမမြင်ဖူးတဲ့ လူ့အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှု တို့ များပြား လာပုံပဲ ဖြစ်ပါတယ်၊ အလွန်အရေးပါသော သုတပေါင်းချုပ်နှင့် လူအများ၏ သန်းပေါင်းများစွာ သော ဆက်သွယ်မှုကွန်ရက်လမ်းကြောင်းများဖြစ်တဲ့ YouTube နှင့် online လူမှုဆက်သွယ်ရေး ဖြစ်တဲ့ Myspace တို့အကြောင်းလည်းဖြစ်ပါတယ်၊ တစ်ဦးနှင့်တစ်ဦးအကျိုးမမျှော်ကိုးပဲ ကူညီခြင်း မှစွဲထုတ်ရရှိလာသော စွမ်းအင်တို့နှင့် ၎င်းမှာကမ္ဘာကြီးကိုပြောင်းလဲရုံမကပဲ၊ ကမ္ဘာကြီးပြောင်း လဲနေသည့် နည်းလမ်းများကိုပါ ပြောင်းလဲစေနိုင်သည်။ ထိုအချိန်မှစ၍ web 2.0 သည် ဝေါဟာရစာရင်းတွင် ပါဝင်လာခဲ့ပြီး ၂၀၀၉ တွင် ကမ္ဘာ လုံးဆိုင်ရာ ဘာသာစကား စောင့်ကြည့်မှု မှ ၎င်းအား တစ်သန်းမြောက် အင်္ဂလိပ် စကား လုံးအဖြစ် ကြေညာခဲ့သည်။

ထူးခြားသော ပင်ကိုပုံစံ ပြင်ဆင်ရန်

အသုံးပြုသူများမှ သတင်း အချက်အလက်များ ပြန်သိမ်းယူရုံထက် ပိုမိုသော လုပ်ဆောင်ချက် များကို web 2.0 websiter များမှ ခွင့်ပြုထားသည်။ " web 1.0 " တွင် လုပ်ဆောင် နိုင်သမျှထက် ပိုမိုအောင် အသုံးပြုသူများ အတွက် နည်းစနစ်ကောင်းများ၊ software နှင့် သိမ်းဆည်းနိုင်မှုပမာဏတို့ကို အသုံးပြုသူတို့၏ browser မှတစ်ဆင့် အားလုံးလုပ်ဆောင် နိုင်အောင် ပြုလုပ်ပေးထားသည်။ ၎င်းကို "Network အားပလက်ဖောင်းအဖြစ်သုံးခြင်း" ဟု ခေါ် ဆိုသည်။ အသုံးပြုသူတို့အနေနှင့် web 2.0 ပေါ်တွင် သတင်းအချက်များ ပေးနိုင်ပြီး ထို သတင်းအချက်များကို ထိန်းသိမ်းမှုများလည်း ရယူနိုင်သည်။ အသုံးပြုသူများကို သူတို့သုံးစွဲသည့် လုပ်ငန်းဆောင်တာများအပေါ် တန်ဖိုးထားမှုများ ထပ်လောင်းပေါင်းထည့် ခွင့်ပေးသည့်" ပါဝင်ဆောင်ရွက်မှုသဘောသဘာဝ ပုံစံ" ကို ထိုဆိုဒ်များတွင် တွေ့ရသည်။

Web အား ပါဝင်ဆောင်ရွက်မှု ပလက်ဖောင်းအဖြစ်သုံးခြင်း အတွေးအခေါ်သည် ထို ထူး ခြားသော ပင်ကိုပုံစံတို့ကို ဖမ်းယူထားသည်။ Flock ကို ထူထောင်သူ နှင့် ရှေးဦး CEO အဖြစ်ဆောင်ရွက်သူ Bart Decrem က web 2.0 ကို "ပါဝင် ဆောင်ရွက် ခွင့် web " ဟုခေါ်ပြီး web 1.0 ကဲ့သို့ web အား သတင်းအချက်အလက် ရင်း မြစ်အဖြစ် သုံးခြင်းဟုလည်း မှတ်ယူသည်ဆို၏။

အကျိုးအမြတ်များ မျှဝေခြင်းမှ ရရှိသောပစ္စည်းများထောက်ပံ့ခြင်းတွင် အကူအညီမပေးသူ အ သင်းအဖွဲ့ဝင်များကို ဖယ်ထုတ်ခြင်းဟူသည့် ဖြစ်နိုင်ချေမရှိသောအရာမှ ဆင်ခြင်တုံတရား ရှိ သောအဖွဲ့ဝင်များမှ ၎င်းတို့၏ ကူညီထောက်ပံ့မှု အင်အားများကို ရုပ်သိမ်းရန် ပိုမိုဆန္ဒ ထက် သန်လာနိင်ခြင်းနှင့် သူတစ်ပါး၏ မျှဝေမှုများအပေါ် ခေါင်းပုံဖြတ်ခြင်း တို့ ဖြစ်နိုင်ချေ ရှိလာ သည်။၎င်းမှာ တစ်ခါတစ်ရံ၌ website ကို စီမံခန့်ခွဲသူတို့ထံမှ အစွန်းရောက်ယုံကြည်မှု လိုအပ်သည်။ အကောင်းဆုံးကို ဆိုရလျှင် web 2.0 ဟူသည် အသုံးပြုသူ အတွေ့အ ကြုံကြွယ်ဝမှု၊ ပါဝင်ဆောင်ရွက်မှု၊ တက်ကြွလှုပ်ရှားနေသော ပါဝင်မှု၊ data များ သုံးစွဲခွင့် ရရန်လိုအပ်သည့် သတင်းအချက်အလက်၊ web စံနှုန်းစံညွှန်းနှင့် တစ်ဘက်ကမ်းခတ် ကျွမ်းကျင်မှု တို့ပါဝင်နေသည်။ ပို၍ စံပြုပြောဆိုရလျှင် ထိုကဲ့သို့သော ပွင့်လင်းမှု၊ လွတ်လပ် မှု[20] နှင့် သုံးစွဲသူများ ပါဝင်လာသည့်အတွက် အသိပညာကြွယ်ဝမှု တို့မှာ web 2.0 ၏ မရှိမဖြစ် ပါဝင်မှုများ အဖြစ်မြင်နိုင်သည်။

နည်းပညာများ ပြင်ဆင်ရန်

Web 2.0 ဖွံ့ဖြိုးမှုတွင် အဓိကသုံးသော အသုံးပြုသူဘက် web browser နည်းပ ညာသည် တပြိုင်နက်မဟုတ်သော Java ရေးသားမှု နှင့် XML၊ Ajax၊Adobe Flash နှင့် Adobe Flex ဘောင်ပုံစံနှင့် Java ရေးသားမှု၊ Ajax ဘောင်ပုံစံဖြစ်သည့် Yahoo! UI Library၊ Dojo Toolkit၊ MooTools နှင့် jQuery တို့ဖြစ်သည်။Ajax program ရေးသားရာတွင် Java ရေးသားမှုကို web server ပေါ်မှ အချက်အလက်အသစ်များကို စာမျက်နှာ ပြည့် ခေါ်ယူစရာမလိုပဲ upload နှင့် download ပြုရန်သုံးသည်။

