ဝက်အူချောင်း
ဝက်အူချောင်းသည် ဝက်သား အဆီနှင့်အသားကို နုတ်နုတ်စင်း၍ ယမ်းစိမ်းထည့်ကာ ဆိတ်အူအရေပါးထဲသို့ ကတော့နှင့် သွတ်သွင်းပြီး လိုသလို ချည်နှောင်ထားသော အသားချောင်းကို ခေါ်သည်။ ယမ်းစိမ်း ထည့်ရခြင်းမှာ ဝက်သား ပိုမိုအထားခံရန် ဖြစ်သည်။ လုပ်ပြီးသား ဝက်အူချောင်းကို ကြိုးတန်းပေါ်တင်၍ နေလှန်းရသည်။ သို့မှသာ ဝက်သားမှ ပါသောအဆီများ ထွက်လာပေမည်။ ဝက်သားတင်သာမက ကြက်သားကို ပြုလုပ်လျှင်လည်း ကြက်အူချောင်းရသည်။
ဤ အစားအစာနှင့် ဆက်စပ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |