ဝက်သားပုန်းရည်ကြီးချက် သည် ဝက်သားကို ပုန်းရည်ကြီးဖြင့် တွဲဖက်ချက်ပြုတ်ထားသော ဟင်းလျာတစ်ခု ဖြစ်သည်။

ပါဝင်ပစ္စည်းများ ပြင်ဆင်ရန်

  • ဝက်သား
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ချင်း
  • ငရုတ်သီးစိမ်း
  • ပဲငံပြာရည်( အနောက် )
  • ဆား
  • ကြက်သားမှုန့်
  • သကြား
  • ပုန်းရည်ကြီး

ချက်ပြုတ်ခြင်း ပြင်ဆင်ရန်

ဝက်သားကို ( ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်၊ သကြား ) တို့ဖြင့် သမအောင် ရောကာ ရေခဲသေတ္တာအောက်ထပ်တွင် ၂ နာရီခန့် နှပ်ထားသည်။ အိုးတစ်အိုးထဲတွင် ရေကို ဝက်သား ၃ထပ်သားမြှုပ်သည်အထိထည့်ပြီး မီးပြင်းပြင်းဖြင့် ဝက်သားနူးသည်အထိ ၃ ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်သည်။ ဝက်သား နူးအိလာပြီး ရေခန်းလျှင် ဝက်သားကို အနေတော် အတုံးလေးများ တုံးပေးသည်။ ထို့နောက် ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးစိမ်း တို့ကို ဆီသတ်သည်။ ဝက်သားများ၊ ပုန်းရည်ကြီး၊ ရေ တို့ကို ထည့်ပြီး သမအောင် ရောမွှေပြီးနောက် ဆားထည့်ပြီး သမအောင် ရောမွှေကာ ဆီပြန်သည်အထိ ချက်ပြုတ်သည်။


ကိုးကား ပြင်ဆင်ရန်