အသုံးပြုသူအား ထိုစာမျက်နှာနှင့် ဆက်လက် ဆက်သွယ်တုံ့ပြန်နေခွင့်ပြုရန်အတွက် server သို့သွားသော data တောင်းဆိုမှုတို့ကဲ့သို့ ဆက်သွယ်မှုများကို စာမျက်နှာသို့ ပြန်လာသော data နှင့် (တစ်ပြိုင်နက်မဖြစ်စေပဲ) သီးသန့်ခွဲထုတ်ထားသည်။ သို့မဟုတ်လျှင် အသုံးပြုသူမှာ ထိုစာမျက်နှာပေါ်တွင် ဘာမှဆက်မလုပ်နိုင်သေးခင် မိမိထံပြန်လာသော data ကိုစောင့်ဆိုင်း နေရပေလိမ့်မည်။ ၎င်းမှာ စာမျက်နှာတစ်ခုလုံးကို ပြည့်အောင်ပေါ်လာသည်ကို စောင့်နေရသ ကဲ့သို့ ဖြစ်သည်။ ၎င်းမှာ ဆိုဒ်၏ စွမ်းဆောင်ရည်အားလုံးကို တိုးလာစေသည်။ အဘယ့်ကြောင့် ဆိုသော် ပို့လွှတ်လိုက်သောတောင်းဆိုမှုများသည် အသုံးပြုသူစီသို့ data များပြန်ရောက်လာ စေရန် လိုအပ်သောပိတ်ဆို့ခြင်း၊ တန်းစီစောင့်ဆိုင်းနေရခြင်းတို့မှ လွတ်ကင်း၍ ပိုမိုလျင်မြန်စွာ ပြည့်စုံနိုင်မည် ဖြစ်သည်။

Ajax တောင်းဆိုမှုမှ ရရှိသော data တို့သည် ပုံမှန်အားဖြင့် XML သို့မဟုတ် JSON ( Java ရေးသားမှု ရည်မှန်းချက် သင်္ကေတ) စ သည့် ကျယ်ပြန့်စွာအသုံးပြုနေသည့် data တည်ဆောက်မှုပုံစံတို့တွင် ထည့်သွင်းထားသည်။ ထိုပုံစံပြုမှုနှစ်ခုလုံးသည် သဘာဝအားဖြင့် Java ရေးသားမှုမှ နားလည်ပြီး၊ program ရေးသား သူတစ်ဦးသည် ၎င်းတို့ကို web လုပ်ငန်းတို့တွင် data တည်ဆောက် ထုတ်လွှင့်ရန် အ လွယ်တကူ အသုံးပြုနိုင်သည်။ Ajax မှ ၎င်း data များကို ရရှိသောအခါ Java ရေးသားမှု program သည် မှတ်တမ်းမှတ်ရာရည်မှန်းချက် ပုံစံ (DOM) ကို အသုံးပြုပြီး data အသစ်ပေါ်တွင် အခြေပြု၍ web စာမျက်နှာကို တက်ကြွစွာ အသစ်ပြု ပြင်၍ အသုံးပြုသူတို့အတွက် လျင်မြန်အကျိုးပြုသော အတွေ့အကြုံကို ခံစားစေသည်။ အတို ချုပ်ဆိုရသော် ထိုနည်းလမ်းများကို သုံးခြင်းဖြင့် web ရေးသားသူတို့မှာ သူတို့၏ စာမျက်နှာ များကို desktop လုပ်ငန်းဆောင်တာများကဲ့သို့ ဆောင်ရွက်နိုင်စေသည်။ ဥပမာ - Google Docs မှ ထိုနည်းလမ်းကို အသုံးပြု၍ web အခြေပြု မှတ်တမ်းမှတ်ရာ များကို ပြင်ဆင်နိုင် သည့် program ကို တီထွင်သည်။

Adobe Flex သည် web 2.0 ကိုမကြာခဏအသုံးပြုသည့် အခြားသောနည်းပညာ ဖြစ်သည်။ Java ရေးသားမှု အစုအစည်းဖြစ်သည့် jQuery တို့နှင့် နှိုင်းယှဉ်လျှင် Flex မှ program ရေးသားသူများကို ကြီးမားသော data အကွက်များ၊ ဇယားများ၊နှင့် အ ခြားသောအသုံးပြုသူ အပြန်အလှန် ပါဝင်ဆောင်ရွက်မှုတို့ကို လွယ်ကူစွာ ဆောင်ရွက်စေ နိုင် သည်။ Flex တွင်ရေးဆွဲထားသော program များမှာ browser အတွင်းတွင် Flash အဖြစ် စုစည်း၍ဖော်ပြခံရသည်။ W3C ကမ္ဘာလုံးဆိုင်ရာ အင်တာနက် အကျိုးတူ ပူးပေါင်း မှု အဖွဲ့အစည်း ၏ စံနှုန်းများ၊ မှလွတ်လပ်စွာဖြင့် ထပ်ထည့်သည့် software များ ကျယ် ပြန့်စွာရရှိနိုင်မှုကြောင့် Flash အနေနှင့် web စာမျက်နှာများ တည်ဆောက်ရန် အ သုံးပြုသော ဘာသာစကား HTML တွင် လက်ရှိမဖြစ်နိုင်သေးသော လုပ် ငန်းများစွာကို ပြုလုပ်နိုင်သည်။ Flash ၏စွမ်းဆောင်ရည်များမှ web 2.0 တွင် အများ ဆုံးအဓိက အသုံးပြုသည်မှာ အသံနှင့် ဗွီဒီယို ဖိုင်များကို ဖွင့်နိုင်ခြင်းဖြစ်သည်။ ၎င်းကို ပုံမှန် HTML နှင့် ဗွီဒီယို media တို့ ချောမွေ့စွာ ပေါင်းစပ်နေသည့် web 2.0 sites များ တည်ဆောက်ရာတွင် ခွင့်ပြုခဲ့သည်။

Flash နှင့် Ajax တို့အပြင် Java ရေးသားမှု/ Ajax ဘောင်ပုံစံတို့သည် လက်ရှိတွင် အလွန် ခေတ်စားလာသော web 2.0 site များကို ရေး သားသည့်နည်းလမ်းများ ဖြစ်လာသည်။ အဓိကအားဖြင့် သူတို့၏ ဘောင်ပုံစံသည် Java ရေး သားမှု၊ Ajax နှင့် DOM တို့မှ ကွဲပြားသော နည်းပညာကို သုံးထားခြင်း မရှိ ပေ။ ဘောင်ပုံစံတို့ပြုသည့်အလုပ်မှာ web browser များအတွင်း သဟဇာတ မဖြစ် ခြင်းတို့ကို ပြေလည်စေခြင်းနှင့် တည်ဆောက် ရေးသားသူများ အတွက် လုပ်ဆောင်နိုင်မှုများ ကို ရယူနိုင်စေရန် တို့ဖြစ်သည်။ အများစုမှာ ပြောင်းလဲလွယ်သော၊ အသင့်ပြုလုပ်ပြီး အစိတ်အ ပိုင်းများနှင့် တည်ဆောက်ထားသော အရာများဖြစ်ပြီး သာမန်လုပ်ဆောင်ချက်များဖြစ်သည့် ပြက္ခဒိန်မှ ရက်စွဲကို ယူခြင်း၊ data ဇယားများ ဖော်ပြခြင်း၊ သို့မဟုတ် နာမည် ကဒ်ပြား တစ်ခု ပြုလုပ်ခြင်းတို့ကို ပြီးမြောက်အောင် ဆောင်ရွက်စေနိုင်သည်။

