ရွှေနန်းတော်ပတ်လည်၌ သစ်လုံးများဖြင့် ကာရံထားသော သစ်တပ်ဝင်းကြီးရှိရာ ၎င်းဝင်းကြီးကို စောင့်ကြပ်ရသည့် ကောင်ဟန်အစုသားများအား အုပ်ချုပ်ကွပ်ကဲရသူမှာ ဝင်းကောင်ဟန်ဝန်ပင် ဖြစ်သည်။

ကုန်ဘောင်ခေတ်ဦး ကာလ ပြင်ဆင်ရန်

ဝင်းကောင်းဟန်ဝန် ရာထူးကို ကုန်ဘောင်ခေတ်ဦး ကာလကပင် စတင်တွေ့ရှိခဲ့ရ၏။ မြေဒူးမင်း (ဆင်ဖြူရှင်) (၁၇၆၃-၁၇⁠၇၆) လက်ထက်ခန့်အပ် ခံခဲ့ရသူ ဝင်းကောင်ဟန်ဝန်မှာ ပျံချီသီရိကျော်ထင် ဖြစ်သည်။ သူသည် စတုတ္ထအကြိမ်မြောက် ဖြစ်ပွားသော တရုတ် မြန်မာ စစ်ပွဲ၌ ပါဝင်စစ်မှုထမ်းရွက်ခဲ့သူ ဖြစ်သည်။ ၁၇၆၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်တပ်များနှင့် ငြိမ်းချမ်းရေးကိစ်စ ဆွေးနွေးသောအခါ ဝင်းကောင်ဟန်ဝန် ပျံချီသီရိကျော်ထင်လည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရသည်။ ယင်းအခမ်းအနားသို့ တပ်ကောင်းဟန်ဝန်နှင့် ယွန်းစုကောင်ဟန်ဝန်များလည်း အစုံအညီ တက်ရောက်ခဲ့ကြ၏။

ဗဒုံမင်းလက်ထက် ပြင်ဆင်ရန်

ဗဒုံမင်း (ဘိုးတော်ဘုရား) နန်းတက်လာပြီးနောက် ဝင်းကောင်ဟန်ဝန်အဖြစ် ရွှေတောင်သီဟအား ခန့်အပ်ခဲ့သည်။ ဝင်းကောင်ဟန်ဝန် ရွှေတောင်သီဟသည် ၁၈၀၆ ခုနှစ်တွင် ကျင်းပသည့် ဆင်ဖြူတော်သိမ်း အခမ်းအနားသို့ တက်ရောက်ခဲ့သူ ဖြစ်၏။ ယင်းနောက်ပိုင်းတွင် ဝင်းကောင်ဟန်ဝန်အဖြစ် ဆက်လက် ခန့်အပ်ခဲ့ခြင်း ရှိမရှိကိုမူ မသိရပေ။ ရွှေတောင်သီဟ၏ ရာထူးကို ဆက်ခံခဲ့သူမှာ ဝင်းကောင်ဟန်ဝန် မဟာမင်းလှကျော်သူ ဖြစ်သည် ထင်ပါသည်။ စစ်ကိုင်းမင်းလက်ထက် ၁၈၂၄ ခုနှစ်တွင် အမှုထမ်းဟောင်းများအား အဆောင်အရွက် အစီးအနင်းများ ပေးအပ်သောအခါ ဝင်းကောင်ဟန်ဟောင်း မဟာမင်းလှကျော်သူအား ရွှေစလွယ် ၉ သွယ် အပါအဝင် အခြား အဆင်တန်ဆာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း တွေ့ရှိရ၏။

စစ်ကိုင်းမင်းလက်ထက် ပြင်ဆင်ရန်

စစ်ကိုင်းမင်း (ဘကြီးတော်) (၁၈၁၉-၁၈၃၇) နန်းတက်စ ၁၈၁၉ ခုနှစ်တွင် ပျံချီရဲခေါင်အား ဝင်းကောင်ဟန်ဝန်ရာထူး ခန့်အပ်ခဲ့သည်။ သို့သော် စစ်ကိုင်းမင်း လက်ထက် နောက်ပိုင်းတွင် ဝင်းဟောင်ဟန်ရာထူးကို ဆက်လက်ခန့်အပ်တော့ခြင်း မရှိဘဲ ကောင်ဟန်ဝန် ဖြစ်သူကသာ ဆက်လက် အုပ်ချုပ်ကွပ်ကဲရဟန်တူ၏။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