Server ဘက်တွင် web 1.0 နှင့်တူသော နည်းပညာများကို web 2.0 တွင်လည်း သုံး သည်။ ဘာသာစကား အသစ်များဖြစ်သော PHP၊ Ruby၊ ColdFusion၊ Perl၊ Python၊ JSP နှင့် ASP တို့ကို ရေးသားသူများက သုံးစွဲလာပြီး ဖိုင်များနှင့် သတင်းအချက်ပေါင်းချုပ်တို့မှ ရရှိသော အချက်အလက်များ ကိုသုံး၍ လှုပ်ရှားသော data များ ထုတ်လုပ် လာနိုင်သည်။ Web 2.0 တွင် စတင်ပြောင်းလဲလာသည်မှာ ထို data များ ပုံစံပြုတည်ဆောက်ထားသော နည်း ဖြစ်သည်။ အင်တာနက်၏ အစောပိုင်းရက်များတွင် website များ တစ်ခုနှင့်တစ်ခု ဆက် သွယ်၍ data များ မျှဝေခြင်းမှာ လွန်စွာနည်းသေးသည်။ "ပါဝင်ဆောင်ရွက်သော web တွင်မူ ဆိုဒ်များ" အတွင်း data များမျှဝေမှုသည် မရှိမဖြစ် လုပ်ဆောင်နိုင်စွမ်း တစ်ခု ဖြစ်လာ ရသည်။ မိမိ၏data များကို အခြားဆိုဒ်များနှင့် မျှဝေရန်အတွက် website တစ်ခု အနေ နှင့်စက်များမှ ဖတ်နိုင်သောရေးသားမှုပုံစံ ဖြစ်သည့် XML၊ RSS နှင့် JSON တို့ကို ထုတ်လုပ်နိုင်စွမ်းရှိရမည် ဖြစ်သည်။ ဆိုဒ်၏data များသည် ထိုရေးသားမှုပုံစံ တစ်ခုခုတွင် ရရှိနိုင်ပါက အခြား website အနေနှင့် ၎င်းကို အသုံးပြု၍ ၎င်းကိုယ်တိုင် ထိုဆိုဒ်၏ လုပ်ဆောင်ချက်များတွင် တစ်စိတ်တစ်ဒေသ ပါဝင် ပူး ပေါင်းခြင်းဖြင့် သူတို့နှစ်ဦး ချိတ်ဆက်နိုင်ပေမည်။ ထိုပုံစံတည်ဆောက်မှုကို သုံးစွဲသည့် အခါ တွင် အခြေခံအားဖြင့် data များကို ပိုမို လွယ်ကူစွာ ရှာဖွေနိုင်၊ ပိုမိုသေချာစွာ အုပ်စုခွဲရန် ပြု လုပ်နိုင်မည်ဖြစ်ပြီး ၎င်းသည် web 2.0 လှုပ်ရှားမှုနောက်ကွယ်မှ ဝိသေသ ခံယူချက် ပင် ဖြစ်သည်။

သဘောတရားများ ပြင်ဆင်ရန်

Web 2.0 သည် network protocol များ အသုံးပြုခြင်းနှင့် သုံးစွဲသူနှင့် server ဘက်ဆိုင် ရာsoftware များ စွမ်းဆောင်ရည်ကို အတူတကွပူးပေါင်း ဆောင်ရွက်နိုင်စွမ်း ဖြစ်စေပြီး ပါဝင်မှုများ ပေါင်းစုဖွဲ့စည်းခြင်း ဟုခေါ်သည်။ စံပြုသတ်မှတ်ထားသော web browser များ အနေနှင့် ပါဝင်မှုများနှင့် အသုံးပြုသူတို့၏ တုံ့ပြန်မှုတို့ကို ကိုင်တွယ်ရန် ထပ်မံ ပေါင်းထည့်သော program များ နှင့် တိုးချဲ့ထည့်သွင်းသော software များကို အသုံးပြု လိမ့်မည်။ web 2.0 site များသည် အသုံးပြုသူများအား " web 1.0 " ပတ်ဝန်းကျင်တွင် ဖြစ်နိုင်စွမ်းမရှိသည့် သတင်းအချက်အလက် သိုလှောင်မှုများ၊ တီထွင်ဖန်တီးမှုများ နှင့် ဖြန့်ဝေခြင်းစွမ်းဆောင်ရည်တို့ကို ပေးအပ်ပေလိမ့်မည်။

Web 2.0 website များတွင် အခြေခံအားဖြင့် အောက်ပါ အချက်အလက်များနှင့် နည်း လမ်းများပါဝင်သည်။ အတိုကောက် အားဖြင့် Andrew McAfee က ၎င်း တို့ကို SLATES ဟု ရည်ညွှန်းသည်-

ရှာဖွေခြင်း ပြင်ဆင်ရန်

ကီးစာလုံး (keyword)ရှာဖွေမှုဖြင့် သတင်းအချက်အလက်များကို ရှာဖွေခြင်း။

ချိတ်ဆက်ခြင်း ပြင်ဆင်ရန်

Web စံပြုပုံစံကိုသုံး၍ ပြည့်စုံသော သတင်းအချက်အလက် စနစ်အဖြစ် သတင်း အချက်အလက်များကို အတူတကွ ချိတ်ဆက်ခြင်း ။

ရေးသားခြင်း ပြင်ဆင်ရန်

တည်ဆောက်ခြင်းနှင့် အသစ်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်၍ပါဝင်မှုများကို အနည်းအ ကျဉ်းသော ဝက်(ဘ်) ရေးသားသူများထက် အတူတကွ ပူးပေါင်းဆောင် ရွက်ချက်များ စီသို့ ဦးတည်ခြင်း၊ ဝီကီတွင် အသုံးပြုသူများသည် တစ်ဦး၏ ဆောင်ရွက်ချက်များကို တစ်ဦးမှ ထပ်ပေါင်းခြင်း၊ ပြန်ဖျက်ခြင်း နှင့် ပြန်လည်ပြုပြင်ခြင်း ပြုလုပ်နိုင်သည်။ ဘ လော့(ခ်)များတွင် လွှင့်တင်ခြင်း နှင့် တစ်ဦးချင်းစီတို့၏ မှတ်ချက်များသည် အချိန် နှင့် အမျှ ထည့်သွင်းနိုင်သည်။


label ကပ်ခြင်း ပြင်ဆင်ရန်

"label ကပ်ခြင်း" ကို အသုံးပြု၍ ပါဝင်မှုများကို အမျိုးအစားခွဲခြားခြင်း - တို တောင်းသော၊ စကားတစ်လုံးစာ ဖော်ပြချက်များ ပြုလုပ်ခြင်းဖြင့် - ယခင် ပြုလုပ်ထား သော အမျိုးအစားခွဲမှုကို မှီခိုနေရန် မလိုအပ်ဘဲ ရှာဖွေမှုကို ပိုမိုမြန်ဆန်စေခြင်း၊ အသုံး ပြုသူများ ပြုလုပ်ထားသော စနစ်တစ်ခုအတွင်းရှိ label များကို စုစည်းခြင်းကို "လူတို့ကို စိတ်ဖြာလေ့လာခြင်း" ဟုလည်း ညွှန်းနိုင်သည်။ (ဆိုလိုသည်မှာ လူများကို အမျိုးအစား ခွဲနည်းစနစ်)

ထပ်ပေါင်းထည့်မှုများ ပြင်ဆင်ရန်

Software များသည် web ကို လုပ်ငန်းဆောင်တာများပလတ်ဖောင်း အဖြစ် သာမက မှတ်တမ်းမှတ်ရာ server အဖြစ်ပါ ပြုလုပ်ထားသည်။ ၎င်းတွင် Adobe Reader၊ Adobe Flex၊ Microsoft Silver light၊ ActiveX၊ Oracle Java၊ Quicktime၊ Windows Media စသည်တို့ ကဲ့သို့သော software များ ပါဝင်သည်။

သင်္ကေတများ ပြင်ဆင်ရန်

သင်္ကေတ ဖော်ဆောင်မှု နည်းပညာကိုသုံးခြင်း ဥပမာ- RSS ကိုသုံး ၍ ပြောင်းလဲမှုများကို အသုံးပြုသူအား အကြောင်းကြားခြင်းပြုနိုင်သည်။ SLATES မှ 2.0 စီမံကိန်း အခြေခံ ဘောင်ပုံစံကို ဖော်ဆောင် နေစဉ်တွင် ၎င်းမှ အားလုံးသော အမြင့်ပိုင်း web 2.0 တည်ဆောက်မှုပုံစံနှင့် စီးပွားရေး စံပြုပုံစံတို့ကို ငြင်းဆို ဆန့်ကျင်ခြင်းမရှိပေ။ ဤသို့ဖြင့် O’Reilly ၏ web 2.0 အစီရင်ခံစာ အသစ်သည် အတော်လေးထိရောက်ပြီး 2.0 စီမံကိန်း ၏ သီးသန့်ရှုထောင့်များနှင့် web 2.0 ဖြစ်စဉ် တို့ကို ကြိုးစား ပေါင်းစပ်စေသည်။ ၎င်းတွင် IT ကိုယ်ပိုင်ဝန်ဆောင်မှုများ၊ စီမံကိန်း၏ ရှည်လျားလှသော IT လိုအပ်ချက်၊နှင့် အခြားသော web 2.0 စီမံကိန်း ကာလ အကျိုးဆက်များအပေါ် ဆွေးနွေးမှုများ ပါဝင်သည်။ ထို အစီရင်ခံစာသည် ရေရှည် စီမံကိန်းတို့ထက် ရေတိုစီမံကိန်း သေးသေးများနှင့် အစပြုရန်စသည့် များစွာသော သင့်တင့် သော တိုက်တွန်းအကြံပြုမှုများ ပါဝင်သည်။

အသုံးပြုမှုများ ပြင်ဆင်ရန်

Blog များ၊ wiki များနှင့် လူမှုဆက်သွယ်ရေး ကွန်ရက်နည်းပညာများ ပိုမို သုံးစွဲလာ သည်နှင့်အတူ web 2.0 ၏ လူသိများမှုသည်လည်း ပညာရပ်သင်ကြားမှု နှင့် စီးပွားရေး အသိုင်းအဝန်း တို့ကိုပါ 2.0 ရောဂါထ စေသည် အထိ ဦးတည်လာသည်။ 2.0 စာကြည့် ခန်း၊ 2.0 လူမှုရေးလုပ်ငန်း၊ 2.0 စီမံကိန်း၊ PR 2.0၊ 2.0 စာသင်ခန်းမ၊ 2.0 ရိုက်နှိပ်ထုတ်ဝေခြင်း၊ 2.0 ဆေးဝါး၊ Telco 2.0၊ ခရီးသွား2.0 ၊2.0 အစိုးရ၊ တို့အပြင် 2.0 ညစ်ညမ်းရုပ်ပုံ တို့ ပေါ်ပေါက်လာသည် အထိဖြစ်သည်။ ၎င်းတို့မှ 2.0 ဆို သည်မှာ သူတို့၏ သက်ဆိုင်ရာ စည်းမျဉ်းနှင့်နယ်ပယ်တို့မှ ပုံစံသစ်အတွက် web 2.0 နည်းပညာကို ရည်ညွှန်းခေါ်ဆိုခြင်းဖြစ်သည်။ ဥပမာအားဖြင့် Talis ရေးသားသည့် "စာကြည့်တိုက် 2.0 - စိတ်ပျက်ဖွယ်ရာတိုးတက်ပြောင်းလဲခြင်း၏ စိန်ခေါ်မှု" တွင် Paul Miller မှ blog၊ wiki နှင့် RSS တို့မှာ web 2.0 ၏ စံထားထိုက်သော သရုပ် သကန်တို့ ဖြစ်သည်။

Blog သို့မဟုတ် wiki ဖတ်သူတစ်ယောက်အား မှတ်ချက်ရေး ထည့်ရန် သို့မဟုတ် wiki လို အရာမျိုးတွင် ပါဝင်ချက်ကို တည်းဖြတ်ရန်တောင်မှ အခွင့်ပေး ထားပေသည်။ ၎င်းမှာ ကျွန်ုပ်တို့ခေါ်ဆိုနေသည့် ရေး/ဖတ် web ပင်ဖြစ်သည်။ Talis ယုံကြည်သည်မှာ စာကြည့်တိုက်2.0 ဆိုသည် ထိုပူးပေါင်းပါဝင်မှုတို့ကို ခေါင်းပုံ ဖြတ်အသုံးချရာ ရောက်နေသည် ဖြစ်သည်။ ထိုမှ စာကြည့်တိုက်အနေနှင့် များစွာသော ပူး ပေါင်းစာရင်းပြုစုခြင်း အင်အားများအပြင် တွဲဘက်စာကြည့်တိုက်တို့မှ ပူးပေါင်းဆောင်ရွက်မှု များအပြင် စာအုပ်အဖုံးများ၊ ဗီဒီယိုဖိုင်များမှ ထုတ်ဝေသူတို့မှတ်တမ်းများ ရရှိသည် အထိ အ ကျိုးအမြတ်များ ရရှိနိုင်သည်။ဤတွင် Miller က web 2.0 နည်းပညာ နှင့် စာကြည့်တိုက် နယ်ပယ်ကို အန္တရာယ် ဖြစ်စေမည့် ပါဝင်ဆောင်ရွက်မှု ပုံစံတို့ကို ချိတ်ဆက်၍ သူ၏ အဆိုပြုချက်ကို ထောက်ခံ၍ ဤတွင် "စာကြည့်တိုက် 2.0 " ပေါ်ပေါက်လာ သည်။ အခြားသော အထက် တွင် ဖော်ပြထားသည့် 2.0 အသစ်ကို ထောက်ခံအားပေးသူများ အလားတူ နည်းလမ်းမျိုးကို အသုံးပြုကြ ပြန်သည်။

ဝက်(ဘ်)အခြေပြု လုပ်ငန်းဆောင်တာများနှင့် Desktopများ ပြင်ဆင်ရန်

Ajax က desktop လုပ်ငန်းဆောင်တာများနှင့် ဆင်တူသည့် website များ ဥပမာ- မှတ်တမ်းမှတ်ရာများကို web ပေါ်တွင် ရေးသား၍ တည်းဖြတ်ခြင်း၊ ထုတ်ဝေဖြန့်ချိခြင်း နှင့် စလိုက်ပြင်ဆင်ပြသခြင်း တို့ ပေါ်ပေါက်လာစေရန် လှုံ့ဆော်သည်။ ၂၀၀၆ တွင် google၊ Inc မှ လူသိအများဆုံးသော ဆိုဒ်များထဲမှ တစ်ဆိုဒ်ဖြစ်သည့် Writely ကိုရရှိသည်။WYSIWYG wiki နှင့် blog ရေး သားသည့် ဆိုဒ်များသည် PC တွင်ရေးသားလုပ်ဆောင်သကဲ့သို့သော ဆောင်ရွက်ချက်များ ပိုမိုတိုးပွားပေါ်ပေါက်လာစေသည်။

များစွာသော ဘရောက်ဆာ အခြေပြု " window လည်ပတ်မှုစနစ် "တို့ပေါ်ပေါက်လာသည်။ ဥပ မာ- (IOS [36] နှင့် UOS ။[37] ထိုသို့ နာမည်ပေးထားသော်လည်း ထို ဝန် ဆောင်မှုများ၏ ဆောင်ရွက်ချက်မှာ အစဉ်အလာလည်ပတ်မှုစနစ်တို့နှင့် အနည်းငယ်သာတူ၍ လုပ်ငန်းသုံး program ပလတ်ဖောင်းနှင့် ပို၍တူနေပေသည်။ desktop ၏ လည်ပတ်မှုစနစ် နှင့်ဆင်တူပြီး ဆောင်ရွက်ချက်များနှင့် လုပ်ငန်းသုံး program များ ပေးအပ်ထားသည်မှာ PC တစ် ခုကဲ့သို့ပင်ဖြစ်ရာ မည်သည့် Modern browser တွင်မဆို အသုံးပြုနိုင်သည်။ သို့သော် လည်း ၎င်းလည်ပတ်စနစ်များသည် သုံးစွဲသူ၏ ကွန်ပျူတာတွင် hardware များကို တိုက်ရိုက် ထိန်းချုပ်မှု မရှိပေ။

များပြားစွာသော web အခြေပြု လုပ်ငန်းဆောင်တာ ဝန်ဆောင်မှုများသည် ၁၉၉၇ – ၂၀၀၁ ထိ dot-com bubble အတွင်း ပေါ်ပေါက်လာပြီး ပျောက်ကွယ်သွားကြသည်။ သုံးစွဲသူ အမြောက်အမြားကို ရရှိနိုင်ရန် အရေးနိမ့်ခဲ့သည်။ ၂၀၀၅ တွင် ၎င်းတို့ထဲမှ လူသိများသော Intranets.com ကို WebEx မှ ဒေါ်လာ ၄၅ သန်းနှင့် ရရှိခဲ့သည်။[38]

အင်တာနက် လုပ်ငန်းဆောင်တာများ ပြင်ဆင်ရန်

ကြွယ်ဝသော အင်တာနက် လုပ်ငန်းဆောင်တာများ (RIAs) သည် web 2.0 လုပ်ငန်းများ ဖြစ်ပြီး desktop လုပ်ငန်းများကဲ့သို့ ထူးခြားသော ဝိသေသများစွာ ပါရှိ၍ ထုံးစံအတိုင်း browser တစ်ခုမှ ပို့ဆောင်သည်။

Hyper Media များ၏ hyper ဖြန့်ဝေမှု ပြင်ဆင်ရန်

XML နှင့် RSS

Site ပါဝင်မှုများကို စုစည်းခြင်းသည် web 2.0 ၏ ဝိသေသဟု မှတ်ယူကြသည်။ စုစည်း ပေါင်းစပ်ခြင်းတွင် အသုံးပြုသူများအနေနှင့် ဆိုဒ်၏သတင်းအချက်အလက်များကို အခြားသော အခြေအနေတွင် (အခြားသော website၊ browser တွင် အသစ်ထပ်ထည့်မှု၊ သို့မ ဟုတ် အခြားသော သီးခြား desktop လုပ်ငန်းဆောင်တာ) တို့တွင်သုံးစွဲနိုင်စေရန် စံနမူနာ protocol များကို အသုံးပြုသည်။

စုစည်းပေါင်းစပ်ခြင်းကို ခွင့်ပြုသော protocol များဖြစ် သည့် RSS (အမှန်တကယ် ရိုးရှင်းသော ပေါင်းစပ်မှု၊ web ပေါင်းစည်းမှု ဟုလည်းသိရ) RDF (RSS 1.1 ကဲ့သို့) နှင့် Atom တို့ အား လုံးသည် XML အခြေပြု ပုံစံများဖြစ်သည်။ လေ့လာသူများက ၎င်းတို့ကို web တုံ့ပြန်မှု ဟုလည်း ညွှန်းဆိုကြသည်။ အထူးပြုထားသော protocol ဖြစ်သည့် FOAF နှင့် XFN (နှစ်ခုလုံးမှာ လူမှုဆက်သွယ်ရေးကွန်ရက် အတွက်( တို့တွင် website ကို ဗဟို ပြု စရာမလိုပဲ ဆိုဒ်၏ လုပ်ဆောင်ချက်များကို သုံးစွဲနိုင် အသုံးပြုသူအချင်းချင်း တုံ့ပြန် ဆောင် ရွက်နိုင်သည်။

Web APIများ ပြင်ဆင်ရန်

Web 2.0 သည် စက်အသုံးချမှုတုံပြန်မှုဖြစ်သော REST နှင့် SOAP တို့ကို မကြာခဏ သုံးလေ့ရှိသည်။ server တို့မှာ ၎င်းတို့ပိုင်ဆိုင်သော APIs (လုပ်ငန်း သုံး program ရေးသားခြင်း ကြားခံစနစ်) တို့ကို မကြာခဏ ဖော်ထုတ်သော်လည်း စံပြု API (ဥပမာ- blog သို့ရေးသားပေးပို့ခြင်း သို့မဟုတ် blog သတင်းအသစ်များကို သတိပေးခြင်း) တို့ကို အသုံးပြုလာရသည်။ ဆက်သွယ်မှုအများစုမှာ API မှ ဆက်သွယ် ရပြီး XML သို့မဟုတ် JSON ဝန်ဆောင်ခြင်းတို့ ပါဝင်သည်။

REST APIs သည် ၎င်းတို့ ကိုယ်တိုင်ဖော်ပြသော သတင်းစကားတို့ နှင့် မီဒီယာအမျိုးစုံအား လုပ်ငန်းသုံး program အခြေအနေ၏ မောင်းနှင်အားအဖြစ် သုံးစွဲခြင်းဖြင့် URI တွင် တစ်ခါဝင်ရောက်သည်နှင့် မိမိကိုယ်ကို ဖော်ပြခြင်း ဖြစ်စေသည်။ Web ဝန်ဆောင်မှုဖော်ပြချက် ဘာသာစကား WSDL သည် SOAP API ထုတ်လုပ်ရေးအတွက် ပုံစံပြုနည်းလမ်း ဖြစ်ပြီး web ဝန်ဆောင်မှု အထူးပြုချက်များကျယ်ပြန့်စွာ ပါဝင်သည်။ Open Mashup Alliance ပွင့်လင်း သော မျိုးစပ် web လုပ်ငန်းဆောင်တာများ ပူးပေါင်းခြင်း၏ EMML သည် ပူးပေါင်းမှု စီမံကိန်း ကိုဖော်ဆောင်ရန် ပေါင်းထည့်ထားသော XML ဘာသာစကားတစ်ခု ဖြစ်သည်။

ဝေဖန်ချက်များ ပြင်ဆင်ရန်

"Web 2.0 " မှာ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် ပုံစံ အသစ်အဖြစ် ကိုယ်စားပြုခြင်း မဟုတ် ကြောင်း သို့သော်လည်း web 1.0 ၏ နည်းပညာနှင့် အတွေးအခေါ်တို့ကို ဆက်လက် အ သုံးပြုနေမည်ဖြစ်ကြောင်း ဝေဖန်ကြသည်။ ဦးစွာ Ajax ကဲ့သို့သော နည်းလမ်း များသည် HTTP ကဲ့သို့သော ရှိနှင့်ပြီး protocol များကို ပြောင်းလဲ အစားထိုးမည် မဟုတ်သော်လည်း ၎င်းတို့အပေါ်တွင် စိတ်ကူးအလွှာတစ်ခု ထပ်ပေါင်းထည့်မည် ဖြစ်ကြောင်း ဆိုသည်။ ဒုတိယ အနေနှင့် " web 2.0 " ၏ အတွေးအခေါ်များမှာ web 2.0 မပေါ် ခင် ကတည်းကပင် ကွန်ရက်စနစ်များ သုံးစွဲခြင်းတွင် ဖော်ပြပြီး ဖြစ်သည်။ ဥပမာ အားဖြင့် Amazon.com မှာ အသုံးပြုသူများအား ပြန်လည်သုံးသပ်ချက် နှင့် သုံးစွဲသူလမ်းညွှန် တို့ကို ၎င်းစတင်တည်ထောင်သည့် ၁၉၉၅ ကတည်းကပင် ကိုယ်တိုင် ရေးသားထုတ်ဝေခြင်းပုံစံနှင့် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ၂၀၀၂ တွင် Amazon သည် သူ၏ API ကိုလည်း ပြင်ပမှ ရေးသား သူများ အတွက် ဖွင့်ပေးခဲ့သည်။ ရှေးဦး ရေးသားသူများမှာ ကွန်ပျူတာ အထောက်အကူ ပြု ပူးတွဲဆောင်ရွက်သင်ယူခြင်း နှင့် ကွန်ပျူတာ အထောက်အကူပြု ပူးပေါင်းလုပ်ငန်းစဉ် သုတေ သန နှင့် Lotus Notes နှင့် Lotus Domino ကဲ့သို့သော web 2.0 ထက် ရှေး ရောက်သည့် ထုတ်လုပ်မှုများမှ လာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဖြစ်နိုင်ချေရှိသော ယေဘူယျအကျဆုံး ဝေဖန်ချက်မှာ ၎င်းသည် ရှင်းလင်း ပြတ်သားမှု မရှိသော သို့မဟုတ် စကားထူးစကားဆန်း သက်သက်သာ ဖြစ်နေခြင်း ဖြစ်သည်။ ဥပမာ- ထုတ်လွှင့်သောအင်တာဗျူးတစ်ခုတွင်၊Tim Berners-Lee မှဖော်ပြထားသည်မှာ " web 2.0 " ဆိုသည်မှာ အထူးအဆန်း စကား အစအနတစ်ခု ဖြစ် သည်ဟု ဆိုသည်- " ဘယ်သူမှ ဘာကိုရည်ရွယ်တယ်ဆိုတာမသိပါဘူး... အကယ်၍ ခင်ဗျားအတွက် web 2.0 ဆိုတာ blog နဲ့ wiki ဖြစ်နေမယ်ဆိုရင် ဒါဟာ လူအများကြားဆက်သွယ်မှုပဲပေါ့၊ ဒါပေမယ့်လည်း ဒါဟာ web တစ်ခု ပြုလုပ်နေရမယ့် အရာတွေပါပဲ" ဟူ၍ ဖြစ်သည်။

အခြားသော ဝေဖန်ချက်များမှာ web 2.0 ဆိုသည်မှာ " ဒုတိယ ဆပ်ပြာပူဖောင်းလေး " တစ်ခုဖြစ်ကြောင်း (၁၉၉၅-၂၀၀၁ ခန့်က Dot.com ပူဖောင်း သို့ ရည်ညွှန်း) ဆို၍ web 2.0 ကုမ္ပဏီများစွာမှာ စီးပွားရေးပုံစံမရှိပဲနှင့် တူညီသောထုတ်ကုန်တစ်မျိုးကို တည်ဆောက် ရန် ကြိုးပမ်းနေကြသည် ဆိုသည်။ ဥပမာ- ၂၀၀၀ ခုနှစ်လယ်မှ အဆုံးအထိ စီးပွားရေးပညာရှင် တို့က web ကုမ္ပဏီများ၏ " ဆပ်ပြာပူဖောင်း2.0 " ကို အထူးပြုခေါ်ဆိုနေကြသည်။

စွန့်စားရဲသောလုပ်ငန်းရှင် Josh Kopelman မှ web 2.0 သည် ၅၃,၆၅၁ ယောက်သော လူအများကိုသာ ( ယင်းအချိန်တွင် web 2.0 စတင်မှုများနှင့် နည်းပညာသတင်းတို့ဖြင့် ဖြည့်စည်းထားသော weblog TechCrunch သို့ ဝယ်ယူသုံးစွဲနေသော လူအရေအတွက် ) စိတ်လှုပ်ရှားစေခဲ့ကြောင်း သတိပြု မိသည်။ ယင်းမှာ သုံးစွဲရန်လုပ်ငန်းဝန်ဆောင်မှုများအတွက် စီးပွားရေး ဦးတည် ပစ်မှတ် အ ဖြစ်ထားရန် အလွန်နည်းပါးသော အရေအတွက်ဖြစ်သည်။ Bruce Sterling မှ သူသည် web 2.0 ၏ပရိသတ်ဖြစ်ကြောင်း ဆိုသော်လည်း ၎င်းမှာ ယခုအခါတွင် သက် ဝင်လှုပ်ရှားမှုမရှိသော ရိုင်းပင်းကူညီမှုအယူအဆ တစ်ခုသာဖြစ်ကြောင်း တွေးထင်သည် ဟူ၍ ဖြစ်သည်။ ဝေဖန်မှုများမှာ web 2.0 ၏ အလွန်အမင်း ကျော်ကြားနေသော ဘာသာစကားများ ဖြစ်သည့် လက်တွေ့မဆန်စွာ ပြည့်စုံလွန်းမှု ဟူသည့် လေလုံးများကိုလည်း ရည်ညွှန်းကြ သည်။

Web 2.0 ၏ လူမှုရေး အကျိုးသက်ရောက်မှုများ အနေနှင့် Andrew Keen (အန်ဒရူး ကင်း) ကဲ့သို့သော ဝေဖန်ရေးဆရာ မှ web 2.0 သည် digital ဝါဒ ကိုးကွယ်မှု တစ် ခုဖြစ်ပြီး မကျွမ်းကျင်မှုတစ်ခုလည်းဖြစ်သည်၊ ၎င်းမှ မည်သူ့ကိုမဆို မည်သည့်နေရာ တွင်မဆို မျှဝေရန်နှင့် မည်သည့်ဘာသာရပ်မဆိုတွင် ထားသောသူတို့ကိုယ်ပိုင် အတွေးအခေါ် များအ ပေါ် သူတို့၏ ထူးခြားသော အရည်အချင်း၊အသိပညာ၊ မည်သူမည်ဝါဖြစ်ကြောင်း အထောက် အထား၊ စိတ်ယိမ်းယိုင်မှု သို့မဟုတ် ဖုံးကွယ်ထားသည့်ရည်ရွယ်ချက်များရှိနိုင်ချေ တို့ကို လျစ် လျူရှုလျက်ကိုယ်နှစ်သက်ရာကို ပြောဆိုစေ၊အလွန်အမင်း တန်ဖိုးတက်စေရန် ခွင့်ပြုခြင်း တို့ ကြောင့် ကျွမ်းကျင်တတ်မြောက်မှု အယူအဆတို့ကို အားအင် လျော့နည်းလာစေ လိမ့်မည်။

၂၀၀၇ ခုနှစ်ကKeenထုတ်ဝေသောမကျွမ်းကျင်သူတို့၏ကိုးကွယ်မှုစာအုပ်တွင် web 2.0 ၏အဓိကယူဆချက်ဖြစ်သောအားလုံးသောအယူအဆများနှင့်အသုံးပြုသူတို့မှထုတ်လုပ်သောပါဝင် ဝန်ဆောင်မှုများသည် သာတူညီမျှစွာ တန်ဖိုးရှိ၍ ထိုက် သင့်လျော် ကန်မှုရှိသည် ဟူသည်မှာ လွဲမှားသောဆုံးဖြတ်ချက်ဖြစ်သည် ဟုဆိုသည်။ ထပ်ပေါင်းပြော ဆိုရလျင် Sunday Times ၏ဝေဖန်ရေးဆရာ John Flintoff က web 2.0 ကို သတ်မှတ်သည်မှာ "သာမန် အဆုံးမဲ့ သော digital သစ်တောကြီးကို ဖန်တီးခြင်းဖြစ်ပြီး ကြားဖူးနားဝမရှိသော နိုင်ငံရေး အစီရင်ခံချက်များ၊ အမြင် မတော်သော အိမ်တွင်း ဗီဒီယိုများ၊ ကသိကအောက်ဖြစ်စေသော ကျွမ်းကျင်မှုမရှိသည့် ဂီတ လက်ရာများ၊ ဖတ်ချင့်စဖွယ်မကောင်းသော ကဗျာ၊ စာတမ်း နှင့် ဝတ္ထုများ ပါဝင်ပေမည်၊ " ထို့ ပြင် ဆက်လက်ဖော်ပြသည်မှာ Wikipedia ဟူသည် အမှားများ အပြည့်နှင့် တဝက်အမှန် အကန် တဝက်နားမလည်မှုလွဲခြင်းတို့သာဖြစ်သည် ဟုဆိုသည်။

ကိုယ်ပိုင်သင်္ကေတ ၂၀၀၄ နိုဝင်ဘာတွင်၊ CMP media မှ ဝန်ဆောင်မှုအဆင့်အတွက် USPTO ကို လက်တွေ့အသုံးချ၍ " web 2.0 " ကို တိုက်ရိုက်လွှင့်ထုတ်မှုများတွင် အသုံးပြုခဲ့သည်။[46] ထိုလုပ်ငန်းကို အခြေပြု၍ CMP media မှ Irish စေတနာ့အဖွဲ့အစည်း IT@Cork သို့ ၂၀၀၆ မေ ၂၄ တွင် ရပ်စဲရှောင်ကြဉ် ရန် တောင်းဆိုမှုကို ပေးပို့ခဲ့သည်။[47] သို့သော်လည်း နောက်နှစ်ရက်အကြာတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။[48] ၂၀၀၆ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် " web 2.0 " သည် ဝန်ဆောင်မှုအဆင့်မှတ်ပုံတင်သည့် နောက်ဆုံးအဆင့် PTO စစ် ဆေးသည့် ရှေ့နေ ကြည့်ရှုစစ်ဆေးမှုကို အောင်မြင်ခဲ့သည်။[46] ဥရောပ အင်အားစု လျှောက် လွှာ (လျှောက်လွှာအမှတ် ၀၀၄၉၇၂၂၁၂၊ အိုင်ယာလန်တွင် ပြတ်သားမှု ရှိသည်ဟူသော ဂုဏ်နှင့် ပြည့်စုံသည့်အဆင့်) မှာမူ ၂၀၀၇ခုနှစ် မေ ၂၃ တွင် ငြင်းဆို ခံခဲ့ရသည်။

ဝက်ဘ်၃.၀ (web 3.0) ပြင်ဆင်ရန်

ဝေါဟာရ အဓိပ္ပာယ် ရင်းမြစ်နှင့် ဆိုင်သော web

Web 3.0 ၏ သတ်မှတ်ချက်တို့မှာ အလွန်ကြီးမားကျယ်ပြန့်လှသည်။ Amit Agrawal မှဆိုသည်မှာ web 3.0 သည် အခြားအရာများထက် ဝေါဟာရ ရင်းမြစ် နှင့်ဆိုင်သော web နှင့် ကိုယ်ရေးကိုယ်တာပြုလုပ်ခြင်း အကြောင်းပင် ဖြစ်သည် ဟူ၏။ ကွန်ပျူတာ အခြေခံသဘောတရားများကို အချက်အချာပြုခြင်းဖြင့် web 3.0 ဟူသည် " လူ များအစား ကွန်ပျူတာမှ သတင်းအချက်အလက် အသစ်များကို ထုတ်လုပ်ပေးခြင်း ဖြစ်သည် " ဟု Conrad Wolfram ကဆိုသည်။

မကျွမ်းကျင်သူတို့၏ ကိုးကွယ်မှု ကို ရေးသားသူ Andrew Keen မှ ဝေါဟာရ ရင်းမြစ်နှင့်ဆိုင်သော web ဆိုသည်မှာ " နားလည်နိုင်စွမ်းမရှိသော စိတ်ကူးစိတ်သန်း " တစ်ခုသာဖြစ်သည် ဟုဆိုပြီး၊ web 3.0 သည် web သို့ ကျွမ်းကျင်သူများနှင့် အာဏာ ပိုင်တို့ ပြန်လာခြင်းဟု မြင်သည်။ ဥပမာ - စွယ်စုံကြမ်း၏ တည်းဖြတ်ထုတ်ဝေမှု ပုံစံကို ထုတ် လုပ်ရန် ဂျာမန် wiki pedia နှင့် Bertelsman တို့ဆက်ဆံမှုပြုသည်ကို ထောက်ပြခဲ့သည်။ CNN Money Jessi Hempel မှ အသစ်ဆန်းသစ်တီထွင်မှု ဖြစ်သော web 2.0 ဝန်ဆောင်မှုများနှင့် အကျိုးအမြတ်ဖြစ် ထွန်းနိုင်သော စီးပွားရေးပုံစံအဖြစ် web 3.0 အား ပေါ်ထွက်လာစေရန်မျှော်မှန်းသည်။ အချို့မှာ အဖွဲ့အစည်း၏ဗျူဟာမှူး Manoj Sharma ကဲ့သို့ပင် ဘဝ တစ်သက် တာလုံး အင်တာနက်ပေါ်တွင် ရပ်တည်သုံးစွဲနေမှု၏ အတွေ့အကြုံတို့အရ ဆန်းသစ် ရဲရင့်မှု ကမ္ဘာဖြစ်သော web 3.0 ဟူသည့် စကားလုံးများဖြင့် web 3.0 ဆိုသည်ကို "လုံးဝ ဘက်ဆုံပေါင်းစည်းထားသောကမ္ဘာတစ်ခု" အဖြစ်တောင်းဆိုကြဆဲ ဖြစ်သည်။

အနာဂတ်ကိုရှုမြင်သူ Metaverse လမ်းညွှန်မြေပုံကိုဦးဆောင်ရေးသားသူ John Smart မှလည်း Sharma ၏ရှုထောင့်ကို သံယောင်လိုက်၍ ပထမမျိုးဆက် Metaverse (ပုံရိပ်ယောင်နှင့်ရုပ်ဝတ္ထုကမ္ဘာတို့၏စုစုံမှု) အဖြစ် web 3.0 ကို သတ်မှတ်ခေါ်ဝေါ်သည်။ Metaverse ဆိုသည်မှာ web ကို ပြုပြင်တိုးတက် ရေးသားထားသော- ရုပ်မြင်သံကြား အ ရည်အသွေးနှင့် ဗီဒီယို၊ သုံးဘက်မြင်ရုပ်ကြွဖော်ဆောင်မှုများ၊ ပိုမိုလက်တွေ့ဆန်လာမှုများ၊ လူသားတို့တည်ဆောက်ထားသော ဝေါဟာရရင်းမြစ် စံနှုန်းများ၊ နှင့် နေရာတကာ သက် ရောက်နိုင်သော မြန်နှုန်းမြင့်အင်တာနက် သုံးစွဲနိုင်မှု၊ ကြိုးမဲ့နှင့် ဖမ်းယူမှုများ တို့ပါဝင်သည်။

Web 3.0 ၏ အစောပိုင်း geosocial (စတုရန်းပုံ) နှင့် လက်တွေ့ပိုမိုဆန်လာမှု (အလွှာ စသည်) တို့မှာ web 2.0 တွင်ပါဝင်ပြီးသား နည်းပညာနှင့် လူမှုဆက်သွယ်ရေးကွန်ရက် (facebook၊ စသည်) တို့ကို သုံးဘက်မြင်ရုပ်ကြွဆီသို့ တိုးချဲ့ပေါင်းထည့်ခြင်းပင်ဖြစ်သည်။ Metaverse ကဲ့သို့သော လုပ်ဆောင်မှုများအနက် Smart မှ web 3.0 ၏ အထင် ရှားဆုံး ဝိသေသမှာ NTSC သို့မဟုတ် ပိုမိုကောင်းမွန်သော ဗွီဒီယိုများ ဖွင့်ယူကြည့် ရှုခြင်း တို့မှ ရုပ်မြင်သံကြား၊ Laptop၊ tablets ကွန်ပျူတာငယ် နှင့် လက်ကိုင်ဖုန်း များစီသို့ အကြီးအကျယ်ပြောင်းလဲ ပေါင်းကူးခြင်းဖြစ်ပြီး ၎င်းအချိန်ကို " အင်တာနက် မှ ရုပ်မြင် သံကြား အားဝါးမြိုချန်" ဟုလည်းတင်စားပါသည်။

Smart မှ ဆက်လက်၍ web 4.0 ကို ဝေါဟာရရင်းမြစ်နှင့်သက်ဆိုင်သော web အဖြစ် သီးခြားရှိစေလိုပြီး၊ စကား ပြောဆိုခင်းကျင်းမှုတို့ အကျယ်တဝင့်အသုံးပြုထိန်းချုပ်ထားသည့် ၂၀၂၀တွင်ဖြစ်ကောင်းဖြစ်နိုင်သည့်နည်းလမ်းကျလှသော၊စက်မှ ပြုလုပ်တည်ဆောက်ထားသော ဝေါဟာရရင်းမြစ် အမည်သညာပြုမှုများနှင့် တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းဆောင်ရွက်ရသော software များ၊ ပေါ်ပေါက်လာစေရန် စဉ်းစားမှုပြုသည်။David Siegel ၏ ရှုထောင့် ဖြစ် သည့် ၂၀၀၉ မှ စွဲအား- ဝေါဟာရရင်းမြစ်ဆိုင်ရာ web ၏စွမ်းပကား သည်လည်း ထို လူတို့ တည်ဆောက်ထားသော ဝေါဟာရရင်းမြစ်ပြုစံနှုန်းများ နှင့် သတင်းအချက်အလက်များသည် နှေးကွေ၍၊ နှစ်ရှည်အတွင်း တိုးတက်လာမှုမှာလည်း စက်မှုလုပ်ငန်းများနှင့်သက်ဆိုင်နေခြင်း ၂၀၂၀ အပြီးမတိုင်မီ လူအများသုံးစွဲမှုကျယ်ပြန့်လာခြင်း မရှိနိင်မှုတို့နှင့် များစွာ လိုက်လျော ညီထွေဖြစ်နေပါသည်။

ရည်ညွှန်းကိုးကား ပြင်ဆင်ရန်